Monday, February 22, 2010

သူမ ကို ချစ်ပါ သည်။

ကျွန်တော် ဟာ အရမ်းလှတဲ့ မိန်းကလေး၊ခေတ်ဆန်သော မိန်းကလေး တွေကို နှစ်သက်တယ် ကြိုက်တယ်။ ဒါပေမယ့် သူမ ဟာ မလှပါ၊ခေတ်လဲ မဆန်ပါသော်လဲ သူမအား လက်ထပ်ရန် ဘ၀တစ်ခု အတွက် လက်တွဲလျှောက်ရန် ရွေးချယ်ပါသည်။ ကျွန်တော် တွင် သာမန် မိန်းကလေး တစ်ယောက် အနေဖြင့် လက်ထပ်ရန် မဖြစ်နိုင်သော အားနည်းချက် ရှိသော်လည်း သူမသည် ကျွန်တော်အား လက်ထပ်ပါမည် ဟု ဂတိပေးပါသည်။ ကျွန်တော် အား လက်ထပ်ခွင့် ပေးသော သူမအား ကျွန်တော် လွန်စွာ လေးစား ချစ်ခင် မြတ်နိုး ရပါသည်။
သူမ ကို လက်ထပ်ရန်သာ ရည်ရွယ်သဖြင့် သူမ၏ အထိ၊အတွေ့  ကို အတတ်နိုင် ဆုံး ရှောင်ပါသည်။ ထိုသို့ ရှောင်ကြဉ် ရခြင်းမှာလည်း သူမကို မချစ်၍ မဟုတ်ရပါဘဲ မိမိ ကိုယ်ကို မိမိ ယုံကြည်မှု မရှိ၍ ခြင်း၊အထိအတွေ.ကို မရှောင်နိုင်ခြင်း နှင့် ၄င်းတို့ ၏ အကျိုးဆက်ကို သိနေ၍ လဲ ဖြစ်ပါသည်။ ထို့ ထက်ပို၍ သူမကို ကျွန်တော်၏ မျိုးဆက်ကို ပြန့််ပွား ပေးမည့်သူ၊ကျွန်တော် အပေါ် နားလည်မှု အရှိဆုံး သူအဖြစ်လည်းကောင်း၊ကျွန်တော်၏ မိတ်ဆွေ အဖြစ် လက်မထပ်ခင် ချိန်ထိ ဖြူစင်စွာ လေးစား မြတ်နိုးချင်၍ သာဖြစ်ပါသည်။ ဤသည်မှာ ကျွန်တော်၏ မှန်ကန် လိုက်နာခဲ့သော ကျွန်တော်၏ စည်းသာ ဖြစ်ပါသည်။
ကျွန်တော် သည်လဲ ယောက်ကျား ထဲမှ ယောက်ကျားတစ်ယောက် ဖြစ်သည် သာမက အတွေ့ ကို မလွန်ဆန် နိုင်သော သူတယောက်သာ ဖြစ်ပါသည်။ ချစ်သူတို့ သဘာဝ ကြင်နာ ယုယ ခြင်းများ မပေးနိုင်ခြင်းမှာ ကျွန်တော်၏ အားနည်းချက် သာဖြစ်၍ သူမ ကို မချစ်၍ မဟုတ်ရ ပါ။
ချစ်သူတို့ ရှိတတ်သော နေရာများတွင် ကျွန်တော်တို့ ရှိခဲ့ဘူးပါသည်။ကျွန်တော် သည် လူမြင်ကွင်းကို သာရွေးချယ် ခဲ့ပါသည်။ ကျွန်တော် သူမိကို မချစ်၍ ကြင်နာ ခြင်းများ မပေ ချင်၍ မဟုတ်ရပါ ဘဲ မိမိ ကိုယ် မိမိ ယုံကြည်မှု မရှိ၍ သာ ဖြစ်ပါသည်။ ထိုအချိန် ခါ မျိုးတွင် ယောက်ကျားတစ်ယောက်၏ ခံစားချက်၊ သူမအပေါ် တန်ဖိုးထားခြင်းများသည် အမှန်တကယ် လက်ထပ်ရန် ရည်ရွယ်၍ ချစ်ကြသော ယောက်ကျားသားတိုင်း နားလည်နိုင်မည် ဟုမျှော်လင့်ပါ သည်။
မှတ်မိပါသေးသည် ကန်ဘောင်တွင် ထိုင်ရန် သူမ ပြောသော အခါ ချစ်သူတို့ ထိုင်ကြသော ထိုင်ခုံထက် အကြော်ဆိုင် ကို ရွေးချယ်ပါသည်။သူမ သည် သူမကို မချစ်၍ ဟု စောဒက တက်ပါသည်။ အမှန် မှာ ကျွန်တော်သည် မဆုံးနိုင်သော ပူပန် မှု တို့ မလောင်ကျွမ်းချင်သော ကြောင့် သာဖြစ်ပါသည်။ထို့ထက် ပို၍ လက်မထပ်ဖြစ်ခဲ့သော် သူမအား ထိုပူလောင်မှု ထဲတွင် မခံစားစေချင်သော ဆန္ဒ သာဖြစ်ပါသည်။
ရုပ်ရှင်တူကြည့်ခဲ့စဉ်ခါ သူမ ၏ အထိအတွေ့ မခံစား ရ အောင် စောင့်ထိန်းခဲ့ပါသည်။အများ အတွဲ တွေလို ကျွန်တော် လည်း ကြင်နာ ယုယချင်ပါသည်။ သို့သော် ကျွန်တော် သူမအပေါ် စောင့်ထိန်းခဲ့ရ သော ထိုနှစ်နာ ရီသော အချိန်သည် ကျွန်တော် အတွက် နှစ် နှစ်ရာ မျှကြာသည် ဟုထင်ပါသည်။ ကျွန်တော် သည်လည်း အခွင့်အရေး လေးလိုချင်ပါသည် သို့သော် ထိုအခွင့်အရေး ထက် သူမ ကို လေးစားမြတ်နိုးသော စိတ်က ပိုပါသည်။ သူမနှင့်နားလည် မှုလွဲကာ လက်ထပ်မည့် အရေး ပျက်ပြား မည်ကို လွန်စွာ စိုးရိမ် မိသောကြောင့်သာ ဖြစ်ပါသည်။
နောက်ပိုင်းတွင် သူမသည် သူမ၏ ချစ်သူဟောင်း နှင့် ဆက်ဆံ မှုရှိလာပါသည်။ ကျွန်တော် မေးသောအခါတွင် သူငယ်ချင်း အခြင်းခြင်း ကူညီခြင်း ဖြစ်ကြောင်း ဖြေပါသည်။ သူမ၏` ချစ်သူဟောင်းကို သူမ၏ အိမ်တွင် ခဏခဏ တွေ့လာရပါသည်။ ကျွန်တော်၏ ခံစားချက်ကို ဖွင့်မပြောခဲ့ပါ။ ကျွန်တော် လက်ထပ်ရန် ရည်ရွယ်သော သူမ၏ သဘောထား သေးသိမ် ရန်ကောဆိုသော အနေအထားကို မလိုချင်၍ ဖြစ်ပါသည်။ကျွန်တော်၏ ရင်၌ ဖြစ်သော မီးတောက်များ ကို မျိုချကာသာ ထားခဲ့ပါသည်။ တနေ့ သူမနှင့် သူမ၏ သူငယ်ချင်း ဆိုသော သူ(သူမ၏ ချစ်သူဟောင်း) အား ပန်းခြံ တစ်ခု၏ ရှေ့ တွင် တွေ့ခဲ့ရပါသည်။ မိုးပြိုသကဲ့သို့ ခံစားရပါသည်။ ပေါက်ကွဲလွယ်သော၊ ခက်ထန်ကြမ်းတမ်းသော၊ အတ္တကြီးသော၊ တယူသန်ဆန်သော၊ မာနကြီးသော ကျွန်တော် သည် ထိုမြင်ကွင်းအတွက် ပေါက်ကွဲ မထွက်ပါ၊ ခက်ထန် ကြမ်းတမ်းသော အမှုအရာ မပြခဲ့ဘဲ အသက်ရူမှုတို့ ရပ်ဆိုင်းကာ ကြောင်ကြည့်နေခဲ့ပါသည်။ ထင်ပါသည် သူမ အား သာမန် အချစ်ထက် ပို၍သာ ဤ အခြေအနေ ၌ ထိန်းသိမ်းနိုင်ခဲ့ ခြင်းဖြစ်ပါသည်။ နောက် ပိုင်းတွင် သူမနှင့် အခါ အားလျှော်စွာ တွေ့သော်လည်း ကျွန်တော် မူလ ရည်ရွယ် ချက်ဖြစ်သော လက်မထပ်ခင် မကျူလွန်ရေး ကိုသာ ကျွန်တော် ဂရုပြု စောင့်ထိန်းခဲ့ပါသည်။
ကျွန်တော်၏ ပထမဆုံး မှန်ခဲ့သော ခဲ(ဂဲ)မှာ သူငယ်ချင်း သူငယ်ချင်း ဆိုသော သူငယ်ချင်းခဲလုံး ဖြစ်သော ကြောင့် သူမ ဘယ်မျှပင် သူငယ်ချင်းဆိုသော်လဲ ကျွန်တော် မှာ ယုံကြည်နေ နိုင်ခဲ့ ခြင်းမရှိပါ။ ထို့ထက်ပို ၍ သူမ၏ သူငယ် ချင်းဆို သူသည် သူမ၏ ချစ်သူဟောင်း ဖြစ်ခဲ့ဖူးသူ ဖြစ်သောကြောင့် ကျွန်တော် မခံစားနိုင်ခြင်း ဖြစ်ပါသည်။
အချစ်ပေါ်တွင် တစ်ခုတည်းသော အနိုင်ယူခြင်းသည် အချစ်နှင့် ဝေးရာ သို့ ထွက်သွားခြင်း ဖြစ်သည်ဟု ကြားဖူးပါသည်။ ကျွန်တော် ရေခြား မြေခြား ထွက်လာခဲ့ပါသည်။အချစ်ကြောင့် ဘ၀တစ်ခုကို ပြုပြင် ရန် ဆယ်စုနှစ်တစ်ခု ဟူသော အချိန် မရှိတော့သောကြောင့်သာလျှင် ဖြစ်ပါသည်။ သူမ ကို ကျွန်တော် ချစ်ပါသည်။
ကျွန်တော် သည် အတ္တကြီးသော၊ ကိုယ်ချင်းမစာတတ်သော၊ တယူသန်ဆန်သော၊ ထုံထိုင်းသော၊ မာနကြီးသော၊ ခက်ထန်ကြမ်းသော၊ "အ"သော၊ လူမှုရေး နားမလည်သော၊ ခက်ထန်ကြမ်းတမ်းသော သူ ဖြစ်ကြောင်းဝန်ခံ ပါ သည်။ တဆက်တည်းတွင် ကျွန်တော် သည် သူမ ကို လက်ထပ် ရန်သာ ရည်ရွယ် ၍ အခြား မည်သည့် အခွင့်အရေး နှင့် လိုလား တောင့်တ ချက်မရှိကြောင်း ကို လဲ ၀န်ခံ ပါသည်။ ကျွန်တော် သူမ ကို ချစ်ပါ သည်။



