
ရင်ထဲ က အရှိကို အရှိအတိုင်း
ပြောခွင့်ရရင် ပြောလိုက်ရင်
ရိုင်းများနေမလားကွယ်....။
သုံးစားလို့ မရတဲ့ မာန နဲ့
တင်းခံကာ နေတာမဟုတ်ပေမယ့်
ဈေးကိုင်တယ် ထင်နေအုန်းမလား။
လူတကာတွေ ပြောနေသလို
လွယ်လွယ် ပြောလို့ မထွက်တာ
ကိုယ်အားနည်းချက် ဘဲကွယ်။
အဖြူရောင် ဆိုတဲ့
အဖြူမှာ အရောင်စုံတွေ
ရောယှက် နေတာ မသိနိုင်လောက်အောင်
ပုန်းကွယ်နေတာ....။
သံယောဇဉ် ဆိုတဲ့ အဖြူရောင်မှာ
ချစ်ခြင်းတွေ
ပိုင်ဆိုင်လိုခြင်းတွေ
စိုးရိမ်စိတ်တွေ
တမ်းတ မက်မောခြင်းတွေ
ထွေးပိုက်ထားရင်း က
ိချစ်နေမိတယ် ဆိုတဲ့
ဒီစာတပုဒ် ရေးမိနေတော့တာပါဘဲ။
ဒီးဒိုး။
၀၉၊၀၄၊၂၀၁၂။
No comments:
Post a Comment