Wednesday, March 31, 2010

ပီတိ (သို့) တစ်ယောက်တည်းမဟုတ်ဘူး

ဟိုး ငယ်စဉ် ကတည်းက အုပ်စုလိုက် အဖွဲ့ လိုက် သွားလာလှုပ်ရှာ:နေသူများကို တွေ့လျင် အားကျမိတယ်။ ဒါပေမယ့် ကျွန်တော် က လူအများနဲ့ နေရ တာတော့ မကြိုက်ဘူး။ ဒီတော့ သူငယ်ချင်း ဆိုတာ ကလဲ ရှာ မှ ရှားဘဲ။အသက် ၁၀ နှစ်လောက်မှာ အဖေ ဆုံး ခဲ့ပြန်တော့ အမေကို ကူညီရင်း အပေါင်းအသင်းဆိုတာ ကျွန်တော် အတွက်တော့ မက်စရာ မဟုတ်ခဲ့ ပြန်ဘူး။ အမေ့ ကို ကူညီရင်း တွေ့ကြုံ ရင်ဆိုင် လာသမျှကို တကိုယ်တည်း ရင်ဆိုင်ဖြေရှင်းတဲ့ အကျင့်လဲ ရခဲ့ ပြန်တယ်။ အမေ့ ကို တိုင်ပင် ပြောပြချင်ပေမယ့် မပြောဖြစ်ခဲ့ ဘဲ စာရွက်တွေ ပေါ်မှာ ဘဲ ချရေးဖြစ်ခဲ့တယ်။ စာရွက်နဲ့ ဘောပင် ဟာ အဖော် ကောင်းတယောက် ဖြစ်ခဲ့တာပေါ့။
နေရာပေါင်းစုံအောင် နေခဲ့ရတော့ ငယ်သူငယ်ချင်းဆိုတာ လဲ မရှိဘူး။တစ်ခါတလေ လက်ရှိပေါင်းနေတဲ့ သူငယ်ချင်းတွေ က "ဒါ ဟာ ငါ့ သူငယ်ချင်းပေါ့ သူငယ်တန်း ကတည်းက ပေါင်းလာတာ ကွ" လို့ ပြောတဲ့ အခါ ကျွန်တော် က ၀မ်းနည်း ၀မ်းသာပေါ့ ဗျာ။
စာတွေ ရေးခဲ့ဘူးတယ် အမေ့ကိုလွမ်းတဲ့စာ၊အထီးကျန်ခြင်းကို ခံရတိုင်း ရေးတဲ့စာ၊အသဲကွဲတော့ လဲ ရေးရပြန်တာဘဲ၊မကျေနပ်ချက်တွေ ရေးထားတဲ့ စာ၊ စာ အတို အစ ပေါင်းများစွာ ဟာ ကျွန်တော် အိပ်ရာပေါ် စာပွဲပေါ် မှာ ပျံ့ကြဲနေလေ့ရှိတယ်။ ဒီ အရွယ်ထိဘဲ အကျင့်ဆိုတာ ကလဲ တော်ရုံ နဲ့ ပြင်ရခက်တယ်လေ။
တနေ့ တော့ ကျွန်တော် ရေးထားတဲ့ စာအပိုင်းအစလို့ ဆိုရမလား ကဗျာ လို့ ဆိုရ မလား "ကျေးဇူး တင်ပါတယ်" ဆိုတဲ့ ကဗျာ လေး ဆိုကြပါစို့၊ အဲဒီကဗျာလေး ကို ကြိုက်တယ် လို့ ပြောတဲ့ သူက ကျွန်တော် နဲ့ အလုပ်တူတူ လုပ်တဲ့ ကိုသုတထွန်း ဗျ။ ကိုသုတထွန်း က ပထမ ဆုံး ကျွန်တော် ရေးတဲ့ စာ ကို ကြိုက်တယ်လို့ ပြောတဲ့ သူပါ။ သူအဲ လိုပြောလိုက် တော့ ကျွန်တော် က ၀မ်းနည်း ၀မ်းသာတာပေါ့ဗျာ.
ဒီလိုနဲ့ ဘယ်က ဘယ်လို အိမ်မက်များ (ainmat.com) ကို ရောက်လာ လဲတော့ သေချာ မမှတ်မိတော့ပါဘူး။ အိပ်မက်များ (ainmat.com) ဟာ ကျွန်တော် ရဲ့  စာတိုပေစ များကို အများရှေ့  ချပြ ရတဲ့ ပထမဆုံး နေရာလေးတစ်ခုဖြစ်လာတယ်။ အိပ်မက်များ(ainmat.com)မှာ ပထမဆုံး ရေးဖြစ်ခဲ့တာ က ကိုသုတထွန်း ကြိုက်တယ် လို့ ပြောတဲ့ "ကျေးဇူးတင်တယ်" ဆိုတဲ့ ကဗျာလေးပါဘဲ။ အဲဒီ ကဗျာ လေး ကိုဘဲ ပထမဆုံး comment ပေးသူက တော့ အိပ်မက်များ(ainmat.com)မှာ စာရေးနေ တဲ့ အေး(aye)ဆိုတဲ့ သူပေါ့ဗျာ။ သူ comment ပေးခဲ့ တဲ့ စာက တော့ "ဘယ်လိုဘဲ ဖြစ်ဖြစ် ဒီကဗျာလေး ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်တယ်...ဒီးဒီး" တဲ့။
ကျွန်တော် လဲ နောက်ဆို စာတွေ ရေးရေး ပြီ မလွင့် ပစ်တော့ဘူး လို့ ဆုံးဖြတ်လိုက်တယ်။ အိပ်မက်များ(ainmat.com) မှာ တင်ပြီးရင်တော့ လွင့်ပစ်လိုက်တော့ မယ်။ ဒါမှမဟုတ်ရင် အရမ်းများလာ တဲ့အခါ စိတ်ရူပ်လာတယ်။
နောက် ကျွန်တော့် အိပ်မက်များ(ainmat.com)မှာ ရေး လာတာ နဲ့ အမျှ သူငယ်ချင်းတွေ ရလာ တယ်..သူတို့ ကိုတော့ မမြင်ဖူးပါဘူး။ဒါပေမယ့် သူတို့ က comment ရေး ရေးပေးနေတော့ စိတ်မှာ အရင်လို အရမ်း အထီးကျန်သလို မခံ စားရ ဘူးလေ။ တနေ့ စာရေးလိုက် ကိုယ်စာ ကို ဘယ်နှယောက် ဖတ်လဲ ကြည့် လိုက်၊ ဘယ်သူ comment ပေးလဲ ကြည့်လိုက် နဲ့...ကျွန်တော် ပျော်လာတယ်.။
ဒီနောက် ကျွန်တော် ကို ပထမ ဆုံး စာလုံးပေါင်း သတ်ပုံ အမှား ပြင် ပေးသူ ကတော့ အမ margaret (s'pore) ပေါ့။ သူပြင်ပေးတဲ့ အမှား က (အမှန်း) မဟုတ်ပါဘူး (အမုန်း) တဲ့။ (မှန်း)ဆိုတာ က ခန့်မှန်း တဲ့ နေရာ မှာ သုံးပြီး (မုန်း) ဆိုတာ အချစ်အမုန်း မှာ သုံးကြောင်း လဲ ရှင်းပြ ပါသေးတယ်။ ကျွန်တော် ဘယ်လိုခံ စားရမှန်း မသိအောင်ပါဘဲ ၀မ်းသာတာပေါ့ဗျာ။ တယောက် တည်း ဖြစ်သလိုနေ ဖြစ်သလို စား နေခဲ့ ဘ၀ ကြီး မှာ "ငါ့ကို ဂရုတစိုက်နဲ့ လူတွေ ရှိပါလား" ဆိုတာ အတွေးထဲ ၀င်လာတယ်။ သိပ်အထီးမကျန် နေတော့ဘူး ငါတယောက်တည်း မဟုတ်ဘူးဆို တာ သိလာခဲ့တယ်။

ကျွန်တော် ရေးတဲ့ စာကို ပထမဆုံး မိမိ အယူအဆ နဲ့ ရှင်းပြသူကတော tn ဆို တဲ့ စာဖတ်သူတယောက်ပါ။
ကျွန်တော် ရေး တဲ့ "အသက်ရှင်နေပေးပါ(stop suicide)" ဆိုတဲ့ စာစုလေးမှာ "suicide လုပ်သွားတဲ့ သူတွေဟာ အဲဒီ အချိန်မှာ သာမန် မဟုတ်ကြောင်း နဲ့  သာမန်လူတွေ အတွေး သလိုမျို; မတွေးနိုင်ပါဘူးတဲ့ "။
ကျွန်တော် က အမြဲမဟုတ်တောင် တခါတလေ ကိုယ်ကို ကို စမ်းစစ်ကြည့် တတ်တယ်။ ကျွန်တော် တွေး နေတဲ့ အတွေး က ဟုတ်မှ ဟုတ်ရဲ့  လားလို့လေ။ဘာ ဖြစ်လို့ လဲ ဆိုတော့ ကျွန်တော် မှာ ခင်တဲ့ သူငယ်ချင်းတွေ မရှိလို့ ပါ။သူများတွေ သူငယ်ချင်းရှိပြီး ငါကျတော့ အပေါင်းအသင်း နည်းလိုက်တာ လို့ ခံ စား ရလို့ ပါ။

