Thursday, March 29, 2012

နွေနေ့လည် အိမ်မက်။




အသျင်ရယ်...........
အသျင်ရဲ့ရှေ့မှောက်
ခစားလို့ ရောက်ခဲ့တာ
အသျင်ဘ၀ ကို စိုးမိုး ချယ်လှယ်ဖို့
မင်း ဧကရစ် တပါး မဟုတ်ရပါကွယ်။

ပန်းနုရောင်သွေး
အသျင်ခြေ ဖမိုးလေးကို
အခွင့်ရရင်ဖြင့်
အကျွန်ုပ် မျက်ရည်နဲ့
ထပ်ဆင့် စင်ကျယ် စေချင်တာပါ။

ရွေရင်အစုံ
မောတုန်လို့ ခုန်ဆွ
နွမ်းလှတဲ့ ဆန္ဒကို
အကျွန်ုပ် လက်မောင်းသွေးနဲ့
ပြေစေတော့ရယ်လို့ တိုက်ကျွေးပါ့မယ်
အကျွန်ုပ်သွေး အဆိပ်တော့ မဟုတ်ရပါ အသျင်ရယ်။

အသျင်ရယ်..
နွေနေ့လည် အိမ်မက်
အမှန်တကယ် ဖြစ်စေတော့လို့
အသျင်ရှိရာ လှမ်းခဲ့ ချင်ပေမယ့်
ခြားနားတဲ့ မျဉ်းတကြောင်းရဲ့ ဟိုဘက် ဒီဘက်
ဒု၊သ၊န၊သော ကြီးကြောင့်
ဆန္ဒတွေ ချွန်းအုပ်လို့
အိမ်မက်က တမင်
လှုပ်နိုးခဲ့ပြီ။

အသျင်ရယ်...
အမှန်တကယ် ဖတ်ခဲ့ရရင်ဖြင့်
သခင်သစ်နဲ့ အသျင်
အကျွန်ုပ် ဆန္ဒ
စာပေတိုစ ကို
ခွင့်လွတ်လို့ နားလည် နေလိမ့်မယ်လို့ သာ.....။

အသျင်ရယ်............။

ဒီးဒိုး။
၂၉၊၀၃၊၂၀၁၂။ ၈:၅၇။

No comments:

Post a Comment