ဒီးဒိုး

Tuesday, February 16, 2010

ဗိုလ်ချုပ်အောင်ဆန်း

“လောကဓံ တရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲ နီနေ၏။
သို့သော် . . . ညွှတ်ကား မညွတ်”။
(ဗိုလ်ချုပ်အောင်ဆန်း)



" ဗိုလ်ချုပ်ပေးတဲ့ မြန်မာပြည် "

လူ့လောကထဲ သူနေခဲ့ရတာက
၃၂နှစ်၊၅လ၊၆ရက်တည်းရယ်ပါ။
၁၃.၂.၁၉၁၅ မှ ၁၉.၇.၁၉၄၇
နက်မောက်ဦးသောဘိတကျောင်း..
ရေနံချောင်း အမျိုးသားကျောင်း...
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့..
၁၉၄၃ ကျောင်းသားသမဂ္ဂအမှု့ဆောင်နဲ့
နိုင်ငံရေးဘဝစတင်
နိုင်ငံရေးလုပ်သက်၁၃နှစ်
အဓိကဖြတ်သန်းမှု့တွေကတော့
မြန်မာ့လွတ်လပ်ရေး(သို့)
စတုတ္ထမြန်မာနိုင်ငံတော်....။

အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။
ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုးအရိုးးခံ
ခေါင်းအမာဆုံး
ဇွဲအရှိ့ဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံးလူသား...။

သူမသိနားမလည်တာတွေက အများသား
ရေမကူးတတ်ဘူး...
စက်ဘီးမစီးတက်ဘူး...
စန္ဒရားမတီးတက်ဘူး...
သီချင်းကောင်းကောင်းနားမထောင်ခဲ့ရဖူး

မိန်းမမပိုးတတ်ဘူး...။

ဘိလပ်ပြန်သန်းကို
မေရှင်သီချင်းဆိုခိုင်းခဲ့သူ..
ချစ်ရတဲ့နာစ့်မလေးကြည်ကို
လူငှားနဲ့ပိုးခဲ့ရသူ..
VIP ဆိုတဲ့စာတန်းကို
အလွန်စက်ဆုပ်ရွံရှာသူ..
လမ်းဘေးမှာ..
ကျောက်ကျောရေသောက်တဲ့ ဝန်ကြီးချုပ်..
မင်္ဂလာဆောင်မှာ..
ခဲဖိုးတောင်းတာနားမလည်တဲ့သူ...
လွတ်လပ်ရေးကိုစဉ်းစားရင်း..
စစ်ဖိနပ်ကိုပြောင်းပြန်စီးတဲ့သူ..
လွတ်လပ်ရေးကိုစဉ်းစားရင်း..
ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ...
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့
ရွာသားတွေနဲ့
အတူ လမ်းဘေးမှာ အကြော်စားတဲ့
ဝန်ကြီးချုပ်....
သူ့ကိုသူ ပြည်သူတစ်ယောက်အဖြစ်
ခံယူတဲ့ဝန်ကြီးချုပ်....။

ပြည်သူတွေကြားမှာ
ဝင့်ဝင့်ထွားထွား
သူရဲကောင်းပေမဲ့
အိမ်ထောင်ရှင်ဖခင်
ဇနီးကို ချစ်တတ်တဲ့သူ......။

