Friday, May 31, 2013

ကိုယ်တော်နှင့် သာနီးစေပါ။


သခင်......
ကျွန်ုပ်၏ မျက်လုံး
မျက်စိတဆုံးသာ မြင်ရ်ျ ထိုထက်မပို..။

သခင် တခြားတဖက်မှာ
ကျွန်ုပ် မမြင်နိုင်သော
သခင်ရဲ့ ကောင်းမြတ်ခြင်းအတွက်
ယုံကြည်ခြင်းကို ပေးသနားတော်မူပါ။

သခင်
ကျွန်ုပ်၏ လက်
လက္တဆုပ္သာ ဆုပ္ရ် ထိုထက္မပို..။

သခင် တခြားတဖက်မှာ
ကျွန်ုပ် လက်ဖြင့် မဆုပ်ကိုင်နိုင်သော
သခင့် ကျေးဇူးတော်အတွက်
မျှော်လင့်ခြင်းကို ပေးသနားတော်မူပါ။

သခင်
ကျွန်ုပ်၏ ခြေထောက်
လှမ်းလျောက်နိုင် သလောက် ထိုထက်မပို..။

သခင် တခြားတဖက်မှာ
ကျွန်ုပ် မလျောက်လှမ်းနိုင် သော
သခင့် ကားတိုင်းလမ်းအတွက်
ဝိညဉ် ခွန်အား ပေးသနားတော်မူပါ...။

ကိုယ်တော်နှင့် သာနီးစေပါ သခင်..။

ဒီးဒိုး။၃၁၊၀၅၊၂၀၁၃။၀၀၀၃ နာရီ။

No comments:

Post a Comment