Tuesday, June 4, 2013

ခြောက်ရောင်ချယ် သက်တန့် (သို့) ကချင်


အမှန်တကယ်တော့ သက်တန့် ဆိုတာ ခုနှစ်ရောင်ရှိတာ လူတိုင်း သိကြတာပေါ့။
သက်တန့်ဆို ဆိုတာ ငြိမ်ချမ်း ခြင်းရဲ့ သင်္ကေတ လည်း ဖြစ်တယ်။ နောက်...
ခရစ်ယာန်တွေ အတွက် ဆိုရင် ဘုရားသခင်ရဲ့ ဂတိတော် နမိတ် လက္ခဏလည်းဖြစ်တယ်။
ဒီတော့ကာ ကချင်(WunPawng) မှာ လူမျိုး ခြောက်မျိုးဘဲ ရှိတော့ ငြိမ်းချမ်းရေးနိမိတ်ဆောင် ခြောက်ရောင်ချယ် သက်တန့် လို့ တင်စားချင်တော့တာပါဘဲ။


ကချင်လူမျိုး (၁၂)မျိုးရှိတယ် ဆိုတော့ ခေါင်းနဘန်းကိုကြီးသွားတာပါဘဲ။
အဲဒါတွေကတော့
၁။ကချင်
၂။တရုမ်း(taron)
၃။ဒလောင်
၎။ဂျိမ်းဖေါ့
၅။ဂေါ်ရီ
၆။ခခူး
ရ။ဒူးလန်း
၈။မရှူ(လော်ဝေါ်)
၉။ရ၀မ်
၁၀။လရှီ(လချိတ်)
၁၁။အဇီး
၁၂။လီဆူး ပါတဲ့ ခင်ဗျာ...။


ဒါကတော့ မသိနားမလည်လို့ ရေးတာ ဒါမှမဟုတ် အလိုကျ အလိုက်ဆောင် လိုလို့ ရေးတာ (သို့်) ခွဲလို့ရ သမျှ ခွဲရအောင်လို့ ရေးတာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။
ကျွန်တော်ဖတ်ဖူးတဲ့ စာတချို့ မှာ နဲ့ သူငယ်ချင်း တချို့ကတော့ စာထဲမှာ ကချင် ၁၂ မျိုးရှိတယ်လို့ ဆိုပါတယ်။
အမှန် ဒါဟာ လုံးဝ အမှားပါ။ အဲဒီ စာကို ပြုစု ခဲ့ သူဟာ သေချာ မလေ့လာဘဲ၊ ဒါမှမဟုတ် လူတစုရဲ့ စိတ်အလိုလိုက် ပီး ခွဲနိုင်သမျှ ခွဲခဲ့ တာပါဘဲ။

ကချင်လူမျိုး လို့ ဆိုရင် ဂျိမ်းဖေါ့၊အဇီး၊မရှု၊ရ၀မ်၊လချိတ် နဲ့ လီဆူး တို့ ဘဲ ဖြစ်ပါတယ်။
ကချင် ဆိုတာ ကတော့ အဲဒီ လူမျိုး ခြောက်မျိုး ကို ပေါင်းစည်းပီး (General term) အနေနဲ့ ခေါ်တာပါ။
ကျွန်တော်မှာ (research) မရှိပါဘူး။ဒါပေမယ့် နားလည်၊တတ်သိတဲ့  လူကြီးများကို သေချာ မေးစမ်းထားတာပါ။
နောက် ဗဟုသုတ အနေနဲ့ကတော့ KIA တွေ ဆောင်းတဲ့ ဦးထုပ် မှာ ထောက် ခြောက်ထောက် ပါပါတယ်။
အဲဒီ ထောက် ခြောက်ထောက်ဟာ ကချင်လူမျိုး ခြောက်မျိုး ကို ကိုယ်စားပြုတယ်လို့ KIA နောင်တော်ကြီးတွေက ပြောပြခဲ့ဖူးတာကို အမှတ်ရနေပါတယ်။

