
ချစ်သူရေ..
သာယာတဲ့ ပြာလဲ့လဲ့ ကောင်းကင်ထက် က
ဖြူစင်တဲ့ ကြယ် ချစ်သူပန်ဆင်ဖို့
ကိုယ် ဆွတ်ခူးခဲ့တယ်။
ချစ်သူရေ...
နေပျော်တဲ့ ဘ၀ကြီး ဟင်းလင်းပြင် က
သန့်စင်တဲံ အချစ် ချစ်သူခံစားဖို့
ကိုယ် ပြင်ဆင်ထားတယ်။
ချစ်သူရေ..
သာယာပျော်ရွင်တဲ့ နှစ်ယောက်တဘဝ
ဒွန်ဆိုတဲ့ လောကကြီးက
ဖျက်လိုဖျက်ဆီးနဲ့
တကယ်တော့ သူတို့နဲ့လည်းမဆိုင်တာကို။
မြဲနေတဲ့ တွဲလက်အစုံနဲ့
နူညံ့ သိမ်မွေ့တဲ့ ချစ်သူစိတ်ကို အနိုင်ယူ
တို့နှစ်ယောက်ဘယ်တော့မှ မဝေးဘူး
ဒါပေမယ့် အနားမှမရှိတော့ဘူး။
ချစ်သူရေ....
ဝေးနေတဲ့ အခိုက်
ဘ၀ကြီးက ပျော်ရွင်စရာဆို ပျော်နေလိုက်ပါ။
ချစ်သူရေ..
စကားလုံးတွေနဲ့ ထိုးနှက်
မျက်လုံးပေါင်းတထောင်
လက်ညှိုးပေါင်း တသောင်း
ကောက် ပါအောင် ကြည့်ပါစေ ထိုးပါစေ...
နီးရမယ့်နေ့ရက်ရာက်လာမယ် မမေ့နဲ့။
ချစ်သူရေ...
နောက်ဆုံး တစက်လေးအထိ
မျှော်လင့်နေတဲ့ စိတ်ကို
မလောင်ကျွမ်း ပစ်နဲ့။
ရှိနေတယ် ချစ်သူ
သာယာတဲ့ ပြာလဲ့လဲ့ ကောင်းကင်ကြီးရယ်
မဝေးတော့တဲ့ အိမ်လေးတလုံးရယ်...
ချစ်သူရယ်
ကိုယ်ရယ်
နောက်.............
တို့မျှော်လင့်နေတဲ့
ဒွန်ဆိုတဲ့ လောကကြီးရယ်...
အဲဒီမှာ
ချစ်ခြင်းတွေရယ်
ဝေးနေတဲ့ အခိုက်
အတွေးလေးထဲမှာ
ခပ်ထွေးထွေးလေး ဖက်ထားပါ့မယ် ချစ်သူရယ်။
ဒီးဒိုး။
၈၊၀၄၊၂၀၁၀။
No comments:
Post a Comment