Saturday, July 14, 2012

တရားမျှတပါတယ်။

တခါက ယောက်ကျားတယောက် ဟာ အလိုမကျခြင်းတွေနဲ့ ဘုရားသခင်ထံ ချဉ်းကပ်ပြီးတော့ ဘုရားသခင်ကိုမေးတယ်။

ယောက်ကျား။ ။အရှင်ဘုရား၊အရှင်ဘုရား က မတရားပါဘူး ဘုရား။

ဘုရားသခင်။ ။ဘယ်လိုမတရားတာတုန်း။

ယောက်ကျား။ ။တပည့်တော်

တို့ ယောက်ကျားတွေကို တော့ မိန်းမတွေလို
ကိုယ်ခန္ဒာ လှပခြင်း၊နွဲ့နှောင်း သိမ့်မွေ့ခြင်းကို မပေးဘဲ
ကိုယ်ခန္ဒာ တောင့်တောင့်တင်းတင်း၊ကြမ်းကြမ်းတမ်းတမ်း ဖန်းဆင်းပေးလို့ ပါ။

ဘုရားသခင်။ ။သြော် ဒါလား အဲလို မိန်းမတွေ ကို လှလှ ပပ နုနု

ရွရွ လေး ဖန်ဆင်းပေးမှ ယောက်ကျားတွေက မိန်းမတွေကို ချစ်မှာပေါ့ကွ။

ယောက်ကျား။ ။ဟုတ်ပါပြီ ကိုယ်ခန္ဒာ အလှတော့ ဟုတ်ပါပြီ။နောက်ပြီးတော့

မိန်းမတွေရဲ့ စိတ်နေစိတ်ထားကို ကျတော့ ပျော့ပြောင်း သိမ်မွေ့မှုတွေ ပေးတယ်။ဒီထက်ပို ပြီးတော့ ယောက်ကျားတွေကိုလည်း အုပ်စိုးခွင့်လည်းပေးထားသေးတယ်။ယောက်ကျားတွေ ကိုကျတော့လည်း စိတ်ထား ကြမ်းကြမ်းနဲ့ ခက်ထန်စေတယ်။ ပိုဆိုးတာက မိန်းမတွေ ခိုင်းသမျှကို လိုက်လုပ်ခိုင်းစေပြန်တယ်။ ကိုယ်ခန္ဒာ ကြမ်းတမ်းမှုတွေကို ယောက်ကျားတွေကို ပေးရင် စိတ်ထား နူးညံ့ သိမ်းမွေ့မှုကိုတော့ ယောက်ကျားတွေကို ပေးသင့်တာပေါ့။

ဘုရားသခင်။ ။သြော်ဒါလား....မိန်းမတွေက နူးနူးညံ့ညံ့နဲ့

ယောက်ကျားတွေကို စေခိုင်းတာဖြစ်သင့်ပါတယ်။နောက်ပြီး ယောက်ကျား
တွေက လည်း မိန်းမတွေ စေခိုင်း သမျှ လိုက်လုပ်ပေးသင့်ပါတယ်။
ဘာကြောင့် ဒီလို ဖန်းဆင်းပေးထားတယ်ဆိုတာ က ဒီလိုလေ။
မိန်းမတွေ စေခိုင်းသမျှကို ယောက်ကျားတွေ လိုက်လုပ်ပေးမှ မိန်းမတွေက ယောက်ကျားတွေကို ချစ်မှာပေါ့။

ဘုရားသခင်။ ။ကဲ တရားမျှတတယ် မဟုတ်လား။

ဒီးဒိုး။
၁၅၊၀၇၊၂၀၁၂။

ဖတ်ခဲ့ဖူးတဲ့ စာကို မှတ်မိသလောက် ပြန်ရေးခြင်းသာ ဖြစ်ပါတယ်။မူရင်း စာရေးသူကို သိသောသူများ မူရင်းစာရေးသူ နာမည်ကို ဖော်ပြနိုင်ပါတယ်။

1 comment:

  1. ဟုတ်ကဲ့ တရားမျှတပါတယ်။း) ဘလော့လေးကို ပထမဆုံးအကြိမ် လာလည်သွားပါတယ်။

    ReplyDelete