Tuesday, May 28, 2013

အမျိုးသားရေး စိတ်ဓါတ်ဆိုတာ..(National Spirit)


မနေ့ က ဘုရားကျောင်းတက်ရင်းက ဘုရားကျောင်းမှာ ကချင်အမျိုးသားအလံ တံဆိပ် ပါတဲ့ အကျီ ကို  ကချင်စစ်ပြေး ဒုက္ခသည် အလှူငွေ ဆိုပြီး ရောင်းပြီး ရန်ပုံငွေရှာကြပါတယ်။ တကယ်တော့ အဲဒီ အင်္ကျီက ထိုင်းနိုင်ငံ ချင်းမိုင်း ကချင်လူမျိုးစုတွေက ရှာတဲ့ အလှူငွေ သက်သက်ပါဘဲ။
ဒါနဲ့ ကျွန်တော်လဲ အင်္ကျီကိုလည်း ကြိုက်လို့ ထို့ထက်ပို ရ်ျ အလှူငွေ ကိုယ်အမျိုးသားချင်းအလှူငွေဆိုတာကြောင့် တထည် ၀ယ်ဝတ်ပြီး အိမ်ပြန်လာပါတယ်..။

အိမ်ပြန်ရာလမ်း မှာ သူငယ်ချင်းတွေနဲ့ တွေ့တော့ တချို့ သူငယ်ချင်းတွေက အင်္ကျီ လှကြောင်းပြောရင်း ကျွန်တော် လည်း ဂုဏ်ယူမဆုံးပေါ့။
ဒီလိုနဲ့ သူငယ်ချင်းတယောက်နဲ့ တွေ့တော့ သူက လှမ်းပြောတယ် "ဟာ တကယ့် မျိုးချစ်ကြီးပေါ့လေ"တဲ့။
ကျွန်တော်လည်း သူကို ပြုံးပြလိုက်တယ်။
နောက် သူမျက်နှာက ခနဲ့တဲ့ ပုံစံကို လည်း မြင်လိုက်တယ်။
နောက်ပြီး သူက "သတိလည်း ထားပေါ့ကွာ မြန်ပြည်လည်း ပြန်မရဖြစ်နေအုန်းမယ်" တဲ့။
ဒီတခါတော့ ကျွန်တော့် စိတ်ထဲမှာ နည်းနည်းလေး ဖုသွားတယ်။
ကျွန်တော်မျက်နှာလည်း နည်းနည်းပျက်သွားတယ်။
ဘေးက သူငယ်ချင်းက ကျွန်တော့်လက်ကို ဆွဲပြီး ခွေးဟောင်တိုင်း ထမကြည့်နဲ့ကွာ တဲ့။

ဒါပေမယ့် ဒီလိုလူမျိုးတွေကို မရှင်းပြလို့ လွတ်ထားလို့ ကတော့ ပြသာနာတွေသာ တန်းစီတက်နေတော့မှာပါဘဲ။
ကိုယ့်အပေါင်းအသင်းထဲမှာ လည်း general knowledge နည်းတဲ့ သူငယ်ချင်း တယောက်ရှိနေအုန်းမှာဘဲ။
မပြောဘဲ နေရင်လည်းရတယ်။ ဒါပေမယ့် ကျွန်တော် သူ့ကို သိစေချင်တယ်။
အဲဒီ သိစေချင်တဲ့ အကြောင်းက ဘာလဲ ဆိုတာ "အမျိုးသားရေး စိတ်ဓါတ်(National Spirit)" ဆိုတာဘာလဲ ဆိုတာကိုပေါ့။
ကျွန်တော်က အဲ လိုပြောရင် မင်း မနေ့တနေ့ ကမှ တောင်ပေါ်က ဆင်လားပြီး မုန့်ဟင်းခါးတောင် ကောင်းကောင်း မစားဘူး တဲ့ ကောင်ကများ ကြီးကြီး ကျယ်ကျယ် ကွလို့ သူကတော့ ဆိုနေအုန်းမှာပါဘဲ။
ဒီတော့ကာ "အမျိုးသားရေး စိတ်ဓါတ်(National Spirit)" ဆိုတာကို စာရေးဆရာ ချစ်ဦးညို က ဘယ်လိုအဓိပ္ပါယ် ဖွင့်သလဲဆိုကို ပြောပြချင်တယ်။
ဒါဆိုရင်တော့ သူလက်ခံ နိုင်လိမ့်မယ်လို့ မျော်လင့်ပါတယ်။
ဆရာချစ်ဦးညိုက သူထက် မြေပြန့်မှာ အရင်နေ ပိုကောင်းတဲ့ မုန့်ဟင်းခါး စားဖူးမှာသေချာပါတယ်။


ဆရာချစ်ဦးညိုက "တိုးတက်ခြင်း၊ဆုတ်ယုတ်ခြင်း နှင့် ယဉ်ကျေးမှုမျက်နှာစာ" ဆိုတဲ့ စာအုပ် စာမျက်နှာ ၁၀၀၊ အကြောင်းရေ ၁၉ မှာ ဒီလိုရေးထားတယ်။