ခုဆို ကျွန်တော် ကိုယ် ပိုင် ဘလောက်လေး လဲ လုပ်ထားပြီ (www.deeedooe.blogspot.com) ဒါပေမယ့် ကျွန်တော့်ရဲ့  ပထမဆုံး နေရာ အိပ်မက်မျာဒ (ainmat.com) မှာ တင်ပြီးမှ ကျွန်တော့် ဘလောက်မှာ တင်တယ်...တခါတလေ ကျွန်တော် က အရမ်း serious ဖြစ်တယ်...အဲဒီလို ခါ ရေးမိတဲ့ စာ တွေ ကျတော့ မကောင်းဘူးထင် ရင် အိပ်မက်များ(ainmat.com)မှာ မတင်ဘူး။
ကျွန်တော် blog ရဲ့  cbox မှာ ပထမဆုံး comment ရေးပေးတဲ့ သူကတော့ ဏီလင်းညို (www.nyeelinnnyo.blogspot.com) ဖြစ်တယ်။ ပေးသွားတဲ့ comment က တော့" အိပ်မက်များ မှာ ရေး ကိုဒီးဒိုးလား ခင်ဗျ" တဲ့။

ကျွန်တော် ပျော်ပါ တယ်...ကျွန်တော် မှာ ကျွန်တော် အိပ်မက်များ(ainmat.com) ရှိနေသ၍ ကျွန်တော် နဲ့ ဝေမျှ ခံစားပေးမယ့် သူတွေ ရှိမယ်။
ကျွန်တော် ရေးတဲ့ စာတွေကို ကြိုက်တဲ့သူတွေရှိမယ်။
ကျွန်တော် ကို comment ပေးတဲ့ သူတွေ ရှိမယ်။
ကျွန်တော် ကို စာလုံးပေါင်း သတ်ပုံ ပြင်ပေးမယ်သူရှိမယ်။
ကျွန်တော် နဲ့ အယူအဆ ခြင်းဖလှယ် မယ့်သူရှိမယ်။
ကျွန်တော် ရဲ့  CBOX မှာ လာပြီး ရေးမယ့်သူတွေ ရှိမယ်။
ကျွန်တော့်စာကို ဖတ်ပေးသူအားလုံး ဟာ လဲ ကျွန်တော် ရဲ့ ပီတိ ဘဲ ဖြစ်တယ်။
ဒီတော့ ကျွန်တော် တယောက်တည်းမဟုတ်တော့ ဘူး ။မှန်တယ် ငါတယောက်တည်း မဟုတ်ဘူး...။
ပီတိ (သို့) တစ်ယောက်တည်းမဟုတ်ဘူး။

ဒီးဒိုး
၂၇၊၀၃၊၂၀၁၀

နဂိုအတိုင်း

'မ'
မုသားမပါဘူး
ရင်၌ တိတ်တိတ် ကျေကွဲတိတ်"စိတ်"
မျက်ရည်ဝဲရုံ ရင်နာရုံလေး။

'မ'
နာကျင်ပါဘူး
နုတ်မှာတိတ်ဆိတ် နှလုံးသားကြိတ်မှိတ်
ကြေကွဲသွားရုံ ကွဲပြိုသွားရုံလေး။

'မ'
မပြောင်းလဲပါဘူး
မနေ့ဒီနေ့ ရာသီစက်ဝန်း
လင်းလက်သွားရုံ မဲမှောင်သွားရုံလေး။


'မ'
အရင်အတိုင်း
ဒီလူခံစား ဝေဒနာက
မထူးခြားနား
အထီးကျန်နေရုံ.....လွမ်းနေရုံလေး။


ဒီးဒိုး
၂၇၊၀၃၊၂၀၁၀

Thursday, March 25, 2010

အသက်ရှင်နေ ပေးပါ။

လူတိုင်း နီးပါး အကြောင်းအမျိုးမျိုးကြောင့် စိတ်ဓါတ်ကျဆင်း သည်သာမက မိမိကိုယ် သတ်သေ ချင်သည့် ဆန္ဒ နည်းများမဆို ဖြစ်ပေါ် ဖူးပေလိမ့်မည်။ လူတိုင်း သိလျက်ဖြစ်စေ မသိလျက်ဖြစ်စေ အမှားကျူးလွန် ပြီး သည့်နောက် ၄င်းအမှား အကြီးအသေးပေါ် မူတည်၍ စိတ်ဓါတ် ကျဆင်းခြင်း အနည်းအများ ဖြစ်ပေါ် သည်မှာ ငြင်း၍ မရနိုင်ပါ။ကျွန်တော် တို့ သိထားရမည်မှာ ထိုသို့ အမှားများ ကျူးလွန်သည် မှာ မိမိ တယောက်တည်း မဟုတ် ကြောင်းပင်ဖြစ်ပါသည်။ ထိုသို့ မိမိ တစ်ဦး တည်းသာဟုခံစားရပြီး မိမိ ကိုယ်ကို အဆုံးစီရင်မှု ပြုခြင်းသည် ဘုရား မကြိုက် သော အလုပ်ပင်ဖြစ်ပါသည်။
တကယ်လို့များ သင်သည် မိမိ ကိုယ်မိမိ စီရင်(suicide) ချင်လောက်အောင် ခံစားနေရ လျင် တချက်လောက်တော့ ပြန်စဉ်းစားပါ အုန်းဟု သာဆိုချင်ပါသည်။ ကမ္ဘာပေါ် တွင် ရာပေါင်းများစွာသော လူတို့သည် အစာနှင့် ရေ မရရှိ၍ အသက်သေဆုံးလျက် ရှိသည်ကို သိထားရန်လိုပါသည်။ ထို့အတွက် မပူပင်ရသော သူ သင်က ကောင်းမွန်စွာ အသက်ရှင်နေခြင်း နှင့် ကျန်းမာသော ကိုယ်ခန္ဓာ ပိုင်ဆိုင်ထားပါ က မိမိကိုယ် မိမိ ဂုဏ်ယူသင့်ပေသည်။ အစာရေစာ မရ၍ သေဆုံးရ သောသူထက် စားရသူ သင်က ပို၍ ကောင်းပါသည်။ တစ်ခါတလေ ကျွန်တော် တို့သည် တနေ့ လာ ဒီဟင်း ဒီထမင်း ကို သုံးကြိမ် (သို့) နှစ်ကြိမ်
စားရသည်ကိုပင် ငြီးငွေ့ နေလေသည်။ တချို့ သော သူများသည် ဒုက္ခ နှင့် ရင်နာစရာ အဖြစ်ကို ရှောင်ကွင်း ရန် မိမိ ကိုယ်ကို မိမိ အဆုံးစီရင်ရန် ရွေးချယ် ခဲ့ကြသည်။
ဤ ရွေးချယ် မှု လမ်းမှာ လွန်စွာမှားယွင်းသော ရွေးချယ်မှုသာ ဖြစ်ပေလိမ့်မည်။ သူတို့ ထင်မှတ် မှား ခဲ့ကြသည် မှာ မိမိ ဘ၀သည် လွန်စွာ ခက်ခဲ ကြမ်းတမ်းသည၊် မိမိ သည်သာလျင် အဆိုးဆုံးဘ၀ ကို ခံယူ ရရှိ ကြသည် ဟု ဖြစ်ပေလိမ့်မည်။ အမှန်တကယ် သူတို့ မတွေး မိ ခဲ့သည်မှာ ဘယ်သူတွေဟာ ပိုက်ဆံမရှိ တဲ့ ဘ၀နဲ့ ရပ်တည် နေကြောင်း၊မိဘ မဲ့ ဘ၀ ၌ ရပ်တည် နေကြောင်း၊ စားရ မဲ့ သောက်ရမဲ့ ဘ၀ ၌ ဘ၀ကို ရပ်တည် ရှင်သန်နေကြ ကြောင်း ကိုပင် ဖြစ်ပေလိမ့်မည်။ အရေးကြီး ဆုံး သူတို့ မေ့ထား သည်က သူတို့ ချစ်သော သူတွေ မည်မျှရှိကြောင်း ပင်ဖြစ်ပေသည်။
ကမ္ဘာတွင် ရှင်သန်နေကြသော သက်ရှိမှန် သမျှတို့၏ ဘ၀ သည် အလွန် ခက်ခဲစွာ ရုန်းကန် ရှင်သန်ရပါသည်။ထို အခက်အခဲကို ရင်ဆိုင် ခဲ့ကြသော သူများသည် ဖြစ်ခဲ့ ပြီးသော အတိတ် နှင့် ဖြတ်သန်း ခဲ့သော ဘ၀ ကို ဖြေရှင်းရန် မိမိကိုယ် ကို အဆုံး(suicide) ခြင်း ကို မရွေးချယ် မချဉ်းကပ် ခဲ့ကြသည် မှာ အမှန်တရားဖြစ်ပါသည်။ မိမိ ကိုယ် ကို သာ ကွက်ကြည့်နေ မည့်အစား မိမိ ပတ်ဝန်းကျင် ကိုလဲ သေချာ စဉ်းစားကြည့်ပါက မပြန်လမ်း ကို ရွေးချယ် လိမ့်မည် မဟုတ်ပေ။
ပိုက်ဆံ သည် ဘ၀ရပ်တည် ဖို့ဟု အလွန်အရေးကြီးသည် ဟု ထင်နိုင်ပါသည်။ မှားသည်ဟု မဆိုသော် လည်း ရာနှုန်းပြည် မမှန်ပါ။ ဘ၀ ကို ပိုက်ဆံ များ နှင့် နေ၍ မိတ်ဆွေ မရှိသော ဘ၀၊ အမှန်တရား နှင့် ချစ်ခြင်း မေတ္တာ မရှိသော နေရာတွင် လူသည် အသက်ရှင် မနေချင် လောက်အောင်ဖြစ်နေပေလိမ့်မည်။ အကယ် ၍ သင်သည် အဓိပ္ပါယ်မရှိသော မိမိ ကိုယ် မိမိ အဆုံး စီရင်ခြင်း(suicide) လုပ်ခြင်း ကို ရွေးချယ် မည် ဆိုပါက လမ်းမပေါ် ထွက်၍ ကြည့်လိုက်ပါ အုန်း မိမိ ထက် ဆိုသော သူတွေ၊ အစာ တလုတ်တွက် တောင်းရမ်းနေရသူတွေ၊ ကူညီ သူမဲ့ မိဘ မဲ့ ကလေးတွေ၊ ခို ကိုးရာ မဲ့ မသန်မစွမ်းတွေ၊ ဘ၀ ကို ကြံ့ ကြံ့ ခံ ရင်ဆိုင် နေကြတယ် ဆိုတာ သင်သိ၍ ၄င်း လမ်းမှ ရှောင်ဖယ်နေနိုင်ပေမည်။ ထို့ နောက် သင်၏ ကိုယ်စိတ်နှလုံး ကို ကြံ့ခိုင်အောင် ပြင်ဆင်လိုက်ပါ အုန်းလေ။
ထိုထက်မ က လမ်းမ သို့ မထွက်ကြည့်နိုင် လျှင်လဲ ခဏလောက် သင်ကို သင် ပြန်လည် သုံးသပ် ကြည့်လိုက်ပါအုန်း၊ သင်ဘေးမှာ ဘယ်သူတွေ ရှိနေလဲ၊ သင်မှာ ဘာတွေ ပိုင်ဆိုင်ရာ ရှိလဲ ဆိုတာ စဉ်းစားကြည့်ပါ။ အကယ် ၍ သာ သင် အသက်ရှူနေသေး ရင်ဖြင့်၊ ကျန်းမာ နေသေးရင်ဖြင့် သင်လောက် ကံကောင်းသူ မရှိတော့ ပါ။ အမြဲ သတိရပါ ဘ၀ ဆိုတာ မလွယ်ကူဘူး ဆိုတာကို၊အကောင်းဆုံး ရွေးချယ် မှု လမ်းကတော့ အသက်ရှင် နေပေးပါ၊ ရီမော လိုက်စမ်းပါ၊ ချစ်လိုက် စမ်းပါ၊ အနား ယူဖို့ လဲ မမေ့လေ နဲ့....ဒီကမ္ဘာပေါ်မှာ အရေးကြီးဆုံး က အသက်ရှင်နေပေးပါ။။။။



ဒီးဒိုး....
၁၆.၀၃.၂၀၁၀


မြန်မာ နိုင်ငံတွင် နေထိုင်လာ သည့် သက်တမ်း ၃၀ ကျော် သည်အထိ မိမိကိုယ် မိမိ အဆုံး စီရင်သွားသည် သတင်း တစ်ခါ မျှမကြားဖူးပါ။ ကျွန်တော် ဗဟုသုတ နည်း သည်လည်း ဖြစ်နိုင်ပါသည်။ သတင်း တပုဒ် တွင် မြန်မာနိုင်ငံ တွင် မိမိ ကိုယ်မိမိ အဆုံးစီရင် သွားသည့် သတင်း ဖတ် လိုက် ၍ ဤစာရေး ခြင်းဖြစ်ပါသည်။ ကျွန်တော် ၏ ခံယူ ချက် အယူအဆ သာ ဖြစ်ပါ ကြောင်း။ မှားနေသည် တွေ့လျှင် ပြင်ပေးနိုင်ပါ ကြောင်း နှင့် ပြင်ဆင် လမ်းညွန်သော မည်သူ့ ကို မဆို အထူးကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားလိုပါသည်။

အတ္တ

ချစ်သူရေ..
မင်းကို သိပ်ချစ်မိတယ် ဆိုတာ
မင်းထားခဲ့ ပြီးတဲ့နောက်
ငါ့ရင်မှာ ထွက်တဲ့ နေတစင်းပေါ့
မင်းမရှိတဲ့ နေ့
အထီးကျန် မဆန်ဘူး
ရင်၌ လွမ်းနေတာ မင်းဘဲလေ။

ချစ်သူရေ...
မင်းကို လွမ်းမိတယ် ဆိုတာ
မင်းမရှိတဲ့နောက်
ငါ့ရင်မှာ ကွယ်နေတဲ့လမင်းတစင်းပေါ့
မင်းမရှိတဲ့ ည
ပျော်ရွင်စွာအိပ်စက်မယ်
အိပ်မက်ထဲ တို့တွေ့နိုင်တာဘဲလေ။

ချစ်သူရေ...
ဘယ်ရင်ခွင်ရောက်ရောက်
ဘယ်နေရာမှာဘဲ ဖြစ်ဖြစ်
မင်းရင်မှာ တမ်းတလွမ်းနေသူဟာ
ငါဘဲ ဖြစ်ချင်တယ်။



ဒီးဒိုး
၂၄၊၀၃၊၂၀၁

Wednesday, March 24, 2010

အမျက်ပြေ...

ရေမိုးရယ် ချိုးပြီးရင်ဖြင့်
ပါးပြင်ထက် မွေးမွေး ရယ် ကြူစေမယ့်
လိမ်းချယ်ရန် အဆင့်သင့်အောင်
သွေးပေးမှာ သည်မောင်က
ရှင်မတောင် သနပ်ခါး။

ရင်အစုံ လှိုက်ကာမောလို့
လန့်နိုးပေါ့ အိပ်မက်ဆိုးက
ဘယ်မပူ အားကိုးရယ်မလိုဘူး
နီးနားမှာ သည်မောင်က
နှစ်သိမ့်မယ် ခဏလေး။

သည်မိုးရယ် ခြိမ်းသည့်ခါ
တယောက်တည်း ရွှေအားရယ် မငယ်ရစေဘူး
သည်ရင်ခွင် ခိုဝင်နားစေဖို့
ပြင်ထားတယ် သည်မောင်က
'မ' နားခိုရာ။

ရွှေစိတ်တော် ညိုးတဲ့ခါ
ရင်တွင်းဖြစ် သီချင်းတော်နဲ့
ရွှေစိတ်တော် လန်းစေဖို့
သီဆိုမယ် သည်မောင်က
ချိုလွင် သီချင်း။


ဒီးဒိုး
၂၄၊၀၃၊၂၀၁၀

Saturday, March 20, 2010

လုပ်ဆောင်ကြပါစို့

"People will forget what you said. People will forget what you did.
But, people will NEVER forget how you made them feel."

