Saturday, March 24, 2012

ရန်သူ အစစ်။



facebook မှာ ကချင် နှစ်ခြင်းဘုရားကျောင်းကို အစိုးရ စစ်တပ်က ကချင်ပြည်နယ် မန်မော်မြို့နယ် ပန်မူရွာ မှ
သမိုင်းဝင် ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း (Dr.Ola Hansan) အထိမ်းအမှတ်ကျောင်းကြီး ထဲကို
ဝင်ပြီး စာရွက်၊စာတန်းများ နှင့် ပစ္စည်းများကို မီးရို့ဖျက်စီးတယ်လို့ ဓါတ်ပုံနဲ့ တကွ တွေ့ရတော့ ၀မ်းနည်းမိတာ
အမှန်ပါဘဲ။
ဒါပေမယ့် ကျွန်တော်အတွက်တော့ အံအား သင့်စရာ မဟုတ်တော့ပါဘူး။
ဘာလို့ အံ့အားသင့်စရာ မဟုတ်တာလည်း ဆိုတော့ ဒီအစိုးရ ရဲ့ စစ်တပ် လုပ်ရပ်တွေဟာ ကျွန်တော့်အတွက်တော့ ရိုးအီသွားလို့ပါ။
ကျွန်တော် အပေါင်းအသင်း ရောင်းရင်းတွေက တော့ လူမျိုးရေး စစ်ပွဲကနေ ခု ဘာသာရေးကို စစ်ပွဲ ကို ဖန်တီးဖို့
အစိုးရစစ်တပ်တွေ ဖန်တီးနေပြီ၊ဘာပြီ၊ညာပြီပေါ့။ ဘာသာရေးအတွက် လက်တွေ ပြင်တဲ့သူတွေက ပြင်၊ အသက်ပေးလို သူတွေလည်း ဒုနဲ့ဒေး ပါဘဲ။

ကျွန်တော်အနေနဲ့ ကတော့ ဘာသာရေး စစ်ပွဲ ဖန်တီးတယ်လို့ မမြင်ပါဘူး။
ဘာလို့ လည်းဆိုတော့ဒီလိုဖြစ်ရပ် မျိုးတွေကို လုပ်ကိုင် ဖန်တီးတဲ့ နေရာမှာ အစိုးရစစ်တပ် အနေနဲ့ ဘာသာမရွေး၊လူမျိုး မခွဲခြားဘဲ လုပ်ကိုင်ဖန်တီးနေလို့ပါဘဲ။
ကချင် လူမျိုးကိုဘဲ ရက်ရက်စက်စက်လုပ်သလား။မဟုတ်ပါဘူး။
ရှမ်း၊ကရင်၊ချင်း အခြားသော လူမျိုးများ ကချင်ထက် မပိုတောင် မလျော့တဲ့ ခံစားချက်တွေ ရှိကြပါတယ်။
ဒီလိုပါဘဲ ခရစ်ယာန်ကို ဘဲ ပက်စက်တဲ့ လုပ်ရပ်တွေ လုပ်သလို့ မေးပြန်ရင်လည်း မဟုတ်ပါဘူး။
နိုင်ငံတ်ာဘာသာဖြစ်တဲ့ ဗုဒ္ဒ ဘာသာကိုလဲ ဘယ်လို ပက်ပက်စက်စက် နှိပ်ကွပ်တယ် ဆိုတာ အားလုံးသိကြမှာပါ။
လက်နက်ကိုင်တွေ ထဲမှာဆိုလို့ အစိုးစစ်တပ်ထံ လက်နက်ချမယ့် အစား တရုတ်အစိုးရဆီဘဲ လက်နက်ချမယ်ဆိုတဲ့ ၀ အဖွဲ့ တစ်ခုဘဲ အခြားလူမျိုးတွေလောက် မခံစားရတာပါ။

ဘာသာရေး စစ်ပွဲလို့ ပြောဆိုလာတဲ့ အခါ ဟိုအရင် ခရူးဆိတ် စစ်ပွဲလိုမျိုး ဘာသာရေး စစ်ပွဲတွေကို မြင်ယောင်ပြီး
စိတ်မကောင်းဖြစ်မိပါတယ်။ ခရစ်ယာန်ဘာသာရော ဗုဒ္ဒဘာသာပါ အလွန်နူးညံ့ သိမ့်မွေးတဲ့ ဘာသာတွေပါ။
စာပေတွေထဲမှာ ဖတ်ဖူးတာတော့ ဗုဒ္ဒမြတ်စွာဘုရားဟာ ရန်ပြုလာသူပေါ်မှာ တောင် ရန်ပြန်မမူ ဘဲ မေတ္တာ
တုံ့ပြန်ရင်း အနိုင်ယူခဲ့တာပါဘဲ။
ထို့အတူ ခရစ်တော်ဟာ လည်း ကရာဝါရီ ကို သွားတဲ့ အခါ ညှင်းပန်းနှိပ်စက်မှုတွေကို မတုံ့ပြန် ဘဲ ဘုရားသခင်ရဲ့ အလိုတော်ကို ၀န်ခံသွားခဲ့တယ်။
ဒီဘာသာကြီး နှစ်ခုလုံးဟာ ရန်ကိုရန်ခြင်းတုံ့ပြန်တဲ့ ဘာသာ၊ သူတပါးကို ဖျက်လိုဖျက်ဆီးလုပ် တတ်တဲ့
ဘာသာကြီးမဟုတ်ပါဘူး။