" ကြည်.....ပဲပြုပ်နဲ့နံပြားရရင်
စားချင်တယ် "
မိန်းမကို မနက်စာပြင်ခိုင်းတဲ့
သူ့ရဲ့ ကမ္ဘာကျော်စာ
ဗိုလ်ချုပ်အဆင့်ရဲ့အမှားနဲ့
သာမန်ရဲဘော် အဆင့်ရဲ့အမှန်ကို
ကွဲကွဲပြားပြားသိသူ
လူငယ်ဘဝ ၊ လူ့ဘဝရဲ့စည်းစိမ်အရသာတွေ
ခံစားဖို့အချိန်မရခဲ့တဲ့သူ
သူ့ဖြတ်သန်းမှု့မှာ
လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့
ပကတိရိုးစင်း သန့်စင်ခဲ့တဲ့သူ
သူ့ကိုဒဂုန်တာရာက ကင်ပွန်းတပ်
" အောင်ဆန်း(သို့) အရိုင်း" တဲ့...။

လုပ်သက်ကခပ်နုနု
ကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘဝတွေကအဖုံဖုံ
အသက်က၃၀မရှိ့တရှိ့...။

စစ်ပြီးရင်
မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရပြီးရင်
သူလုပ်ချင်တာက
လူရယ်ချင်စရာဗျာ
စာရေးဆရာ...တဲ့......။

လွတ်လပ်ရေးရရင် အနားယူ
ကဗျာတွေ ၊ စာတွေရေးမယ်..တဲ့
အားရင်အားသလို
သတင်းစာတွေ ၊မဂ္ဂဇင်းတွေမှာ
ဆောင်းပါးတွေ ၊ စာတွေရေးနေတဲ့သူ...
ကြည်ညိုလို့ရော..
စာကောင်းလို့ရော..
ထိုခေတ်က ဆောင်းပါးကြေး
အမြင့်ဆုံးရတဲ့လူ.......။

ကြမ်းတမ်းရင့်ထော်
လူစိတ်မှ ရှိရဲ့လားလို့
အထင်မမှားပါနဲ့...
လွတ်လပ်ရေးအတွက်
သူ ရဲရင့်ရပေမဲ့..
စတုတ္ထမြောက်ရင်သွေး
သမီးကလေး
ရက်သားလေးနဲ့ ကြွေလွင့်ခဲ့ရတော့
မျက်ရည်တွေဝဲ
သူ စိတ်ဆင်းရဲခဲ့ဖူးတယ်....။

ဒီ အောင်ဆန်းလက်တောက်လေးကို
ဘာကြောင့်

နေမဝင်အင်ပါယာကြီး
ဒူးထောက်ခဲ့ရပါသလဲ........။

တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုက်
ရိုးသားတဲ့မြန်မာတွေထက်
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့မြန်မာတွေထက်
ပိုသတ္တိရှိ့တဲ့အောင်ဆန်း
ဒီလိုအောင်ဆန်း
သူ့သွေးသားအရိုးအချည်တွေအားလုံး
လွတ်လပ်ရေးတခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့အောင်ဆန်း
တကယ့်အရိုးခံအောင်ဆန်းပေါ့.....။

ရိုးတာမှအလွန်ရိုး
ဂျပန်မှာ ဗိုလ်ကြီး ဆူဇူကီးက
မိန်းမခေါ်ဦးမလား ဆိုလို့
ရှက်သွေးဖြာခဲ့ဖူးတဲ့သူ.......။

ပိုက်ဆံမရှိလို့
ထမင်းအကြွေးမစားဖူးတဲ့ဆိုင်မရှိ..
ငါးမူးတန်းက ရုပ်ရှင်ကြည့်ခဲ့ဖူးတယ်..
ကားပျက်နေတာတောင်
အခွင့်အရေးတောင်းသူတွေကိုမုန်းလို့
သူတို့ကားအကူအညီ မယူပဲ
ရုံးကို လမ်းလျှောက်သွားတဲ့သူ.........။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲမြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း ၊ မြ
၊ ချို တို့ကအစ
"ငါတို့ အားကိုးပါရစေ" ဆိုလာကြ...
ရှေးဘိုးဘွားမိဘပြည်သူတွေက
"ငါတို့ကယ်မယ့်မင်းလောင်းပေါ်ပြီ"
"ပြုံးပျော်ကြ"
လူငယ်သွေးသောက်မြန်မာတွေက...
" ငါတို့စွန်ပါရစေ " ဆိုပြီးရှေ့ထွက်လာကြ
စုကြ ၊ ရုံးကြ ၊ စည်းရုံးကြ
တကယ့်ဗမာတွေ........
မဟာအောင်ဆန်းနောက်က
ပြည်သူ့ဒီလှိုင်းလုံးကြီးတွေရဲ့
တဝုန်းဝုန်းရိုက်ခတ်သံဟာ
အဲဒီအချိန်က
ဝိတိုရိယဘုရင်မကြီးကိုတောင်
အိမ်မက်တွေအေးခဲစေခဲ့သပေါ့....။