" ကျွန်တော် တို့ ပြောဆိုသမျှကို လူတွေက မေ့လိုက်ကြလိမ့်မယ်။ ကျွန်တော် တို့ လုပ်ဆောင် သမျှ ကိုလဲ လူတွေက မေ့လိုက်ကြမယ် ဆိုပေမယ့် လူတွေ ဘယ်တော့မှ မမေ့နိုင်မှာ ကတော့ ကျွန်တော်တို့ သူတို့တွေကို ဘယ်လို ခံစားမှု ပေးခဲ့တာ ကိုဘဲလေ။"



သစ္စာ ငါ့စာဖတ်၍.မမြတ်တိုင်စေ..မရှုံးစေသား..ပျင်းပြေနှစ်ခြိုက်..တေွးဖွယ်ထိုက်ရာ တစ်ပုဒ်တစ်လေ..တွေ့ငြားပေမူ..စာပေကျေးကျွန်.ငါ့ဝတ်ပွန်ပြီ..ငါမွန်အမြတ်.. ငါအတတ်ဟု..စာဖတ်သူပေါ်..ခေါင်းကိုကျော်၍..ငါသော်ဆရာ..မလုပ်ပါတည်း.။ (တက္ကသိုလ် ဘုန်းနိုင်) တင်ဦးလွင်

အလွန်လှပသော ကိန်းဂဏန်း လေးများ

၁ X ၈ + ၁ =
၁၂ X ၈ + ၂=
၁၂၃ X ၈ + ၃ =
၁၂၃၄ X ၈ + ၄ =
၁၂၃၄၅ X ၈ + ၅ =
၁၂၃၄၅၆ X ၈ + ၆ =
၁၂၃၄၅၆၇ X ၈ + ၇ =
၁၂၃၄၅၆၇၈ X ၈ + ၈ =
၁၂၃၄၅၆၇၈၉ X ၈ + ၉ =

ပြီးနောက်


၁ X ၉ + ၂ = ၁၁
၁၂ X ၉ + ၃ = ၁၁၁
၁၂၃ X ၉ + ၄ = ၁၁၁၁
၁၂၃၄ X ၉ + ၅ = ၁၁၁၁၁
၁၂၃၄၅ X ၉ + ၆ = ၁၁၁၁၁၁
၁၂၃၄၅၆ X ၉ + ၇ = ၁၁၁၁၁၁၁
၁၂၃၄၅၆၇ X ၉ + ၈ = ၁၁၁၁၁၁၁၁
၁၂၃၄၅၆၇၈ X ၉ + ၉ = ၁၁၁၁၁၁၁၁၁
၁၂၃၄၅၆၇၈၉ X ၉ + ၁၀ = ၁၁၁၁၁၁၁၁၁၁


ထို့ထက်ပို၍


၉ X ၉ + ၇ = ၈၈
၉၈ X ၉ + ၆ = ၈၈၈
၉၈၇ X ၉ + ၅ = ၈၈၈၈
၉၈၇၆ X ၉ + ၄ = ၈၈၈၈၈
၉၈၇၆၅ X ၉ + ၃ = ၈၈၈၈၈၈
၉၈၇၆၅၄ X ၉ + ၂ = ၈၈၈၈၈၈၈
၉၈၇၆၅၄၃ X ၉ + ၁ = ၈၈၈၈၈၈၈၈
၉၈၇၆၅၄၃၂ X ၉ + ၀ = ၈၈၈၈၈၈၈၈၈


၁ X ၁ =
၁၁ X ၁၁ =
၁၁၁ X ၁၁၁ =
၁၁၁၁ X ၁၁၁၁ =
၁၁၁၁၁ X ၁၁၁၁၁ =
၁၁၁၁၁၁၁ X ၁၁၁၁၁၁ =
၁၁၁၁၁၁၁၁ X ၁၁၁၁၁၁၁ =
၁၁၁၁၁၁၁၁၁ X ၁၁၁၁၁၁၁၁=
၁၁၁၁၁၁၁၁၁၁ X ၁၁၁၁၁၁၁၁၁=

Forward mail မှ ပြန်လည် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ဆက်လက်ဖော်ပြပါမည်။

မဟုတ်သေးဘူး

ဆန်းတော့မဆန်းဘူး
ဒါပေမယ့်
ကြားကြားရတိုင်း အံ့သြလို့ မဆုံးဘူး။

စဉ်းစဉ်းစားတိုင်း
စိမ်းစိမ်းစိုတဲ့ တိုင်းပြည်
နီနီရဲ ချယ်သခဲ့ပြီ။

ဟိုလမ်းမထက်
ဒီမြစ်ကမ်းတွေနဲ့
ချောင်းလက်တက်ပါ
ဘုရားစေတီ
လက်ဝါးကားတိုင်
ပြိုပြိုလဲပြီ။

ဆန်းတော့မဆန်းဘူး
ဒါပေမယ့်
ကြားကြားရတိုင်း အံ့သြလို့ မဆုံးဘူး။

ဟုတ်သေးပါဘူး.။

ဒီးဒိုး။
၁၂၊၀၉၊၂၀၁၀။

ပြီးဆုံးခြင်း..

THE END …

Life ends when you stop Dreaming.

Hope ends when you stop Believing.

Love ends when you stop Caring.

And Friendship ends when you stop Sharing

အဆုံးသတ်။

မင်းရဲ့ မျှော်လင့်ချက်(အိပ်မက်)တွေကို ရပ်လိုက်ရင် ဘ၀ ဟာအဓိပ္ပါယ် မရှိတော့ဘူး။
မင်းရဲ့  ယုံကြည်ချက် တွေသာမရှိရင် မျှော်လင့်ချက်တွေ လဲမရှိတော့ဘူး။
မင်းရဲ့  ဂရုစိုက်မှု တွေသာမရှိရင် အချစ်တွေလဲ ကုန်ဆုံးပြီ။
မင်းရဲ့  ပွင့်လင်းရင်းနှီး မှုတွေလဲ မရှိတော့ရင်ဖြင့် မိတ်ဆွေ(သူငယ်ချင်း)ဘ၀လဲ အဆုံးသတ်ပြီ။


အမေ(သို့) အမ တစ်ယောက် ကဲ့သို့ ကျွန်တော် အပေါ် ဂရုစိုက်တတ်သော ကျွန်တော့်အမကြီး ပို့လိုက်သော စာကို ဝေမျှခြင်းဖြစ်ပါတယ်။ ပေးပို့တာတော့ English လိုပါ။ မြန်မာ လိုကတော့ တတ်သလောက် မှတ်သလောက် ပြန်ဆိုလိုက်ခြင်းဖြစ်ပါတယ်။ အဓိပ္ပါယ် လွဲမှားခဲ့မယ် ဆိုရင်ဖြင့် ပြန်ဆိုသော ကျွန်တော် အမှားသာ ဖြစ်ပါသည်။

Friday, March 19, 2010

မန္တလေးသား စစ်စစ်ကြီးပါဗျာ..

ိယခုအခါ မန္တလေး မြို့  သည် ဒုတိယ ဟောင်ကောင် ဟုပင် ရေပန်းစားလျက်ရှိပါသည်။ Real Mandalay Thar ဗီဒီယိုမှ ထို စကား မှန်ကန်ကြောင်း ထောက်ပြပေး နေသည် ဟု ထင်မိပါသည်။

Real Mandalay Thar from chanmyasoe on Vimeo.

Thursday, March 18, 2010

နောက်မှလိုက်ခဲ့မယ် သူငယ်ချင်း....

ဖြစ်ပျက်သမျှဟာ မြန်ဆန်လွန်းလို့
နောက်ဆုံးပုံရိပ်လေးဘဲ
မှတ်ညဏ်ထဲ မှတ်မိတော့တယ်။

ခိုလေးတွေ အစာကျွေးနေတုန်း
ငြိမ်းချမ်း မှုတွေ ပျောက်ဆုံးခဲ့တယ်။
တကယ့်ကို ခဏလေးပါဘဲ။

အဖြူရောင် ဂျိုးငှက်လေး
ရုတ်တရက် ပျံသွားခဲ့တာ
ဝမ်းစာ ပူဆာ မနေသာ တဲ့
သိမ်းငှက်ရဲ့  တိုက်ခိုက်ခြင်းဟာ
ဂျိုးငှက် ရဲ့  နောက်ဆုံးနေ့ ကို ဆုံးဖြတ်ပေးနိုင်လို့ဘဲ။

အဖြူရောင် ဂျိုးငှက်လေး ဘ၀ဟာ
အမှောင်ကို ရုတ်ချည်းပြောင်းလဲ
အားလုံးကိုထား ခဲ့ရမယ်လို့
ငါ့ကို ပမာပြလိုက်သလိုပါဘဲ။

သက်ရှင်နေထိုင်ဖို့ဘဲ ရှေ့ ရှုမလား
သေခြင်းတရား ကိုကျော်ကာထားလို့
ဘ၀ကို ပျော်ပျော် လေးဘဲနေကာထား။

မမျှော်လင့်တဲ့ အချိန်၊နေရာ မှာ
သေခြင်းတရား သိမ်းငှက်ဟာ
ဂျိုးငှက်ကို တိုက်ခိုက်သလို
တိုက်ခိုက်ခြင်း မခံရသေးခင်
နေခြင်းနဲ့ သေခြင်းကို
တို့တတွေ ချိန်ခွင်လျှာ ညှိကြရအောင်။

တူညီခြင်းတွေ မရောက်လာခင်
အချိန်ရှိတုန်း ကြိုးစားနေတုန်း
ရင်မှာမျှော်လင့်ချက် ရင်ဝယ်ပိုက်နေတုန်းမှာဘဲ။

သူငယ်ချင်းရေ.....မင်းသွားနှင့်တော့
နောက်မှလိုက်ခဲ့မယ်
ကောင်းရာသုဂတိလားစေဖို့
မင်းအတွက်ငါ အမျှဝေမယ် သူငယ်ချင်း.....
နောက်မှလိုက်ခဲ့မယ် သူငယ်ချင်း....


ဒီးဒိုး
၀၃၊၀၃၊၂၀၀၁၀

အတိတ် ကို ယူဆောင်လာပါ။

ဘယ်သူမှ နောက်ကြောင်းပြန်လှည့်ပြီး
ဖြစ်ခဲ့ပြီးသမျှ ကို အသစ်ပြန်စလို့မရဘူး။

တို့တွေဟာ လူသားတွေဘဲ
စာနာမှု တရားထားလို့
တို့ဘ၀ ရဲ့ ဆုံးခြင်းအသစ်ကို
လက်တွဲလို ပြန်စကြရအောင်။

အတိတ်ရဲ့ အရိပ်မဲ ထိုးနှက်ချက်ကြောင့်
တို့တွေ ဘ၀ကို ပြည့်စုံစွာ မနေရဘူး။

တို့တတွေ ဟာ တို့တွေပြုလုပ်ခဲ့တဲ့ အမှားတွေ။
တို့တတွေ ဟာ တို့တွေရရှိခဲ့တဲ့ အတွေ့အကြုံ။
တို့တတွေ ဟာ စွန်းထင်ခဲ့တဲ့ မှဲ့နက် လေး တစ်ခုဖြစ်ပြီ။
တို့တတွေရဲ့ ကိုယ်ရည်ကိုယ်သွေးဟာ
ဒီနေ့ တို့တတွေ ကိုယ်တိုင်ဘဲ ဖြစ်တယ်။

တို့တတွေ ဟာ တို့တတွေကို တို့တတွေ မပြောင်းလဲ နိုင်ဘူး
တို့တတွေ ဖြစ်ချင်တာ ကိုတော့ တို့တတွေ ပြောင်းလဲ မယ်။

ဒီနေ့ဟာ မနေ့က ငါ့အတွက် ရှက်စရာနေ့
ဒီနေ့ ကို ယူဆောင်လို့ မနက်ဖြန်အတွက် သင်ယူမယ်။

ဆုံးရူံး မှုတွေကို ယူဆောင်ပြီး
မနက်ဖြန် အောင်မြင်ဖို့တွက် တံတာခင်းမယ်။
ဆုံးရူံးမှု အရသာ မခံစားဘဲ
အောင်မြင်မှု ကို ဘယ်လို ခံစားမလဲ။


အတိတ်ကို မမေ့ နဲ့
ဒါပေမယ့် အတိတ်မှာ ဘဲ နေထိုင်ဖို့ မဟုတ်ဘူး။
ငါဆီမှာ ဘာဆိုဘာမှမရှိအောင်
လွင့်ပစ်ပြီးတဲ့ အခါ
ပြီးပြည့်စုံ ခြင်းတွေ ခေါ်ဆောင်လာမယ်။

ခွင့်လွတ်ခြင်း ဆိုတာ
ရင့်ကျက်သန်မာခြင်း ရဲ့  ခေါင်းစဉ်တစ်ခုပေါ့
ခွင့်လွတ်တတ်အောင် သင်ယူမယ်။
ခွင့်လွတ်ခြင်း က အတိတ်ကို မဖျက်စီးနိုင်ပေမယ့်
မျှော်လင့်ခြင်းတွေ ကိုတော့ အရောင်တောက်ပလာစေနိုင်တယ်။

အတိတ် ကို ယူဆောင်လာပါ
ချိုမြိန်ခြင်း ရော ခါးသီးမှုပါ။

အမှားအယွင်းတွေ ယူဆောင်ခဲ့အုန်း
အကြီးကြီး ရော အသေးအမွှားပါ။

အတွေ့ အကြုံ အားလုံး
ကောင်းတာတွေ နဲ့ ဆိုးတာ တွေပါ။

အဲဒါတွေနဲ့ တို့တတွေ ရဲ့ အနာဂတ် လှပဖို့တွက်
အားအင်တရပ် ဖန်တီးကြမယ်
တို့ရဲ့  အတိတ်တွေဟာ
တို့ရဲ့  အနာဂါတ်ကို
အရောင်တောက်ပစေ နိုင်တယ် မဟုတ်လား။




ဒီးဒိုး

၀၁၊၀၃၊၂၀၁၀

ည နဲ့ နေ့

နေ၀င်ချိန်ပြီးတဲ့နောက်
ငါ့မြို့ တော် အိပ်ပျော်နေပြီ..
ထိန်ထိန်ညှီးနေတဲ့ ရွှေပြည်တော်
မြဲတစေ လင်းနေတဲ့ ရောင်ခြည်တွေအောက်
အိပ်စက်ခြင်းကို ရှာဖွေနေဆဲ
နေ့လဲလင်း ညလဲလင်းလို့
လမင်းကိုတောင် မေ့နေကြလေရဲ့။

ည က နေ့ကို လက်မြောက် အရူံးပေးရင်း
နေ့ ရဲ့  ထိုးနှက်မှု တွေအကြောင်း
တစိုးတစိတောင် ဖွင့်ဟမသွားခဲ့ဘူး။

အချိန်တန်တော့ နေ့ က ညကို ရူံးသွားပြန်ရော။
အဲဒီ ကစားပွဲမှာ လူရွှင်တော် လဲပါတယ်။
သဘင်သည် လဲပါတယ်။
သူရူးလဲ ပါသလို ကလေးငယ်လဲပါတယ်။

ငါ့ ရွှေပြည်တော် ကြီးလဲ မှောင်မဲ လာတော့
နေ နဲ့လ တို့လဲ ထက်အောက် တလှည့်စီပေါ့
နတ်ကောင်း နတ်မြတ် တို့ လဲ ထပြီး ထမင်းစားလိုက်ကြအုန်း
ကြားကြ ရဲ့ လား လူအများရဲ့  ရင်ခုန်သံကို

ဒါဟာ အိပ်စက်ခြင်းလို့ ဆယ်ကျော်သက်တွေက ထင်တယ်
အမှန်တော့ ဘ၀ရဲ့  နေထိုင်ခြင်းဘဲ လို့ဆိုရင်း
သူတို့ကို အကန်းဘ၀ ထဲ ခေါ်ဆောင်သွားတယ်။

တခါတလေ......
အထူးသဖြင့် ညအခါမှာပေါ့
ငါတို့ မျက်စိ တွေ အဝေးကြီးကို မမြင်နိုင်တော့
အိပ်မက် ဘဲ ဆက်မက်ကြတာပေါ့။

ချဉ် နိုင်သမျှ ချဉ်တဲ့ အချဉ်ဆုံး သံပုရာသီးကို
အကောင်းဆုံးလို့ ဆိုပြီးရင်
နေမင်းကို ကန်ချဖို့
လမင်း ထွက်လာလိမ့်မယ်
နေမင်းကို လဲ လွတ်လပ်တဲ့နေရာ
လွတ်လပ်စွာ ပျံသန်းဖို့
ပတ်လမ်း တစ်ခုတော့ လိုနေလိမ့်အုန်းမယ်။

အမှန်တကယ်တော့
ညနက်သန်းခေါင်ယံမှာ
ကြည်လင်တောက်ပ တဲ့
အပြာရောင်ကောင်းကင်ကို
ငါလိုက်ရှာရင်း
ငါ့ ကိုငါ ပျောက်ဆုံး ခဲ့ရတယ်။




ဒီးဒိုး
၁၈၊၀၃။၂၀၁၀

Wednesday, March 17, 2010

ပြန်ခဲ့တော့(သို့)".........."

ဝါ ရင့်ရင့် မီးရောင်အောက်
မင်းထား ခဲ့တဲ့ ဘ၀ အတိုင်း
ပြိုကွဲ စ အိပ်မက်အပိုင်းကို
လိုက်ရှာလို့နေဆဲ။

ဝါရင့် ရင့်ရောင်လမ်းထက်
မင်းပြော ခဲ့တဲ့ ဂတိ အတိုင်း
ပြိုကွဲစ နှင်းမှုံ အပိုင်းကို
ဆုပ်ကိုင်ဖို့ ကြိုးစားဆဲ။

မမေ့နိုင်ဘူး အသျှင်
ငါ့မေတ္တာ မခမ်းနိုင်တဲ့
စမ်းချောင်း တသွင်သွင်စီးပါလို့
မင်းရှိရာ သို့ တလွင်......လွင်။


မမှန်းသေးဘူးဆိုရင်ဖြင့်
ထွက်ခဲ့တော့ ပုန်းရှောင်ရာ အရပ်ဆီက
ကျေနပ်အောင် တိုးကာ ချစ်လို့
ခက်ခဲ မှု ဒီတောင်ကို လှ
ကိုယ် ထမ်းလို့.......ကျော်။



ဒီးဒိုး
၁၃.၀၃.၂၀၁၀

ဇယား..

