Friday, April 6, 2012

စက္ကု ။




ရှင် နဲ့ ကျမ က

ဘ၀ ခရီလမ်း ကြမ်းကြမ်း ချောချော

တူလျောက်လမ်းခဲ့ ကြတာပေါ့။


ရှင့် ဘက်က ပိတ်လို့ အမှောင်ချလိုက်တော့

ကျမ လည်း ကြာကြာ မနေပါဘူး ရှင်နဲ့တူတူ

လောကကြီးကို အမှောင်ချ ရှင်နောက် လိုက်ခဲ့ရတယ်။


ကျမ ရဲ့ နှလုံးသွေးတွေ ထိန်းသိမ်းလို့မရတော့

ရှင်လည်း မနေနိုင် မျက်ရည်တွေ သွန်းဖြိုးလို့

အသိစိတ်ရဲ့ တနေရာမှ တယောက်လက်ကို မြဲမြဲ ဆုပ်ထားကြတာပါဘဲ။


ရှင့် ရဲ့  ဒေါသတွေ မီးလိုတောက်တော့

ကျမ ရဲ့ စိတ်တွေ မခံမရပ်နိုင်တွေဖြစ်

ပြေရာပြေကြောင်း ရှင်းဖို့မလို ရင်ဆိုင်တူတူဘဲ ပေါ့။


လောက ရဲ့ ထိုးနှက်ချက်တွေကြောင့်

ကျမ စိတ်တွေမခိုင် ၀မ်းနည်းငိုကြွေးတော့

ရှင်လည်း တူတူ မျက်ရည်တော့ ၀ဲခဲ့တာပါဘဲ။


ကမ္ဘာကြီးရဲ့ အကောင်းအဆိုး ရှင်စိတ်ဝင်စားတော့

ကျမ ရှင်နဲ့တူတူ မခွဲအမြဲ

လောကကြီးရဲ့ အလှအပ ကျမ ကြည့်ရူ့တော့

ရှင်လည်း ဟန်တောင်မဆောင်နိုင်ဘဲ လေ့လာနေကျ။


အနားယူဖို့ အချိန်တန်တော့

ဘယ်တုန်းကများ တူတူ မရှိခဲ့တာ

ရှင်ရော ကျမပါ မသိခဲ့ဘူးနော်။


ဒါပေမယ့် ရှင်ရယ်

ရှင်လည်း ကျမ ကို မမြင်ဖူး

ကျမလည်း ရှင့် ကို မမြင်ဖူး

သဘာဝရဲ့တတိုင်းကြီး ကာဆီထားခဲ့လို့ပေါ့၊


တခါတလေ

သဘာဝတရားတွေ ကိုချိုးဖျက်

ရှင့်ဆီ အပြေးလေးလှမ်း

ဆန္ဒနဲ့ ဘ၀ လက်တွေ့ကျဖို့

စွမ်းဆောင်ချင်ပေမယ့် ရှင်ရယ်...

ကျမဖြစ် ရှင်နဲ့ တထပ်တည်း ကျနေလိမ့်မယ်။


ရှင်ရယ်

ရှင်နဲ့ ကျမ ကမ်းစပ်မှာ ထိုင်နေကြတာတူပေမယ့်

ကျမ က ဒီဘက်ကမ်း

ရှင်က ဟိုဘက်ကမ်း

ဖြတ်ကျော်လို့ မရအောင်ကို

သတ်မှတ်ထားတဲ့ စည်းတွေကများနေရင်းက ရှင်ရယ်။

တနေ့နေ့ တော့.............................။

ဒီးဒိုး။

၀၆၊၀၄၊၂၀၁၂။

No comments:

Post a Comment