အောင်ဆန်းရှေ့ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ...
ကချင်တွေကလည်း ကချင်စကားမဟကြ...
အောင်းဆန်းကိုယုံကြည်စွာနဲ့
သူတို့သခင်အဖြစ် အသိမှတ်ပြုကြ
အားလုံးသောတိုင်းရင်းသားတွေ....။

ဒီပြည်လုံးကျွတ်
အားကိုးစုစည်းနိုင်ခဲ့လို့လည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်း
လက်တောက်လောက်နဲ့
တစ်စားပွဲထဲ ဝိုင်းထိုင်ခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မှီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့မတိုက်ဝံ့ကြ...

မျက်နှာမပျက်
အောင်မြင်စွာဆုက်ခွာမယ့်လမ်းကို
သူတို့ရွေးခဲ့ကြ....
အောင်ဆန်းနဲ့အတွေ့မှာပေါ့......။

ယုံကြည်အားတဲ့
မျက်လုံးပေါင်းသန်း၆၀
အောင်ဆန်းမှာရှိ့တယ်.၊
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့
နှလုံးသားသန်း ၃၀ အောင်ဆန်းမှာရှိ့တယ်..၊
အောင်ဆန်းသေဆို သေပြဝံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိ့တယ်..၊
ဒီမျက်နှာ နှလုံးအသက်
ဗို့အားသိန်းသန်းချီပြီး မီးဆလိုက်အားတွေနဲ့
နေမဝင်အင်ပါယာကို
ပြက်ပြက်သားသားလှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘဝင်မြင့်နေသူတွေ
အားလုံးအရည်ပျော်သွားခဲ့ကြ......။

ဘယ်ရာဇဝင်မှာ ခင်ဗျားတို့တွေ့ဖူးလည်း
ဂျပန်ဆိုတာ မနှုးမနပ်မဟုက်ဘူး။
အင်္ဂလိပ်ဆိုတာဝေလာဝေး
သူငယ်နှပ်စားမဟုက်ဘူး။
ဒင်းတို့တွေတောင်
ရအောင်စည်းရုံးနိုင်တဲ့ အောင်ဆန်း
ဒီအောင်ဆန်းက စစ်ကိုမလို
ဒါပေမယ့် " ရရင်ရ မရရင်ချ "ဆိုတာ
အောင်ဆန်းဝါဒ....
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့
တစ်သီးတည်းသောကိုယ်စားလှယ်
ငါတို့အောင်ဆန်းပေါ့.....။

ဗိုလ်ရူးလို့ပြောတဲ့လူတွေကို
ဂရုမစိုက်ပဲ
မြန်မာနိုင်ငံသားတွေကို
အင်္ဂလိပ်စာတတ်စေချင်ခဲ့လူ
သူ ကိုယ်တိုင်..
အမျိုးသားကျောင်းထွက်
ဒါပေမဲ့ အင်္ဂလိပ်စာကို
ထုံးလိုချေ ၊ ရေလိုနှောက်တဲ့သူ.....။

အင်္ဂလိပ်စာတတ်ရင်
ဘာထူးလဲလို့မေးတဲ့လူတွေကို
စေ့စေ့ကြည့်ရင်း
"အနည်းဆုံး အင်္ဂလိပ်တွေကို
အင်္ဂလိပ်လို ဆဲလို့ရတာပေါ့ " လို့
ခပ်ရင့်ရင်ပြောခဲ့တဲ့သူ........။

မြန်မာမှာရော
ကမ္ဘာမှာပါ..
ရှာမှရှား အမျိုးသား
အင်္ဂလိပ်လိုရေးပြီး
ဒီမိန့်ခွန်းကို ကြည့်ပြီး
မြန်မာလို လက်တန်းပြောခဲ့တဲ့သူ......။

ဗိုလ်အောင်ဆန်း
ဒီအချိန်ဆို (၉၃)နှစ်ရှိ့ပြီ
(အောင်ဆန်းပြောမယ်)
အဘိုးရဲ့စကားနားထောင်......။

"မမေ့နဲ့......မင်းတို့ကနေ့ရှုနေတဲ့လေဟာ

ငါတို့....မနေ့က
ချွေးစက်တွေဆိုတာ...မမေ့နဲ့...
မင်းတို့မြန်မာဆိုတဲ့ စကားတခွန်းရဖို့
ငါတို့.... ဗုံးပေါလအော
ကျဆုံးပေးခဲ့ရတာ...မမေ့နဲ့....
မင်းတို့ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့.....အလောင်းကောင်တွေဆင့်ပြီး
ထမ်းတင်ပေးခဲ့တာ.... မမေ့နဲ့...........။

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိ့တယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးခဲ့တဲ့အဖေ
မြန်မာလူမျိုးရဲ့အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့.....။

forword mail မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

အကျင့်..............