နောက် သူတို့တတွေ စာထဲမှာ ဖတ်ဖူးတာ ခါခူး လူမျိုး ဆိုတာ ကချင်ထဲမှာ ပါတယ်ပေါ့။
အမှန်တော့ ခါခူး ဆိုတာ လူမျိုး မဟုတ်ပါဘူး။ နေရာဒေသ ပါ။
ခါခူး ဒေသမှာ နေတဲ့ ဂျိမ်းဖေါ့ ၊အဇီး၊မရှု၊ရ၀မ်၊လချိတ် နဲ့ လီဆူး တမျိုးမျိုး ဘဲ ဖြစ်နိုင်ပါတယ်။
ဒီအတိုင်းပါဘဲ ဂေါ်ရီ ဆိုတာလည်း ဒေသပါ လူမျိုးမဟုတ်ပါဘူး။
အဲဒီဒေသ လူတွေက ဂျိမ်းဖေါ့ စကားပြောရင် ၀ဲပါတယ်။

ဥပမာ ဆိုကြပါစို့ အညာဒေသမှာ နေတဲ့ လူတွေ ဗမာဟာ ဗမာ လူမျိုးပါဘဲ။တနည်း ခေါ်ကြတာလည်း ရှိတယ် အညားသားပေါ့။
အညာသား က လည်း ဗမာပါဘဲ။ သူတို့ ကို အညာလူမျိုး လို့ မသတ်မှတ်ကြပါဘူး။

အဲလိုပါဘဲ ခါခူး ဒေသမှာ နေတဲ့ ဂျိမ်းဖေါ့ ၊အဇီး၊မရှု၊ရ၀မ်၊လချိတ် နဲ့ လီဆူး တွေဟာလည်း ဂျိမ်းဖေါ့ ၊အဇီး၊မရှု၊ရ၀မ်၊လချိတ် နဲ့ လီဆူး တမျိုးမျိုး ဘဲ ဖြစ်မှာပါ။ ခါခူး လူမျိုး ဆိုပီး မဖြစ်ပါဘူး။

ဒီတော့ကာ အညာဒေသ က ဗမာတွေကို တော့ အညာသားလို့ ခေါ်ပေမယ့် အညာလူမျိုး လို့ မသတ်မှတ်ပါဘဲ။
ခါခူး ဒေသ က ကချင်တွေကို ကြတော့ ခါခူး လူမျိုး လို့ ထပ်မံ ခွဲခြား လိုက်တာ ဘာကြောင့်လည်း ဆိုတာ သိချင်နေမိပါတယ်။
ထို့အတူ ဂေါရီ ဒေသက ကချင်လူမျိုးတွေကို လည်း ဂေါ်ရီ လူမျိုး ဆိုပီး ကချင်ထဲ ထပ်ထည့်ပီး ထပ်မံ ခွဲခြား လိုက်ပြန်ပါတယ်။


ဒီတော့ ကျွန်တော် သိစေချင်တာ ကျွန်တော့် မိတ်ဆွေ အပေါင်းအသင်း အားလုံးပေါ့ဗျာ...။
စစ်အစိုးရ လက်ထက်မှာ သူတို့ အလိုကျ လုပ်ဆောင် ပေးခဲ့ရတဲ့ သူတွေ အများကြီးရှိမှာဘဲ။
ဘယ်သူကိုမှ အပြစ်တင်လိုတာ မဟုတ်ပါဘူး။
ကချင် လူမျိုး ခြောက်မျိုး ကနေ ၁၂ မျိုး အထိ ခွဲစိတ်လိုက်တဲ့ အပေါ် စိတ်မကောင်းဖြစ်မိတာရယ်။
ခုလက်ရှိ သိနေတဲ့ သူတွေရယ် နောင်လာမယ့် မျိုးဆက် သစ်တွေရယ် အမှတ် မမှားရအောင် ရေသား လိုက်ရခြင်းသား ဖြစ်ပါတယ်။

တကယ်တော့ ကချင်ဆိုတဲ့ လူမျိုးမှာ
၁။ဂျိမ်းဖေါ့
၂။အဇီး
၃။မရှု(လော်ဝေါ်)
၎။ရ၀မ်
၅။လချိတ် နဲ့
၆။လီဆူး
တို့သည် ငြိမ်းငြိမ်းချမ်းချမ်း နှင့် ရိုးသာစွာ နေထိုင်တတ်ကြသော ခြောက်ရောင်ခြယ် သက်တန့် ဘဲဖြစ်ပါတယ်။

ဒီးဒိုး။၅၊၆၊၂၀၁၃။၁၃၄၇။

No comments:

Post a Comment