Wednesday, September 5, 2012

ခွင့်(သို့)ချစ်သူသိစေ


ဆန္ဒတွေ အများကြီး မဟုတ်ရပါဘူး ချစ်သူရယ်
ဒီနေ့သာ ငါ့ရဲ့ နောက်ဆုံးနေ့သာဆိုရင်
မင်းရဲ့မျက်နှာလေး မြင်ခွင့်ရချင်ယုံလေးပါ။

မျှော်လင့်ချက်တွေလည်း အများကြီး မရှိပါဘူး ချစ်သူရယ်
တကယ်လို့ ငါ့အတွက် မနက်ဖြန် မရှိတော့ဘူးဆိုရင်
မင်းကို သိပ်ချစ်ပါတယ်လို့ ပြောခဲ့ ချင်ယုံလေးပါ။

ပေးဆပ်ခြင်းတွေလည်း အများကြီး မဟုတ်ရပါဘူး
တကယ်ဘဲ မတွေ့ကြတော့ဘူးဆိုရင်
မင်းမပြည့်ခဲ့တဲ့ လိုအင် တခုလောက်ဘဲဖြည့်ဆည်းပေးချင်ယုံလေးပါ။

အတ္တ ခပ်ကြီးကြီး မရှိပါဘူး ချစ်သူရယ်
အမှန်တကယ်ဘဲ နောင်ဘ၀သာ ရှိမယ်ဆိုရင်
မင်းရဲ့ ရင်နှစ်သည်းညှာအဖြစ် မင်းထံမှာ သန္ဒေတည်ပါစေလို့သာ။

ဒီးဒိုး။
၃၊၉၊၂၀၁၂။(ည ၈း၄၆)

No comments:

Post a Comment