ည..မပြောင်းလဲ တဲ့ဒီည
မနေ့ က ည
ဒီနေ့ ည လဲ မပြောင်းလဲ ဘူး
ကြယ် ကြွေတော့မှ
ပြောင်းလဲ သွားမှန်း သိပေမယ့်
ဒီည ကို အရင်တိုင်း မှတ်နေသေးတယ်....

သူ..မပြောင်းလဲ ဘဲ ချစ်မယ့်သူ
မနေ.က သူ
ဒီနေ့ က သူလဲ မပြောင်းလဲဘူး
မင်း နုတ်ခမ်း လှုပ်ခတ်သွားမှ
ပြောင်းလဲ သွားမှန်း သိပေမယ့်
သူ့ ကို အရင်တိုင်း မှတ်နေသေးတယ်......

ပြောင်းလဲ ခြင်းတွေ နဲ့ 
ပြောင်းလဲ သွားခဲ့ ကြပေမယ့်
ခြေသံတွေ ကြားတိုင်း
ရင်မှာ တွယ်တာ ရှင်မလေး လား
အခါခါ မော့ ကြည့်ခဲ့ တဲ့.......
ငါ့ရဲ. အကျင့်တစ်ခုတော့
မပြောင်းမလဲ ရှိနေဆဲ ပါ..........


၁၄.၀၁.၁၀
ဒီးဒိုး..

အိပ်မက် လေးရေ............

အိပ်မက် လေးရေ............
အားနာလိုက်တာ...

အမေ့ကို လွမ်းတော့
ငိုချင်းတွေရော
တမ်းတခြင်းတွေပါ
မင်းအပေါ်မှာဘဲ
နားလည်ခြင်းတွေ ရရှိခဲ့တယ်..

ချစ်သူထားသွားလို့ 
ရင်နာမှုတွေရော
လွမ်းဆွေးမှုတွေပါ
မင်းအပေါ် ဘဲ
သွန်သွန်ချ လို့  မဆုံးနိုင် ခဲ့ဘူး..............

ငါ့ ၀န်းကျင်မှာ
နာကျင်ခံစားမှုရော
ခံပြင်းမှုတွေပါ
မင်းသာလျှင်
မျှဝေ ခံ စားပေးခဲ့ ပြန်ရော.........

ငါ့ရဲ့ အတ္တ တွေ
မာန တွေ
ခံစားမှုတွေ
မင်းသာ နားလည်ဆုံးပါ..

တစ်ခါတစ်လေ
မင်းသာ သက်ရှိဖြစ်ခဲ့ ရင် ဆိုတဲ့
အတွေးမျိုး တွေးခဲ့ဘူးပေမယ့်
မင်းကို သက်ရှိမဖြစ်စေချင်ဘူး

ငါယုံကြည်တယ်
မင်းဟာ ငါ့ရဲ. အရင်းနှီးဆုံး
နားလည်မှုတွေနဲ့ 
ငါ့ရင်ကို ချမ်းမြေ့ စေလို့ 

ငါ့ကို မင်းရဲ့  ""အိပ်မက်များ"" ဆီသို.
တုနိုင်းမဲ့ မေတ္တာ နဲ့ 
ကြင်နာစွာ
ခေါ်ဆောင်သွားပါ အုန်း..........

ဒီးဒိုး....
၁၂.၀၂.၁၀

လက်ခံပါတယ်...

မက်...........အိပ်မက်
ငါအိပ်မက်ထဲ မှာ
ရောင်စုံလှတဲ့ အလှပတွေနဲ့ 
ကြင်နာမှု အစစ်မှန်တွေရော
မခွဲခြားတတ် ခဲ့အောင်
သူဖန်ဆင်းပေးခဲ့တယ်.................

တွေ့ ..............တွေ့ ခဲ့
ငါ့ လက်တွေ့ ထဲ မှာ
တစ်ခုတည်းရှိတဲ့ အလင်းရောင်နဲ.
ဟန်ဆောင်မှု လိမ်ညာခြင်းတွေရော
သီးသန့် ဆီ ဖြစ်အောင်
ငါတွေရှိခဲ့ ရ ပြီ........................

မျှော်လင့်ချက် ကိုအရောင်ဆိုးကာ
အကောင်းဆံုးလို.ထင်မှတ်
အဆိုး ဆုးံတွက် မပြင်ဆင်ခဲ့တာ

ခွဲခွာခြင်း ကို တံဆိပ်နှိပ်
ဒီ သံသယတွေ ကြား
တို.တွေ ပြစ်တင်နေမယ့်စား............................