၃။ အမျိုးသားရေး စိတ်ဓါတ် National Spirit ကျွန်တော် ဥပမာ တစ်ခုနဲ့ပြောပါရစေ။ဘောပွဲဆိုကြပါစို့။အခု Y.M.C.A ဆိုတော့ ဗိုလ်တထောင်မြို့နယ် ၉ရပ်ကွက်မှာပါတယ်။၉ရပ်ကွက်နဲ့ ၈ရပ်ကွက် ဘောလုံးကန်ရင် ကျွန်တော် ၉ရပ်ကွက်ကနေ အားပေးမယ်။
သို့သော် ဗိုလ်တထောင်နဲ့ ရန်ကင်း ကစားရင် ကျွန်တော့်မှာ ရပ်ကွက်အစွဲ မရှိပါဘူး။ဗိုလ်တထောင်ကနေ အားပေးမယ်။
အလားတူ ရန်ကုန် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းကန်ရင် အရှေ့ပိုင်းက အားပေးမယ်။
ကျွန်တော် တည်မှီရာ။ဘက်လိုက်ရာတွေ ပြောင်းလဲကျယ်ပြန့်လာပုံ ပြောပါတယ်။
ရန်ကုန်နဲ့ မန္တလေးကန်ရင် မန္တလေးသား ဖြစ်တဲ့ ကျွန်တော် မန္တလေးကို အားပေးမယ်။
ထိုင်းနဲ့ မြန်မာဆိုရင် မြန်မာ ဘက်က နေမယ်။ အာရှနဲ့ ဥရောပဆိုရင် အာရှကနေမယ် ဆိုကြပါစို့။
ဒီကမ္ဘာနဲ့ အခြား စကြ၀လှာ နဲ့ ဆိုရင် ကမ္ဘာသားတစ်ယောက်အဖြစ် အားပေးမယ်။
အမျိုးသားရေး စိတ်ဓါတ်ဆိုတာ အဲဒီလိုသဘော ဖြစ်ပါတယ်။ ဆရာကြီး ဦးရွေအောင်ရဲ့ စာအုပ်တွေထဲမှာ ပါပါတယ်။ ကျဉ်းမြောင်းသော တဏှာ မာန ဒိဠိ ပပဉ္စတရားတွေလို့ ဆိုပါတယ်။(ဒီနေရာမှာ ပပဉ္စတရား ဆိုတာ ကျွန်တော် မသိပါ)။ အမျိုးသားရေး စိတ်ဓါတ်ဆိုတဲ့  အထဲမှာ တဖက်စွန်းကျတယ် ဆိုရင် ပပဉ္စတရား အားကြီးသွားတတ်ပါတယ်။
ငါ့လူမျိုး၊ ငါ့ တိုင်းပြည် ငါ့နိုင်ငံတော်။ရှိအပ်တဲ့ Spirit ပါ။ ဒီလိုဟာမျိုးနဲ့ဘဲ ကျွန်တော်တို့ ဖွဲ့စည်းတာပဲ။
သို့သော် တင်းကျပ် ကျဉ်းမြောင်းတဲ့ ပပဉ္စတရားကိုချည်း လက်ကိုင်ထားနေရင် ငြိမ်းချမ်းမှုဆိုတာ ဝေးကွာသွားပါလိမ့်မယ်။ ဓမ္မဓိဌိာန် ကျစွာ ကျွန်တော်တို့ ဆင်ခြင်တတ်ရလိမ့်မယ်လို့ ကျွန်တော် ယူဆမိပါတယ် ဦးမောင်အေး ခင်ဗျား...။

ဆရာ ချစ်ဦးညို ရေးတဲ့ စာပုဒ်လေးကို ဖတ်ကြည့်ရင် ဖြင့် ကျွန်တော်ထက် မြေပြန့်မှာ အရင်နေ၊ မုန့်ဟင်းခါး အရင် သောက်တဲ့ သူတွေက ပိုပြီး အမျိုးသားရေး စိတ်ဓါတ် National Spirit အကြောင်းကို နားလည် နိုင်ပါလိမ့်မယ်...။
နောက်တခု မှာချင်တာကတော့ သောက်လို့ကောင်းတဲ့ မုန့်ဟင်းခါးကို ဘဲ မျက်စိမှိတ် ဇွတ်မသောက်ပါနဲ့ လို့မှာချင်တယ်။
ဆာလောင်မွတ်သိပ်နေတဲ့ ခင်ဗျားတို့ ဦးနှောက် ကို စာပေ မုန့်ဟင်းခါး ကောင်းကောင်းလေး တိုက်ကျွေးပါအုန်းလို့လဲ မှာပါရစေ။
ဘာဘဲ ဖြစ်ဖြစ် သူငယ်ချင်း ငါဘာလို့  ကချင်အမျိုးသားအလံအင်္ကျီဝတ်လဲ ဆိုတာ မင်းသိစေချင်တာပါ။
ငါတို့တတွေ ဘယ်သူကဘဲ မုန့်ဟင်းခါး အရင်သောက်သောက်ပေါ့ကွာ။

အဲဒီစာအုပ်ဖတ်ချင်ရင် ငါ ငှားပေးပါမယ်။

ခင်တဲ့
ဒီးဒိုး။၂၇၊၀၅၊၂၀၁၃။



ဆရာကြီး ဦးရွေအောင်ရဲ့ စာအုပ်တွေဖတ်ချင်ပါတယ်။ရှိသော သူငယ်ချင်များ လက်တို့ ပြီး ဝေမျှပါအုန်း။
ပပဉ္စတရား ဆိုတဲ့ အဓိပ္ပါယ်လည်း သိချင်ပါတယ်။တတ်သိနားလည်း သော ဘော်ဒါအပေါင်းတို့ ပြောပြကြပါအုန်း ဗျာ။

No comments:

Post a Comment