Wednesday, July 18, 2012

နေမြဲ တိုင်း။

ကောင်းကင်ကိုမီးတက်ရှို့လိုက်တယ်။
ဒါပေမယ့် အားလုံးဟာ နဂိုအတိုင်း
ရှိမြဲ၊နေဆဲ၊သွားနေဆဲလေ။

ပင်လယ်ပြင်ကို မှောက်ကာလှန်ပစ်လိုက်တယ်။
ဒါပေမယ့် အရင်အတိုင်းဘဲလေ.
ရှိမြဲ၊နေဆဲ၊သွားနေဆဲလေ။

ငါ့စိတ်ကူးထဲမှာ
ငါ့ကို သိပ်ချစ်တဲ့ ချစ်သူရှိမယ်။
သူဟာ ငါ့ကို ဂရုစိုက်လိမ့်မယ်
ဖြစ်နိုင်ချေ အရှိဆုံး မှာ ငါ့ဆီကို ဖုန်းဖြစ်ဖြစ်၊SMSဖြစ်ဖြစ် ရောက်လာလိမ့်မယ်။

ငါ့လက်ထဲမှာ
သိပ်ချစ်တတ်တဲ့ ချစ်သူရှိနေမယ်
သူဟာ နူးညံ့ သိမ့်မွေ့နေမယ်
ဖြစ်နိုင်ချေအရှိဆုံး မှာ ငါဆီကို
ချော့မော့သံဖြစ်ဖြစ်၊စိုးရိမ်သံဖြစ်ဖြစ်ရောက်လာလိမ့်မယ်။

အင်း ငါ တက်မီးရှို့လိုက်တဲ့ ကောင်းကင်ကြီးကလည်း ပြာလို့၊လှလို့။
ငါမှောက်လှန်လိုက်တဲ့ ပင်လယ်ကြီးလည်း စီးလို့၊လှဲ့လို့။
တကယ်တော့ ငါထင်ထားတဲ့ လုပ်တဲ့အတိုင်းမဖြစ်တာ
ငါ့ကြောင့်မှ မဟုတ်တာလေ။

ငါ့ချစ်သူ ကလည်း ငါ့မဟုတ်လေတော့
ငါချစ်သလို
ငါဖြစ်သလို
ဘယ်ဖြစ်ပါ့မလဲ။

သူဟာသူ စီးလို့
ပျော်လို့
နေလို့
ငါ့ကိုငါလည်း မပြောင်းလည်းနိုင်ပါလားလေ။

ဒီးဒိုး။

No comments:

Post a Comment