ပျော်ရွင်ခြင်း ကို ခေါ်ဆောင်လို.
ဒီ ၀မ်းနည်းခြင်းတွေ ကြား
တို.တွေ ခွဲခွာ ခြင်းကို
လက်ခံတာ ဘဲ ကောင်းပါ တယ်............


၁၀.၀၂.၁၀
ဒီးဒိုး..

သွားလိုက်ပါ ချစ်သူ..

သွားလိုက်ပါ ချစ်သူ..
ထားသွားလိုက်ပါ..............

တို.တွေ ဆုံခဲ့ခြင်း ဟာ
ခွဲခွာဖို့  သက်သက်ဖို.ဘဲဆို
ငါလေ.......
မာနတွေကို မြေမြုပ် ထားခဲ့ မှာပေါ့...........

ငါချစ်တဲ့ သူမို့ 
ငါ့ကို မထားခဲ့ရ ဘူးဆိုရင်
လောက ကြီးပေါ် မတရား ရာ ကျနေမလား......

ခွဲခွာခြင်း ရဲ့  နှိပ်စက်ချက်
လွန်ခံနိုင်ပြီ လို့  ထင်မှတ်ခဲ့တာ
ဒီတခါလဲ အရင်ထက်မနည်း
ခပ်နွေးနွေး မဟုတ်တာတော့ အမှန်ဘဲ...........

ဘယ်လို ရှင်းပြချက်တွေ က
ထားသွား ခဲ့ ခြင်းကို တားဆီးနိုင်မလဲ..
ခြံခုန်ဖူးတဲ့ နွားမို. တပေါင်ကျိုး ဘ၀ ထိအောင်ဘဲ.................


သွားလိုက်ပါ ချစ်သူ
ထားသွားလိုက်ပါ.............


၁၀.၀၂.၁၀
ဒီးဒီုး...

အမေ သို. တမ်းတခြင်း....

အမေ......
လု.အောက်ကျို.လို. လူပိမသေဘူး
အမေဆုံးမတဲ့စကား သား နားရည်ဝပေါ့
အမေ့ရဲ.သား
လူလုံးရယ် မလှပေမယ့်
ဘာမှသုံးစား မရတဲ့ မာန ခပ်ကြီးကြီး
ငတ်မွတ်နေတဲ့ ကလေးငယ်
မျော်လင့်ချက်မဲ့နေတဲ့ အရွယ်လွန်တွေ အတွက်
သား တတ်နိုင်သလောက်
ကူညီခဲ့
ငိုကြွေးခဲ့
ကျေကွဲခဲ့ပေမယ့်
အနိုင်ကျင့်လူတန်းစားအတွက်
သားမှာ
ညိတ်ဖို. ခေါင်းမပါဘူး
ငိုကြွေးဖို. မျက်ရည်မရှိဘူး
ထောက်ဖို. ဒူးမပါခဲ့ဘူး......ထင်ပါရဲ. အမေ..

အမေ သင်ပေးခဲ့ ပညာတွေနဲ့ 
ဘာမှလုပ်စားလို. မရပေမယ့်
ကောင်းဆိုး မှန်မှား ခွဲခြားတတ်နေတော့
အမေရယ်...

Boss ကတော့ Boss ပါဘဲ
မတရား ဘောင်ကလွန်ထွက်
ညစ်ပတ်စော်ကား နိုင်ငံနဲ့  လူမျိုးကို
ဘယ်လိုဖြစ်ဖြစ်
သားရဲ့ ခေါင်း သွေးချင်းချင်း နီပေမယ့်
ဦးညွတ်ဖို. မစဉ်းစားဘူး.....................အမေ

အမေ...
ဆင်းရဲ လဲ တသက်ပေါ့
လူတန်းစေ့ လုပ်ကျွေးသမှု
မပြုနိုင်သေးတာ ခွင့်လွတ်ပါ အမေ...

သားတယောက်တည်းနဲ .
အနိုင်ကျင့် လူတန်းစား
ကွယ်ပျောက်သွားမှာ မဟုတ်ပေမယ့်
တစက်ချင်းကျတဲ့ မိုးစက်လေးတွေ ကြောင့်
ကျောက်ဆိုင်ကျောက်သားကြီးတွေ ပြိုကွဲတာပမာ ပြုလို.
သား မိုးစက်တစ်ပေါက်လေးဘဲ
ဖြစ်ချင်တာပါ...အမေ..


၀၁.၀၂.၂၀၁၀
ဒီးဒိုး..

""မ""

"မ"
လိုချင်တပ်မက်
နုတ်ဖျားထက်က
ချိုသာရွမ်းလဲ့
ကြင်နာလှတဲ့
နုတ်ထွက်စကား............................

"မ"
ကြားဝံ့ပါတယ်
နုတ်ဖျားထက်က
ရင့်ရော်ခါးသီး
ရင်နာစေမယ့်
နုတ်ထွက်စကား.....................................

"မ"
လျှောက်ချင်ပါတယ်
ပန်းခင်းတဲ့လမ်း
တူပျော်ရွင်စွာ
သာယာလှမယ့်
ခရီးလမ်း.........................

"မ"
လျှောက်ဝံ့ပါတယ်
ဆူးခင်းတဲ့လမ်း
ပျော်ရွင်ကင်းမဲ့
ကြမ်းတမ်းလှတဲ့
ခရီးလမ်း..............................


၃၁.၀၁.၂၀၁၀
ီဒီးဒိုး....

ကဗျာ မည် လား...စာ မည် လား...

ညီမလေးရေ...
တကယ်တော့ ခဲမှန်ဖူးတဲ့ သူမို.
မြင်မြင်ရာ ကြောက်လန်.ခြင်းတွေနဲ.
စိုးထိတ်ကာ နေရတယ်..

မင်းအကြင်နာ ဘယ်ရည်ရွယ်မှန်းသိပါရဲ.
အထင်သေးလို.ရယ် မဟုတ်ပါဘူး
ကိုယ်အရိပ် ကိုယ်ကြောက်နေရသူမို့ 
ငြင်းကာသာ ဘုပြောလို့ 
မင်းအထင်လွဲ အောင်ပ
ရည်ရွယ်ကာ တမင်ပြောမယ်
မင်းစိတ်နာစေသား...

ငါ့ရင်မှာ ဘယ်သ.ိုနှယ်
မင်းသိမှာ မဟုတ်ပါဘူး
မင်းစိတ်နာ ကိုယ်ချင်းရယ် စာပါရဲ.
ဖြေသိပ်စရာ မရှိသူမို.
ရေးမိသည် ဒီစာတိုရယ်က
ကဗျာ မည် လား..
စာ မည်လား....................


ဒီးဒိုး..
၂၃.၁.၂၀၁၀

ဖေဖါဝါရီ ၁၃.....

ဟိုအဝေး မှာ သူပျော်စေဖို.
နှစ်အတိတ်ကို ကြိုး စားမေ့မယ်ပ
တိုးတိတ်ကာ ကြိုးစားနေတုန်း

ဒီလူရင် တဖန်ရူးစေဖို.
ရောက်လို.ရယ် လာအုန်းမယ်
ဖေဖါဝါရီ တဆယ့်သုံး၊

ရူးချင်လည်း ရူးစေတော့လို.
လွမ်းစိတ်ကို ချိုးကာထားမယ်
မင်းရဲ.မွေးနေ. ဖေဖါဝါရီ တဆယ့်သုံးလှ
ဝေးတနေရာ တကိုယ်တည်းရယ်နှင့်
ကျင်းပကာ ဆုမွန်တောင်းတယ်
မင်းပျော်စေဖို့ 

ဒီးဒိုး
၁၃.၂.၂၀၁၀..အတွက်...

မြှားနတ်မောင် နှင့် ရန်ဖြစ်ခြင်း..

ဒါဝင်ရဲ. မျောက် အတောင်ပေါက်
လူ.ဘောင် မြှားနတ်မောင်..............

ပစ်လိုက်တဲ့ မြှား မရပ်မနား
လူသား သန်း ခုနှစ်ထောင်........

တောက်.......ငါ့ ကို ကျော်လွား
ချန်ကာ ထားတော့
တွေ.များ တွေ.ရင်
မြှားနတ်ရှင် အား
ကာစင် မီးရှို.
သတ်မယ် ဗျို.
.....................................

ဒီးဒီုး..........
၂၂.၀၁.၂၀၁၀

ဘယ်သူ ကြောင့်လဲ....

လ မင်း.........
မင်းကိုတင် စားဖူးတယ်....

မင်းရဲ.အလင်း
တွန်.တို လို.ပုန်းရှောင် တာလား

တိမ် မင်းညို
မနာလိုလို. ဖုံးကွယ် တာလား

ဦးနှောက် သေးသေး
လူသား ရယ်မို.

မင်းရဲ. အလင်းရောင်
လိုချင်တာ ဘဲသိရဲ.

ဘာကြောင့်ပုန်းရှောင်
ငါမသိခဲ့....

ငါ့မှာ ရှင်လျှက် နဲ.
အကြိမ်ကြိမ် သေခဲ့ရပြီ......

ဒီးဒိုး
၁၅.၀၁.၂၀၁၀

ဆန္ဒ.....................

စိတ်..........................မရှိ။

ငါ၌ မင်း .............................မရှိ။

ငါ၌ ငါ မရှိ မှတော့

ငါ့ အရိပ် ရှိနိုင် ပါ့ လား......။

ငါ့  မျက်ရည်
ရေငွေ့  ဖြစ်၍
မင်းရှိရာ ၌
မိုးရွာသွန်းစေ...
ချမ်းမြေ့စေ..


ဒီးဒိုး
၁၄.၀၁.၂၀၁၀