Sunday, July 1, 2012

ရေနက် ရာ....။


တခါတလေ ရယူပိုင်ထားတာလေး ဆုံးရှံးရခိုက် ၀မ်းနည်းခြင်းတွေ ရင်ဝယ်ပိုက်ထားလို့ပေါ့။
တကယ်တော့ သခင်ရယ် သခင် ပေးသမျှ သခင်ပြန်လည် သိမ်းပိုက်မယ်ဆိုတာကို သတိမမူ ခဲ့မိတဲ့ အမိုက်သားမို့ ခွင့်လွတ်ပါ အရှင်ရယ်။
နှလုံးသား ဆတ်ဆတ်ခါ နာကျင်လို့ အမြတ်နိုးဆုံးမို့ သခင်ရယ် ပြန်လည် မသိမ်းပိုက်စေချင်ပေမယ့်
သခင့်ရဲ့ အလိုတော်ကို ၀န်ခံ နိုင်ဖို့ ခွန်အားပေးသနားပါ။
ဒီထက်ပိုရ်ျ
သခင်အလိုတော် ကို နားလည် နိုင်တဲ့ စဉ်းစား ဆင်ခြင်ညဏ် ပေးသနားပါ။
အချစ်ခင်ဆုံး၊အမြတ်နိုးဆုံး ချစ်ခင်သူတွေ စွန့်ခွာ သွားတဲ့ အခါ၊ အကျွန့်ရဲ့ဘေးမှာ သခင်သာ အကျွန့် မျက်ရည်တွေ သုတ်ပေးရင် နှစ်သိမ့်ပေးနေတာကို တွေ့ရှိ၊နားလည်ခွင့်ပေးပါ။
အားနည်းတဲ့ ခွန်အားတွေနဲ့ အကျွန်ုပ်မှာ အယုံကြည်ရဆုံး သူတွေက အကျွန့် နောက်ကျောကို ဓါးနဲ့ ထိုးတဲ့အခါအကျွန့် ကို နောက်က ပွေ့ဖက်ထားလို့ အကျွန်ုပ်ထက် နာကျင်မှုကို ခံယူခဲ့သော သခင်ရဲ့
ကောင်းခြင်းများကို ရည်တွက်ခွင့် နားလည်ခွင့်ပေးပါ။

ရင်မှာ မျော်လင့်ခြင်းတွေမဲ့ မှောင်မိုက်တွေ စိုးမိုးတဲ့ အခါတိုင်း ရှေးက အမှောင်တကာ့ အမှောင်ဆုံး အမိုက်ဆုံးထဲ က သခင့်ရဲ့ တွဲလက်နဲ့ သခင့်ခြေတော်ရင်းဆီ ခေါ်ဆောင်ခဲ့တဲ့ ကာလ ကို အမှတ်ရစေခြင်း အသိညဏ် ပေးသနားတော်မူပါ။
ကောင်းမြတ်တော်မူလှသော သခင်ရဲ့ ကောင်းကြီးမင်္ဂလာများကို ရည်တွက်နိုင်သော ခွန်အားပေးသနားတော်မူပါ။

အားကြီးလှတဲ့ ရန်သူ အကျွန်ုပ်ဘေး ၀န်းရံလို့ အားငယ်ထိတ်လန့်တဲ့ အကျွန်ုပ်ရဲ့ စိတ်၊ သခင်များ စွန့်ခွာသွားပြီးလားဆိုတဲ့ အကျွန် ကျွန်ုပ်ရဲ့ သံသယများကို ဖယ်ရှားပေးမူပါ။
ဘိုး ဘေး တွေ လက်ထက် ကတည်း က စောင့်ရှောက်တော်မူခဲ့သော ကိုယ်တော်အား သံသယစိတ် ကင်းစွာ အကြွင်းမဲ့ ယုံကြည်နိုင်သော စိတ်သဘောကို ပေးတော်မူပါ။

သခင် အကျွန်ုပ်ထက် အင်အားကြီးသော ရန်သူတွေနဲ့ ရင်ဆိုင်ရတိုင်း စိတ်ပျက် ညိုးနွမ်းရသောအဖြစ်မှ ကင်းဝေးစေမူပါ။
သေမင်းရဲ့အရိပ်လွမ်းမိုးသော ချိုင့်ဝှမ်းတွင်း မှာ လျောက်သွားရသော်လည်း အကျွန်ုပ်ကို ချီပိုးထားသော
သခင်ကို အမှတ်ရခွင့်ပေးပါ။

မတရားသော သူတို့ဧ။် မတရားသော အပြုအမူ၊အလုပ်အကိုင်များကို ငြူစူမိသော အကျွန်ုပ်အဖြစ်ကို သနားတော်မူပါ။
ထိုသူတို့ ဧ။် အပြုအမူ၊အလုပ်အကိုင်များကို နားလည် ပေးနိုင်စွမ်း ရှိသောသူ အကျွန်ုပ်အား ဖြစ်စေတော်မူရ်ျ သခင့် ဘုန်းတော်ကို ထင်ရှားစေပါ။

သခင် တမ်းတစွာ အော်ဟစ် ငိုကြွေးခွင့်ပြုပါ။
သံသယစိတ်တွေနဲ့ အငတ်ဘေးကို ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့ စိုးရိမ်စိတ်တွေကို နှစ်သိမ့်ပေးပါ။
မိုးပေါ်မှာ ပျံနေတဲ့ ငှက်လေးတကောင်ကိုတောင် အစားမစား စေဘဲ အိပ်စက်ခွင့်မပေးဘူးဆိုတဲ့ သခင့်ရဲ့
မေတ္တာကို အကျွန်ုပ် စိတ်ထဲ ယုံကြည် စိတ်ချခွင့်ကို ပေးသနားတော်မူပါ။
ယုံကြည်ခြင်း အားနည်းလှတဲ့ ကျွန်ုပ် စိတ်ကို အားဖြည့် ပေးတော်မူပါ။

