Tuesday, August 28, 2012

အိမ်မက်ဆိုးမှ နိုးထခြင်း။


စောစောထ တဲ့ ငှက်ဟာ ပိုးကောင် များများ စားရတယ်တဲ့။
ဒါ ဆိုရင် စောစော ထ တဲ့ ပိုးကောင် ကျတော့ ကောဗျာ.........

ဒီတော့ ကိုယ်ဟာ ငှက်ဖြစ်နေလား၊ ပိုးကောင်လား သေချာစဉ်းစား ဗျာ..။

ကျွန်တော့်ရဲ့ စာသား က ဒီထက်မပို ပါ။ 
စောစောထတဲ့ ငှက်က အစာ ပိုများများ စားရမယ်။
ကျွန်တော် စဉ်းစားမိတာကလည်း စောစောထ တဲ့ ပိုးကောင်ဟာ ငှက်ရဲ့ စားသောက်ခြင်းကို ခံရလိမ့်မယ်။
ကိုယ်က ငှက်ဖြစ်နေတဲ့ အချိန်မှာ စောစောထ ပြီး ပိုးကောင် များများရှာဖွေစားသောက်ပေါ့။
တကယ်လို့ ကိုယ်က ပိုးကောင်လေးဖြစ်နေတဲ့ အချိန်မှာ စောစောထ ရင်တော့ ငှက်ရဲ့ စားသောက်ခြင်းကို
ခံရမယ် လို့ ဘဲ တွေးထင်ခဲ့တယ်။
ဒါကတော့ ကျွန်တော်လို သာမန်လူ အတွေးပေါ့ဗျာ..။
နောက် ကိုယ်ကိုတိုင်ခံစား နေရတာကိုက အားငယ်နေတဲ့ သူဖြစ်နေတော့ ပိုးကောင်ဘ၀ ဘက်ကနေ ပြီး ခံရမယ့် ဘက်ကနေ ဘဲ စဉ်းစားနေမိတယ်..။
ဒီထက်ပိုပြီးတော့လည်း ပိုမစဉ်းစား တတ်တော့တာလဲ ပါတာပေါ့ဗျာ။
ဒီလို အတိတ်ရဲ့ ငှက်ဆိုးရန်က လွတ်ဖို့ မစဉ်းစားတတ်တော့တာလဲ ပါတယ်။
ဒီတော့လည်း ဒီဘ၀နဲ့ဘဲ လုံးချာလည် လိုက်နေတော့တာပါဘဲ။

ဒီနေ့တော့ အိမ်မက် က လန့်နိုးလာတဲ့ လူတယောက်လို့ပါဘဲ..။
ဒါကလည်း ကျွန်တော်ရေးထားတဲ့ အထက်ပါ စာသားလေးကို သာမန် အတွေးကနေဖောက်ထွက် 
စာလေး တကြောင်းကို ညီလေးတယောက် က comment ပေးသွားလို့ ပါ။
သူရေးပေးသွားတဲ့ စသားက
"စောစောထတဲ့ ပိုးကောင်ကတော့ ငှက်ရန်က လွတ်ပြီပေါ့ဗျာ ... ဟီး"
အဲဒီ စာသားလေးကို ဖတ်ကြည့်လိုက်တော့ အိမ်မက်ဆိုးကနေ လန့်နိုးလာသလိုပါဘဲ။
ကျွန်တော် အလန့်တကြားနဲ့ စာသားလေးကို အကြိမ်ကြိမ်ဖတ်ကြည့်နေမိတယ်။
ပြီးတော့ အရမ်းလည်း အံ့သြသွားတယ်။
ကျွန်တော်က ဘာဖြစ်လို့ အဲဒီညီလေး ပြောသလိုမစဉ်းစား မိတာလဲ။
ကျွန်တော့် ဘ၀ ကို အတိတ်ငှက်ဆိုး ရန်က လွတ်အောင် မစဉ်းစားမိတာလဲ။
ကျွန်တော်က ပိုးကောင်ဘ၀ မှာ စောစောထလိုက်တိုင်း ငှက်ရဲ့ စားသောက်ခြင်းကို ခံရမယ်လို့ ဘာကြောင့် ထင်နေရတာလဲ။
ကိုယ့်ကိုယ် ကို ပိုးကောင်ကလေး ဘ၀ ကနေလွတ်မြောက်ရာ လမ်းစ ကိုရှာမတွေ့ဘဲ သိမ်ငယ်နေရတာလဲ။
သူကလည်း ငှက် ကိုယ်ကလည်း ပိုးကောင် ပါဘဲ။ အသက်ရှင်နေထိုင် တာခြင်းတူပါရဲ့။
ဒါပေမယ့် ကိုယ့်ရဲ့ အမှားတွေ ကြောင့် ဒီလိုဘ၀ က လွတ်အောင်ဘာလို့ မရုန်းထွက်နိုင်ရမှာလဲ။ 
 
အမှန်တော့ အဲဒီ ညီလေးပြောသလို အစောကြီးထ တတ်တဲ့ ငှက်ထက် ပိုစောအောင်ထ တဲ့ ပိုးကောင်က ငှက်ရန်က လွတ်ရမှာပေါ့။ သိပ်မှန်တယ်။ ဒါဟာ အမှန်တရားဘဲ။
ကျွန်တော်ဟာ ပိုးကောင်ဘ၀မှာ ဘာလို့ ငှက်ထက် ပိုစောအောင် မထ နိုင်ရမှာလဲ။
ဘုရား သခင်က တူညီတဲ့ အစွမ်းအစတွေ ပေးထားတာဘဲ။
ဒီနေရာမှာ ၀ရိယပိုရှိတဲ့ သူက အောင်နိုင်စတမ်းဘဲ။
ဘာလို့ အားငယ်ပြီး သိမ်ငယ်နေရမှာလဲ။

အတိတ်ရဲ့ ငှက်ဆိုးရန်က လွတ်အောင် စောစောထရမယ်။ လုပ်ရမယ်။
ပိုးကောင်ဘ၀မှ ဖြစ်နေပေမယ့်  ၀ိရိယနဲ့ အမှန်တရားကို လက်ကိုင်ထားပြီး ဘုရားသခင်ရဲ့ လက်တော်ကို ကိုင်ဆွဲလို့ လာမယ့် မနက်ဖြန်တွေမှာ စောစောထ အုန်းမယ်။

ဂီတာဟောင်း လေးနဲ့ သီချင်းအသစ် သစ်တွေကို ဆိုအုန်းမယ်။
လူတိုင်းမှာ အမှားနဲ့ ကင်းနေနိုင်တဲ့ သူတွေရှိနေပြီလား။
ဒီကနေ့ အမှားတွေ တသီကြီးလုပ်ခဲ့ပြီး ဘ၀ ကို အောင်မြင်နိုင်အောင်လုပ်နေတဲ့ သူတွေတပုံကြီး။
အောင်မြင် အောင်လုပ်နိုင်တဲ့ အချိန်ကျရင် ကိုယ်လုပ်ခဲ့တဲ့ အမှား သူ့အလိုလို သိမ်ငယ်သွားမှာဘဲ။
ဒီကနေ့ ငါဟာ မှားခဲ့မိတဲ့ အမှားအတွက် ဖက်တွယ် ငိုကြွေးနေဖို့ မလိုတော့ဘူး။
အဲဒီအမှား တွေကို လွမ်းဆွတ်တမ်းတပြီး သိမ်ငယ်နေဖို့မလိုတော့ဘူး။

ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို ၀ိရိယနဲ့ လုပ်ဖို့ လိုနေအုန်းမယ်။
မှန်ပါတယ်။ 
ကျွန်တော်ဟာ အများထက်စာရင် အားနည်းချက်တွေနဲ့  အားအင် ချည့်နဲ့နေတဲ့ သူဘဲ။
ကျွန်တော်ဟာ အဲဒီ အားနည်းချက်တွေနဲ့ အားအင်ချည့်နဲ့နေပေမယ့် အတိတ်ငှက်ဆိုးရဲ့ ရန်က လွတ်ဖို့တော့ ၀ိရိယလေးအား စိုက်ပြီး လွတ်အောင်ရုန်းရ အုန်းမယ်။

စောစောထ တဲ့ ငှက်ဟာ ပိုးကောင် များများ စားရတယ်တဲ့။
ဒါ ဆိုရင် စောစော ထ တဲ့ ပိုးကောင် ကျတော့ ကောဗျာ.........

ဒီတော့ ကိုယ်ဟာ ငှက်ဖြစ်နေလား၊ ပိုးကောင်လား သေချာစဉ်းစား ဗျာ..။

သေချာ ပြန်စဉ်းစားမိတာ ကတော့ ငှက်ထက် ပိုစောစော ထနိုင်တဲ့ ပိုးကောင်က ငှက်ရဲ့ အစာအဖြစ်က လွတ်မြောက်နိုင်ပါတယ်. ။

 
"စောစောထတဲ့ ပိုးကောင်ကတော့ ငှက်ရန်က လွတ်ပြီပေါ့ဗျာ ... ဟီး"  လို့ comment ပေးခဲ့တဲ့ ညီလေး Michael Nhkum ကို အထူးကျေးဇူးတင်ပါကြောင်း။

ဒီးဒိုး။
၂၈၊၀၈၊၂၀၁၂။

 








 

 
 

 

 



 

1 comment:

  1. ကောင်းပါတယ်။လူတိုင်းမှားတတ်ကြပါတယ်။အပြစ်ကင်းသူ ၇ှိ၇ဲ့လား မိတ်ဆွေဆိုတဲ့ သီချင်းတောင် ၇ှိသေးတာပဲ။ဒါပေမဲ့ လိုချင်တာနဲ့ ၇နေတာ တထပ်တည်းတောကျချင်မှကျမယ်။ဒီအ၇ာတွေကိုသာ ကျတော်တို့ ခံစားနေ၇င် လူ နာလံထူနိုင်တောမှာမဟုတ်ဘူး။နှလုံးသား၇ှိသူတိုင်းသော ခံစားတတ်ကြပါတယ်။ ကျတော်ဆိုလိုချင်တာက ကိုယ်မလိုချင်ဆုံးသော အ၇ာကဘာလဲ အဲဒီအ၇ာကို LET GO လိုက်။ဘယ်တောမှဆုပ် မကိုင်ထားပါနဲ့။ အဲဒီတောမှ ကျတော်တိုအလို၇ှိတဲ့ အ၇ာက ကျတော်တို့ဆီ အလိုလိုေ၇ာက်လာပါလိမ့်မယ်။ ဘု၇ားသခင်၇ဲ့ အလိုတော်ကို ၇၇ှိနိုင်ဖို့ ကိုယ်အလိုကို ပယ်သင့်၇င် ပယ်၇တယ်။ ကျတော်တို့၇ဲ့ အလိုကို သူ က ကျတော်တို့ထက် သာ၇်ျသိနေလိုပါပဲ။ (နားလဲသလိုဖတ်နော် စာေ၇းတတ်သူတယောက် မဟုတ်လို့ပါ။နားလည်ပေးတဲ့အတွက် ကျေးဇူးတင်းပ်တယ်။) GRACE & PEACE BE WITH YOU ALL.////MARY

    ReplyDelete