မင်းဆွဲတဲ့ ဇယားထဲ
ငါဟာ သုည ဆိုတဲ့ နံပါတ်လေးတစ်ခုပေါ့
တန်ဖိုးမရှိ ဘူးဆိုပေမယ့်
မင်းရဲ့ တန်ဖိုးရှိ နံပါတ်တွေ နောက်မှာ
ထည့်ထည့်သုံးရင်း မင်းရဲ့ ဇယား
တန်ဖိုး တက်ခဲ့ပေါ့၊

မင်းရဲ့  အစ်ကို ဇယား မှာ
ငါဟာ ပင့်သက်ရိုက်သံကို
အတင်းမျိုချလို့ အိမ်ပြန်ချိန်တောင် မရှိခဲ့ဘူး။

မင်း ရေးတဲ့ ဇယား မောင်လေးတဲ့လား
မင်းတို့ရောက်ခဲ့ နေရာတစ်ခု
မာကြူရီ မီးတောင် မလင်းနိုင်လို့
မှိတ်တုပ် မီးရောင်အောက်
လှုပ်ခါသွားတဲ့ ခြေလေးချောင်း
ငါ့အတွက်တော့ မထင်နိုင်စရာပါဘဲလေ။

၁၉ရာစုမှာ ဖွားတဲ့ ငါ
၂၀ ရာစုမှာ ကျန်ခဲ့ပြီ
ပေါင်း၊နုတ်၊မြှောက်၊စား
ကျမ်းမကျေ သလို ၂၁ရာစုရဲ့ 
မင်းတို့ရဲ့  ဇယား မပိုင်ခဲ့ဘူး

ပိုင်ဆိုင်တဲ့ ဦးနှောက် ခြောက်ခမ်းမတတ်
စဉ်းစားဘယ်လို ရှိခဲ့ပေမယ့်
မောင်နှမ ဇယားကို အဖြေရှာမထွက်ခဲ့။

၂၁ရာစုရဲ့ ချစ်ဇယား ဟာ
မောင်နှမ ဆိုရင်း အတည်တကျ ဖြစ်ဖို့
ကင်းကင်းကွာကွာ နေလို့ မဖြစ်နိုင်ဘူးလား။

လာပြန်ပြီ အလျော် အစား တဲ့လား...
ဘယ်သူကို လျော် လို့
ဘယ်သူ ဆီက စားမယ်
တွက်ချက်ပေါင်း စုံညီတယ်
အနှစ်ရှိ အချစ်တွေ မလိုဘူး
ဦးသူ စားလို့ အ သူကိုလျှော်မယ်
အကြင်နာတွေမလိုဘူး
ဟိုအဝေးက နုတ်ခမ်းတစုံ
ကြင်နာသူ ကိုမျှော်ရင်း
ဇယားထဲ ကလွင့်ထွက်ချိန်
ဘယ်တော့လဲ
မေး ငေါ့ကာနေ လေရဲ့ ။

သုည ကိုတော့ အလျော်မရှိသလို
အစားလဲမရှိခဲ့ဘူး ဆိုပေမယ့်
နံပါတ်တွေရဲ့  နောက်
ခဏခဏ ကပ်ကပ် သုံးနေလို့
မော ဟိုက်ကာ နေလေရဲ့ ။

လူတိုင်းနဲ့ ရင်ခုန်လို့
ခင်းတဲ့ဇယားထဲ
အချစ် ဟာ အနုတ်ကိုပြနေလို့
နွမ်းလျလှ အမော တွေနဲ့
အိမ်ပြန်ချိန်ကို စောင့်နေလေရဲ့။




ဒီးဒိုး
၁၇၊၀၃၊၂၀၁၀











Sunday, March 14, 2010

"ထမင်း ကျွေးသော လက်ကို ပြန်မကိုက်ပါ နှင့်။"

"ထမင်း ကျွေးသော လက်ကို ပြန်မကိုက်ပါ နှင့်။"

ယနေ့ ခေတ်တွင် တွင်ကျယ်စွာ သုံးနေသော စကားလုံးဖြစ်မည်ထင်ပါသည်။ ကျွန်တော်သည်သူတပါးလက်အောက်တွင် အလုပ်လုပ်သော သူတယောက်သာ ဖြစ်ပါသည်။ အလုပ်ရှင်သည် မိမိ၏ ထမင်းရှင်ဟု ဆိုလျင် ယေဘူယျ အားဖြင့် မှန်မည် ထင်ပါသည်။ သို့သော် ကျွန်တော် ၏ ခံယူချက်မှာ ထို့သို့ မဟုတ်ပေ။ အလုပ်ရှင် သည် ကျွန်တော် ၏ လုပ်အား၊အသိပညာ၊အတွေ့အကြုံ ကို အလုပ်ရှင် ပေးသော လစာ နှင့် လဲလှယ် ခြင်း ဖြစ်သည်ဟု ယုံကြည်ပါသည်။
ထို့ထက် ပို၍ အလုပ်ရှင်သည် ကျွန်တော် ၏ customer တစ်ယောက် အနေ နှင့် မြင်ပါသည်။ ကျွန်တော် ၏ လုပ်အား၊အတတ်ပညာ၊တွေ့အကြုံဟူသည် များကို အလုပ်ရှင်ဆို သူအားရောင်းချ ခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်၏ လုပ်အား၊အတတ်ပညာ၊အတွေ့အကြုံ ကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချလိုပါ သည်။ကျွန်တော် ၏ လုပ်အား၊အတတ်ပညာ၊အတွေ့အကြုံ ကို လဲ အရည်အသွေး ပြည့်မီ အောင် လုပ်ပါသည်။ အလုပ်နှင့်ပတ်သက်၍ ခိုကပ်ခြင်း၊လှည့်ဖျား လုပ်ကိုင် ခြင်းအလျဉ်း မရှိခဲ့ပါ။ မြန်မာ ပီပီ မိမိcustomer ကို အဆစ် ပေးနိုင်ပါသည် ပေးခဲ့ပါသည်။ သို့သော် အလကား တော့ဖြင့် မပေးနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် အလားကား တစ်ခုမှမရ ခဲ့ခြင်း နှင့် မိမိ ကို ထမင်းကျွေးသော လက်ကို ပြန် မကိုက်ခြင်းသာ ဖြစ်ပါသည်။ ကျွန်တော် ကို ထမင်းကျွေးသော လက်မှာ ကျွန်တော် ၏ လုပ်အား၊အတတ်ပညာ၊အတွေ့အကြုံ ဖြစ်သည် ဟု ခံယူထားသော ကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော် သည် မိမိ ၏ ရပိုင် ခွင့် ကို တောင်းဆိုခြင်းသာ ဖြစ်ပါသည်။ အလုပ်ရှင် နှင့် ကျွန်တော် စာချုပ်ချုပ်ဆိုခဲ့ စဉ် စာချုပ်ပါ အကြောင်းအရာကို အလုပ်ရှင်မှ လေးစားရမှာ ဖြစ်သလို ကျွန်တော် လဲ လေးစားရ မည် ဖြစ်ပါသည်။ မတရား ခိုင်းစေခြင်းနှင့် လက်တလုံးခြား လှည့်ဖြား၍ ခိုင်းစေခြင်း ကို အလုပ်သမား တယောက်အနေ နှင့် ရပိုင်ခွင့်တောင်းဆို ခြင်းမှာ ထမင်းကျွေးသော လက်ကို ပြန်ကိုက်ခြင်း မမည်ဟုထင်ပါသည်။

အလုပ်ရှင်မှ မိမိ အပေါ်တွင် မတရားခိုင်းစေခြင်းနှင့် လှည့်ဖြား သဖြင့် မိမိမှ လဲ အလုပ်ရှင် အပေါ် ပညာပြ၊တန်ပြန် လိမ်လည် ခြင်းသည် သာ လျှင် ထမင်းကျွေးသော လက်ကို ပြန်ကိုက်ခြင်း ဖြစ်သည် ဟု ထင်ပါသည်။
မိမိ၏ အတတ်ပညာ၊အတွေ့အကြုံ၊လုပ်အားကို ပြီးပြည့်စုံအောင် အသုံးမချ၊အလုပ်၌ ခိုကပ်နေခြင်းသည် ထမင်းကျွေးသော လက်ကိုပြန်ကိုက်သည် ဟုသာ ခံယူပါသည်။

ထို့ကြောင့် ကျွန်တော်သည် အလုပ်ရှင် ထံ သို့ တောင်းဆိုပိုင်ခွင့်ရှိသမျှတောင်းဆို မည် ဖြစ်သကဲ့သို့ ကျွန်တော် ၏ ထမင်းရှင်ဖြစ်သော အတွေ့အကြုံ၊အတတ်ပညာ နှင့် လုပ်အား တို့ ကို ခို ကပ်ခြင်းမရှိ၊အစွမ်းကုန် အသုံးချမည် သာဖြစ်ပါသည်။

Friday, March 12, 2010

သေးဖွားလေးကစ

တို့နှစ်ယောက်တူ
ဘ၀ကို သုံးဖြုန်းခဲ့တယ်လေ။

တို့နှစ်ယောက်တွက်
တခြားနည်းလမ်း လဲ နတ္ထိပေါ့။

ပျော်ပါတယ် အမြဲတမ်း
ငါ့ဘေးမှာ ငါဖြစ်စေချင်တာထက်
မင်းအကြင်နာ ပိုခဲ့ပြီ။

ဝမ်းနည်းချိန်မှာ လက်ကို ကိုင်ဆွဲရင်း
ငါ့ရင်ကို နွေထွေးဖို့
အနီးဆုံးမှာ ရှိခဲ့ပြီ
အမြဲတမ်း
သေးဖွားလေးကစ
ငါ့တွက် ပေးဆပ်ခဲ့ပြီ။

ပေးဆပ်သမျှ မင်းသိတာ ထက် ပိုနေ ခဲ့ပြန်ပြီ
မပြောပေမယ့် မင်းငါ့ကိုချစ်တဲ့အတွက်
ငါလေ..၀မ်းသာပါတယ်။



ဒီးဒိုး
၁၃.၀၃.၂၀၁၀

စဉ်းစားကြည့်ပါ။

လောကမှာ မင်းနေတယ်ဆိုရင်ဖြင့်
စဉ်းစားကြည့်ပါ။
လွတ်လပ်ခြင်းတွေ မရှိရင်
မင်းဘယ်မှာနေတယ် လို့ ပြောနိုင်မလား။
ဘာတွေဟာ ယုံကြည်ဖို့လဲ။
ဘာတွေ ပြောနိုင်မှာလဲ။

မိသားစုသာ ရှိမနေခဲ့ဘူးဆိုရင်
စဉ်းစားကြည့်ပါ။
မင်းကို ဘယ်သူမှ ဂရုမစိုက်ဘူး။
ကြင်နာသနားခြင်းလဲ ဘယ်သူမှပြမှာ မဟုတ်ဘူး။
ကူညီမှုလဲ ရှိမှာ မဟုတ်ဘူး။

အတတ်ပညာ သာရှိမနေဘူးဆိုရင်
စဉ်းစားကြည့်ပါ။
အလုပ်တစ်ခုလဲ ရ မှာ မဟုတ်ဘူး။
အစားစာ လဲ ၀ယ်နိုင်မှာ မဟုတ်ဘူး။
လမ်းဘေးမှာဘဲ ငါနေရမှာ။

စာလေးသာ မရေးဘူးဆိုရင်
စဉ်းစားကြည့်ပါ။
မင်းကို ဝေဖန် မယ့်သူရှိမှာ မဟုတ်ဘူး။
ကျေးဇူးတင် မယ့်သူရှိမှာ မဟုတ်ဘူး။
ခင်မယ့်သူလဲ ရှိမှာမဟုတ်ဘူး။

စိတ်ကူးညဏ်(အိပ်မက်) သာ မရှိခဲ့ဘူးဆိုရင်
စဉ်းစားကြည့်ပါ။
ဖတ်ခဲ့သမျှစာဟာလဲ စာလုံးတွေအနေ နဲ့ဘဲ ရှိနေလိမ့်မယ်။
ကွန်ပြူတာဟာလဲ ဂိမ်းဆော့ဖို့နဲ့ မောက် ကလေးနှိပ်ဖို့ဘဲ။
ပျော်ရွင်စရာလဲ မရှိတော့ဘူး။

ငါမှာ အမှန်တရားသာ မရှိခဲ့ဘူးဆိုရင်
စဉ်းစားကြည့်ပါ။
ဘယ်သူ့ စကား(သို့) ငါ ဖတ်တဲ့စာ ကိုမှ ယုံကြည်နိုင်မှာ မဟုတ်ဘူး။
ဘယ်မိတ်ဆွေ မှလဲ နောက်ဆုံးအချိန်မှာ ရှိမှာမဟုတ်ဘူး။

ဒါတွေ အားလုံးဟာ ငါ့အတွက် အရေးကြီးဆုံးပါ။
စဉ်းစားပါအုန်း။
ခင်ဗျားတို့ အတွက် ဘာဟာ အရေးကြီးဆုံးလဲ။
ဒီအရာတွေမရှိဘဲ ဘ၀ကို ဘယ်လိုများ ပြောင်းလဲမလဲ။
နေထိုင်မှာလဲ။
ပျော်ရွင်မှာလဲ။

စဉ်းစားကြည့်ပါ.


ဒီးဒိုး
၁၃.၀၃.၂၀၁၀

Thursday, March 11, 2010

ဘာဖြစ်လဲ

""အရေကြီးနေကာမှ ဘတ်စ်ကားက မှတ်တိုင်မှာ ကျောက်ချနေပြန်ပြီ၊ မိန်းမ ကလည်း ထမင်းဗူးကို အချိန်မီ ပြင်မပေးဘူး၊ ကြည့် ရာသီဥတုကလည်း ပူလိုက်တာ..ဟောဟော ဟိုမှာ တုတ်ကြီးနဲ့ လူကြီးက ကလေးပိစိကွေးကို ရိုက်မယ်တကဲကဲ တယ်ငါဆင်းရိုက်လိုက်ရ....
အေးအေးနေစမ်းပါ။ ထိထိရောက်ရောက် ၀င်လုပ်ပေးနိုင်သလား။ လုပ်နိုင်ရင် ၀င်လုပ်ပေးလိုက်။ ကိုယ် မတတ်နိုင်တာတွေ၊ သူတို့ဘ၀ ဇာတ်ကြောင်း သူတို့ကိစ္စတွေ ဘာကြောင့် ၀င်စိတ်ညစ်ခံနေမလဲ။ မိန်းမ ထမင်း အချိန်မီချက် မပေးနိုင်တာ သူ့အကြောင်းနဲ့သူ ရှိမှာပေါ့။ စိတ်တိုနေရင် ကိုယ်ဘဲ ပင်ပန်းတယ်။
ယောနိသောမနသီကာရ တဲ့။ သင့်တင့်မျှတအောင် တွေးယူတတ်ရမှာပေါ့။ ကား နောက်ကျတော့ ဘာဖြစ်မလဲ။အလုပ်လျှောက်တာ နောက်ကျတော့ကော။ မရရုံအပြင် ပိုမရှိဘူး။ ကမ္ကာကြီး ပျက်မသွားဘူး။စိတ်စိတ်အေးအေး ထား။ဖြစ်တတ်ပျက်တတ်တဲ့ လောကသဘာဝတွေဘဲလို့ လက်ခံလိုက်စမ်းပါ။"
ကြည်မင်း (စိတ်ဆင်းရဲခြင်းလွတ်ကင်းအောင်)

အထက်ပါ စာပိုဒ် သည် မိမိ ချိန်းဆိုရာနေရာ သို့ အချိန်မှန် ရောက်မှ ကျေနပ်တတ်သော၊ကြီးနိုင်ငယ် ညှင်း ကို ရွံ့မှန်းသော(တစ်ခါတစ်ရံ အဖေ အမေ မှ ကလေး ငယ်သို့ ရိုက်၍ ဆုံးမ သည်ကို မြင်လျင်ပင် စိတ်၌ မခံချင်)တတ်သော
ကျွန်တော် အား အသိ တစ်ခုပေးလိုက်သလို ဖြစ်သော ကြောင့် သူငယ်ချင်းအပေါင်းကို ဝေမျှခြင်းဖြစ်ပါသည်။

ဘဝဖော်ဆိုတာ

ဟိုအရင် သူမကို ဘ၀အဖော်အဖြစ် လက်တွဲရန် ကျွန်တော် ပြောသောအခါ သူမ ရီပါသည်။ ဘ၀အဖော် ဆိုသည်ကို လဲ ပေါ်လွင်အောင် သူမ နားလည်အောင် မရှင်းပြ နိုင်ခြင်းမှာ ကျွန်တော့် အားနည်းချက်ဖြစ်ခဲ့ပါသည်။ ခုအခါ www.99sanay.com တွင် အမ 99 ဖော်ဆောင်ခဲ့သော 'ဘ၀ အဖော်' ကို သူမ နားလည်အောင် ဖော်ပြခြင်းဖြစ်ပါသည်။ (စာသား ကို ကူးယူဖော်ပြသော် လဲ ခွင့်တောင်းခံခြင်း မရှိပါ...တောင်းပန်ပါသည်။)
. . .

ဘဝဖော်ဆိုတာ

ဘဝဖော်ဆိုတာ ကိုယ်ကလွဲရင် ဘယ်သူကိုမှမယူဘူးဆိုတဲ့လူ မဟုတ်ပါဘူး။
ဘဝဖော်ဆိုတာ ကိုယ့်အားနည်းချက်အားလုံးကို သိသည့်တိုင် ကိုယ့်ကိုရွေးချယ်သူဖြစ်တယ်။

ဘဝဖော်ဆိုတာ ကိုယ်ကိတ်မုန့်ကြိုက်လို့ သူကိတ်မုန့်လိုက်ကြိုက်တဲ့လူ မဟုတ်ဘူး။
ဘဝဖော်ဆိုတာ ကိုယ်ကြက်ဥအကာစားပြီး သူကြက်ဥအနှစ်စားသူဖြစ်တယ်။

ဘဝဖော်ဆိုတာ မိုးချုပ်တာနဲ့ ကိုယ့်လက်ကိုဆွဲပြီး စားသောက်ဆိုင်ထဲဝင်တဲ့လူ မဟုတ်ဘူး။
ဘဝဖော်ဆိုတာ ကိုယ်အပြန်ကိုမျှော်ပြီး ထမင်းအတူစားဖို့ စောင့်နေသူဖြစ်တယ်။

ဘဝဖော်ဆိုတာ အချစ်အကြောင်းပဲဖွဲ့နွဲ့ပြီး "ချစ်တယ်"ဆိုတဲ့စကားကို ပါးစပ်ဖျားကမချသူ မဟုတ်ဘူး။
ဘဝဖော်ဆိုတာ ဆန်၊ ဆီ၊ ဆား၊ အိုးခွက်ပန်းကန်အကြောင်း မြည်တွန်တောက်တီး ပြောတတ်တဲ့သူဖြစ်တယ်။

ပျော်ရွှင်တဲ့အိမ်ထောင်ရေးမှာ ဘဝဖော်ဆိုတာ ကိုယ်အတွက် အတိအလင်း သတ်မှတ်ထားသူဖြစ်ရုံမက ကိုယ်နဲ့အတူ အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ အတိုင်အဖော်ညီမှု၊ ကြင်နာမှု၊ သာမန်ရိုးရှင်းမှု၊ နားလည်မှု၊ ခွင့်လွတ်မှုတွေ မျှဝေပေးသူဖြစ်တယ်။

"နိုင်းနိုင်းစနေ"

www.99sanay.com မှ ကူးယူဖော်ပြပါ သည်။

အရိုးရင့် ရုံ

...............................လျှက်ခနဲ
တွေ့လိုက်ပါရဲ့  ကြယ်လေးတစင်း
ကြွေဆင်းသွားပြီ
...............................ဖြတ်ခနဲ

အချိန်တန် လို့ ကြွေတာလား
တစုံတစ်ခုကြောင့်များလား

ငါ့ဘဝ
ပြန်စဉ်းစား မိတော့

လျှက်ခနဲ..............ဖြတ်ခနဲ............

ဒီးဒိုး
၀၈.၀၃.၂၀၁၀

မိမိ ကိုယ်ကို စမ်းစစ်ခြင်း

အိပ်...............စား................အလုပ်
တနေ့မိုး ချုပ်တော့
ငါ့ကိုယ်ငါ စဉ်းစားမိတယ်။

အိပ်ဖို့အတွက် ပြောစရာမလို
သူ့အလိုလိုသိ ငါအိပ်တယ်၊

စားဖို့အတွက် မိန့်စရာမလို
သူ့လိုလိုသိ ငါစားတယ်၊

အလုပ်လုပ်ဖို့အတွက် ကြိမ်တို့စရာမလို
သူ့အလိုလိုသိ ငါလုပ်တယ်၊

သို့သော်
ငါဟာလူသား
အဟိတရိစ္ဆာန်ထက် မြင့်မြတ်သော်ငြား
ညစဉ် နံနက် မြတ်ဘုရားရှင်အား
ရှိခိုးဦးမချနိုင် ဘယ်ထိတိုင်အောင် မိုက်ဦးမှာလဲ
အိုဘယ့်ငါ........




ဒီးဒိုး.........
၇၊၀၃။၂၀၁၀



ကြိုးစားရ်ျ ဘုရားရှိခိုးနေပါသည်။

Friday, March 5, 2010

ဖောက်ပြန်ခြင်း

ငါ
ဝစွာ စားလို့ ပိုတာသွန်ပစ်ခဲ့တယ်
ငါ့ နီးနားမှာ စားစရာမဲ့
သွန်ပစ်စားစရာ ရှာဖွေစားသောက်
ကလေးငယ်ပေါင်းများစွာ
ငါဟာ သဒ္ဒါတရားနဲ သူများလား.............

ငါ
အမေ့မေတ္တာ ပိုကာနေလို့ အမေ့ပေါ်ဆိုးခဲ့တယ်
ငါ့နီးနားမှာ ငတ်မွတ်မေတ္တာ
မျှော်လင့်တောင်းတ ဘယ်မှာမိဘ
ကလေးငယ်ပေါင်းများစွာ
ငါဟာ ကိုယ်ချင်းမစာတတ်သူများလား...

ငါ
များစွာဝတ်စား ထုပ်ပိုးသိမ်းဆည်း ခဲ့တယ်
ငါ့နီးနားမှာ အရှက်လုံအောင်
ဝတ်စရာမဲ့ နိထ္တိအ၀တ်
ကလေးငယ်ပေါင်းများစွာ
ငါဟာ အတ္တကြီး သူများလား

ငါ
ရှာဖွေဥစ္စာ မဆုံးရုံးအောင် စုဆောင်းထားခဲ့တယ်
ငါ့နီးနားမှာ အားကိုးရာ မရှိ
ခိုကိုးရာမဲ့ ဥစ္စာနထ္တိ
သက်ကြီးအိုပေါင်းများစွာ
ငါဟာ လောဘဇောတတ်နေ သူများလား.

ဟိုမှာ အမိုက်ပုံထဲ စားစရာ ရှာဖွေနေတဲ့ ကလေးတွေ
ဒီမှာ မျှော်လင့်ချက်မဲ့နေတဲ့ မုဆိုးမတွေ
ဟိုမှာ အရှက်လုံဖို့ ဘ၀ ရင်းရတဲ့ ကလေးတွေ
ဒီမှာ ခိုကိုးရာမဲ့ အထီးကျန် တဲ့ အိုကြီးအိုမ တွေ

နာဂစ်မုန်တိုင်း
တရုတ်ငလျင်
ဟေတီငလျင်
ချီလီ ငလျင်

အင်း...........ငါလို လူကြောင့်ဖြစ်မယ်...


ဒီးဒိုး..
်၀၁.၀၃.၂၀၁၀

အမေ

လွန်ခဲ့နှစ် သုံးဆယ်ကျော်
ပြန်ကြည့် မရှိ။
အမေ..
စိတ်ချမ်းသာအောင် လုပ်ပေးတာ
မရှိဘူးနော်။

ရှေ့ ကိုတွေး ရေးရေး
တွေးကြည့် မရှိ။
အမေ..
လူတန်းစေ့ ထားနိုင်ဖို့
သားမှာ အခွင့်အရေး မရှိဘူးလား အမေ....

အနိုင်းမဲ့ မေတ္တာနဲ့ ဒီသားမွေးရ
ဝမ်းရေ စပ်တယ် လို့ တစ်ခါမပြော
ကြိုးစားသားရေ အခါခါအားပေးတာ
ကျေးဇူးတင်မဆုံး
ဒီအမေ ဒီသား ဘ၀ဆက်တိုင်း
ဒီအမေ ဒီသား ဘဲ ဖြစ်ရရင်
အမေ စိတ်ဆင်းရဲနေမလား အမေ..

ဒီးဒိုး..
၀၅.၀၃.၂၀၁၀

အမေ

အမေ..
လွန်ဆန်လို့ မရတိုင်း တမ်းတမိ
အမေ....အမေ

စာ
သားရင်ထဲ မှာ
စာ...
အားငယ်စိတ်တွေ ကြီးစိုးတိုင်း ရေးမိသည့် စာ......


ဒီးဒိုး
၂၅.၀၂.၂၀၁၀

မျှော်လင့်ခြင်း

ချစ်ခြင်း......
မင်းအတွက်တော့ စိတ်နာခြင်းအောက်
စုန်းစုန်းမြုပ်ခဲ့ ရတဲ့ တိုင်းတန်းနှစ် လို...............

မင်းထက်မလျှော့ တဲ့ နာကျည်းခြင်း ရှိပေမယ့်
ငါ့ရဲ့  ချစ်ခြင်းအောက်
အရာအားလုံး ခံစားခြင်းကင်းမဲ့ လို့
ချစ်ခြင်း တစ်ခုတည်း တည်နေခဲ့တာ

ချစ်သူရေ
ပင်လယ်ပြင်ရဲ့  တဖက်ခြားမှာ
အသိုက်အမြုံ တည်ကာဆောက်လို့
ဒီနေ့ထိတိုင် မျှော်လင့်နေတုန်းဘဲ.................

ဒီးဒိုး.
၂၆။၀၂။၂၀၀၆