သခင် မနက်ဖြန်အရေးမျော်တွေးလို့ ဘယ်သို့ စားရမည်၊၀တ်ရမည်၊နေရမည် စိုးရိမ်နေသော စိတ်သောကများကို ဖယ်ရှားပေးတော်မူပါ။
ယခု စားနေရသော အစာ၊၀တ်နေရသောအ၀တ်၊  နေထိုင်နေရသော နေရာအတွက် ကျေးဇူးတော် ချီးမွမ်းနိုင်ခြင်းကို သာပေးသနားတော်မူပါ။

ချီးမွမ်းသီချင်းတွေ ကင်းမဲ့၊ ၀တ်ပြုသူတွေ နတ္ထိဖြစ်နေတဲ့ သခင့်ရဲ့ ဗိမာန်တော်တွေ ကို သတိရခြင်းနဲ့
သခင်အတွက် ရည်စူး တည်ဆောက်ခဲ့သော သခင်ဗိမာန်တော်မှာ ဂုဏ်တော် ချီးမွမ်းခွင့်၊၀တ်ပြု ကိုးကွယ်ခွင့်ပေး သနားတော်မူပါ။

သခင်ရယ်...အငယ်ဆုံးသူတွေမှာ အ၀တ်အစားကင်းမဲ့လို့ မ၀ရေစာနဲ့ ရှိနေရခြင်းထက် သခင့်ဉ် မျော်လင့်ခြင်းကင်းမဲ့ခွင့် ကို ပေးသနားတော် မမူပါနဲ့။
သခင့်ဉ်သာ မျော်လင့်ခြင်း ရောင်နီသန်းလို့ မ၀ရေစာလေးနဲ့ ဂုဏ်တော်ချီမွမ်းခွင့်ပြုပါ။
သာယာနာပျော်ဖွယ် တူရိယာတွေနဲ့ ဂုဏ်တော် ချီမွမ်း သီချင်းမဆိုနိုင်ပေမယ့်
အကျွန်ုပ်ဧ။် ၀မ်းနည်းဖွယ်သော အသံ၊နာကျင်ခံစားရ သော ညိုးငယ် သံဖြင့် သခင့်ရဲ့ ဂုဏ်တော် ချီးမွမ်းပါမည်။ သခင် ကြားနိုင်ပါစေ။ သခင် လစ်လျူ ရှု့တော် မမူပါနှင့်။

ပညာဆည်းပူးလေ့လာခွင့် မျော်လင့်ခြင်း ကောင်းကင်ပြိုကျခဲ့ တဲ့နောက် သခင့်ရဲ့ ပညတ်တော် ကို နားဆင်ခွင့် ရအောင် သခင့်ရဲ့ ရွှေမျက်နှာတော် အငယ်ဆုံးသောသူထဲ လှည့်တော်မူပါ။
ဝမ်းနည်း ပူဆွေးသူတို့ဧ။် မျက်ရည်ကို အစဉ်သုတ်ပေးခဲ့သော သခင်...
အကျွန်ုပ်တို့ ခံစားရသော နာကျည်းခံစားမှုများ၊ ၀မ်းနည်း ငိုကြွေးမှုများ ကို နှစ်သိမ့်ပေးရန် သခင့်လက်တော် ကို မျော်လင့်စောင့်စားလျက် ရှိပါဧ။်

သခင် အကျွန်ုပ်အား ဒီအရာအား လုံးထက် ပိုရ်ျ နက်ရှိင်းသော နေရာသို့် ပို့ဆောင်တော်မူပါ။
ထိုရေနက်ရာ သို့ ကိုယ်တော် စေလွတ်ခြင်း အကြောင်းကို အကြွင်းမဲ့ ယုံကြည်နိုင်သော စိတ်ခွန်အားကို ပေးသနားတော်မူပါ။
အကျွန်ုပ်တို့ ဧ။် လူမျိုး လွတ်မြောက်ရာ ပန်းတိုင်သည် ကိုယ်တော် ဉ်သာ ဖြစ်ပါစေသတည်း။
ကိုယ်တော် အလိုရှိတော်မူလျင် အကျွန်ုပ်အား  ထိုအရာ အားလုံးထက်ပိုရ်ျ ခက်ခဲသော၊နက်နဲ သော နေရာသို့ ပို့ဆောင်တော်မူပါ။
ထိုအရာ အားလုံးတို့ သည် သခင့်အလိုတော် အတိုင်းဖြစ်စေရ်ျ သခင်ရဲ့ဘုန်းတန်ခိုးတော် ထင်ရှားစေရန် အတွက်သာ ဖြစ်စေတော်မူပါ။

ထိုရေနက်ရာ အရပ်သည် သခင်စေလွတ်သော အရပ်ဖြစ်သကဲ့ သို့ အကျွန်ုပ်သည်လည်း  ထိုရေနက်ရာ အရပ်ဉ် သခင့်ဘုန်းတော် ထင်ရှားစေသော သူဖြစ်စေတော်မူပါ။

အာမင်။

ဒီးဒိုး။
၀၂၊၀၇၊၂၀၁၂။


1 comment: