
ကလေးရယ်...
ရင်ခွင်ထဲ တိုးဝင်တုန်း
ရှက်မျက်နှာလေးကို ငုံမထားနဲ့။
ခေါင်းလေးကိုမော့
ပန်းနုရောင် ပါးပြင်လေး
နေခြည်ထွေးမှာ လှနေတဲ့အလှ
ချစ်အနမ်းတပွင့်ပေးချင်တယ်။
မကြောက်ပါနဲ့ ကလေးရယ်
လိုချင်တာ အနမ်းတကယ် မဟုတ်ရပါဘူး။
ကြင်နာတဲ့ သံယောဇဉ်နဲ့
မင်းရင်ထဲက မေတ္တာ
ကိုယ့်ရင်ကိုအေးစေတော့။
ကလေးရေ....
ပျောက်သွားမှာစိုးလို့
တင်းတင်း ကျပ်လေး
ထွေးဖက်ထားပါရစေ။
စက္ကန့် အလိုက်
နှလုံးခုန် စည်းချက်ကို ညှိတော့
ဘယ်လောက် ချစ်တယ်ဆိုတာ သိပါစေတော့။
ကလေးရေ....
နှလုံးသွေးတွေရပ်တန့်သွားအောင်
ဒီရင်ခွင်ကို စွန့်ပစ်မသွားနဲ့။
ချစ်ခြင်းတွေနဲ့သာ ရပ်တန့်ပါရစေ။
ဒီလူရဲ့ ချစ်ခြင်းတွေ ယုံကြည်လိုက်တော့။
ကလေး...လေးရေ....
ခွဲခွာခြင်းရဲ့ သံသယအကြည့်တွေ
ရုတ်သိမ်းတော့။
ကိုယ့်အသက်လိုဘဲ
စောင့်ရှောက်ကာ ချစ်နေမယ်
ထာဝရပေါ့
ဒီရင်ခွင်မှာ ခိုနားလိုက်တော့။
ဒီးဒိုး။
၀၅၊၀၄၊၂၀၁၂။
No comments:
Post a Comment