Thursday, March 29, 2012

နှောင်း..။


မသွားရသေးခင်
ပြန်လာစေချင်တဲ့ သူရေ။

ဘ၀အကြောင်းတွေ ရှင်းပြ
တူနှစ်ကို ရွှေလက်တွဲဖို့
တပြည်တရွာကို မသွားခင်
ပြန်လာဖို့ ခေါ်ချင် သူပေါ့။

နှစ်ကိုယ်တူ နီးဖို့
ခါးသက်သက်ရက်တွေ ဖြတ်ကျော်
မင်းရှိရာရောက်ဖို့
ဆန္ဒတွေ ဘယ်လိုမျိုသိပ်ရတယ်
မင်း သိမှာမဟုတ်ပါဘူး။

ချစ်သူရယ်...။
အမှန်တကယ် ခွဲခွာဖို့ ဆိုရင်
ဘယ်သွားလိမ့်မတုန်း။
ရှင်မကွာ နေချင်လို့သာ
အလုပ်ဟာ တို့နှစ်ယောက်ဘ၀ လို့
မှတ်ယူ လိုက်နာ တော့
ငါလေ တသက်စာ ဝေးခဲ့ရတယ်။

နှစ် နှစ်ဆိုတဲ့ အချိန်
ငါ့အတွက်တော့ ညနဲ့နေ့ လိုပေါ့။
မျှော်သူတွက်တော့ ဆယ်ကမ္ဘာ ဖြစ်စေခဲ့တာ မသိရိုး အမှန်ပါ။
ချစ်သူရေ...
စာနာချင်းတွေ လည်းရှိရဲ့
နားလည်ခြင်းတွေလည်း မကင်းမဲ့ပါဘူး။
မင်းရွေးချယ်တဲ့ လမ်း
ငါမရွေးခဲ့တာ အမှန်ပါ။
အပြစ်ရယ်လည်း မဆိုဘူး
အနှစ်ရယ်လို့ လည်း ငါ့အတွက်မဟုတ်ဘူး။
ဖြစ်နိုင်ရင် ပိုင်ရှင်သစ်ဆီ ခွင့်တောင်းလို့
တခါတခေါက် လာတွေ့ပါလို မဆိုချင်ဘူး။

နီးချင်တဲ့ရက်တွေလည်း
ကွယ်ပျောက်ခဲ့ပြီ။
ဖြစ်ချင်တဲ့ ဆန္ဒတွေလည်း
ဖြစ်သင့်တာတွေအောက် နှစ်မြှုပ်ကုန်ပြီ။
မနက်ဖြန်ဆိုတာကြီးလည်း မသေမချာနဲ့
ဒီနေ့ကျတော့လည်း အလွမ်းတွေရဲ့ အောက်ပျောက်ဆုံးလို့။

ချစ်သူရေ
မြန်မြန်ပြန်လာခဲ့ ဆိုတဲ့ စကား
ဒီရင်ကိုနှိပ်စက်လို့
ဘယ်ရင်ခွင် ခိုဝင်နားရမယ်
လမ်းပြပါအုန်း။

၂၄၊၀၃။၂၀၁၂။
ဒီးဒိုး။

No comments:

Post a Comment