ဒီလိုဆိုရင်တော့ တပါးသူတွေရဲ့ ယုံကြည်ကိုးကွယ်ရာကို ဖျက်လိုဖျက်စီးလုပ်တဲ့ သူတွေဟာ ဘယ်လို လူတွေဖြစ်မလဲ။
ကျွန်တော် စဉ်းစား မိတယ်။
ဗုဒ္ဒဘာသာဆိုရင် သူယုံကြည် ကိုးကွယ်ရာ ဘာသာကိုနှိပ်ကွပ် ဖျက်လိုဖျက်စီးလုပ်ပါ့မလား။
ကိုယ်ယုံကြည်ရာဘာသာကို မလုပ်သလို သူများ ဘာသာတရားကိုလည်း လုပ်မှာမဟုတ်ပါဘူး။
ခရစ်ယာန် ဆိုရင်ကော လုပ်ပါ့မလား။သေချာပါတယ် လုံးဝ လုပ်မှာမဟုတ်ပါဘူး။
ဒီလိုဆိုရင် ဗုဒ္ဒဘာသာ၊ခရစ်ယာန် ရော မွတ်စလင်ပါမချန် အားလုံးကို နှိပ်ကွပ် ဖျက်စီးနေမှတော့
ဒီလိုလူတွေဟာ ဒီဘာသာတွေ ထဲကမဟုတ်တာ သေချာလောက်တယ်။
မဟုတ်ဘူးဟေ့ ငါတို့က ဗုဒ္ဒဘာသာ စစ်စစ် လို့ ပြောရင်လည်း အရေခြုံထားတဲ့ ဗုဒ္ဒဘာသာ သာဖြစ်လိမ့်မယ်။
ခရစ်ယာန်ဆိုရင်လည်း အမည်ခံ ခရစ်ယာန်သာ ဖြစ်လိမ့်မယ်။
လက်တွေ့ဘ၀တွေမှာလည်း သူတို့တွေ က အရေခွံ ခဏခဏ လဲ။
အမည် နာမ အမျိုးမျိုး ပြောင်းလဲ တတ်ပေတာကိုး။
ဆိုလိုချင်တာက ခရစ်ယာန်ရော ဗုဒ္ဒဘာသာမှာပါ သူတပါး ယုံကြည်ကိုးကွယ်ရာကို ဖျက်လိုဖျက်စီး မပြောပါနဲ့
စိတ်နဲ့တောင်မပြစ်မှားရဘူးလို့ သွန်သင်ဆုံးမတာပါ။
ဒါဆိုရင် ဒီနေ့ ဗုဒ္ဒဘာသာရော ခရစ်ယာန်နဲ့ အခြား ဘယ်ဘာသာမှ မချန် နှိပ်ကွပ်ဖျက်ဆီးနေတဲ့ သူတွေဟာ
ဘာကို ကိုးကွယ်ကြတာလဲလို့ တွေးတောစရာအဖြစ်မြင်လာရပြန်ပါတယ်။

သိသလောက်လေး ချပြရမယ်ဆိုရင်တော့ မြန်မာနိုင်ငံ သမိုင်းမှာ အရည်းကြီးဘာသာ ဆိုတာ ထွန်းကားခဲ့တယ်လို့ ဖတ်ဖူးမှတ်ဖူးပါတယ်။
အရည်းကြီးတဲ့ဘာသာ တော်တော်ဆိုးဆိုး လို့ဆိုကြတာပါဘဲ။
ဒါကြောင့်လည်းကွယ်ပျောက်သွားတယ်လို့ တော့ပြောလို့ဖတ်ဖူးမှတ်ဖူးတာပေါ့။
ကျွန်တော်က ပျောက်ကွယ်သွားတယ်လို့ မထင်ဘူး။
ဒီအရည်းကြီး အယူဝါဒဟာ လုပ်စားလို့ မရတော့လို့ ဗုဒ္ဒဘာသာကို အမည်ခံ အမူအကျင့်တွေကတော့ အရင်အတိုင်းဘဲ ရှိနေတာ ဒီကနေ့လက်တွေ့ပါဘဲ။
အရည်းကြီး အယူဝါဒမှာ ကောင်းမွန်တဲ့ ဆုံးမ သွန်သင်မှုတွေ မရှိတော့ဘာမှ လည်း မလုပ်မကိုင်တတ်နဲ့ ဒီအရေခွံလဲ၊ဟိုအမည်ခံ ဒီအမည်ခံနဲ့ နေနေရတာပေါ့။
ဒီကနေ့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ရင်နာစရာ အဖြစ်အပျက်တွေဟာ အရည်းကြီး လို နေလို့မရတော့လို့ ဗုဒ္ဒဘာသာ အရေခြုံထားတဲ့ သူတွေကြောင့် ဖြစ်ရတာပါ။
ဒီလိုပါဘဲ ခရစ်ယာန် အမည်ခံ အရည်းကြီးတွေလည်း ဘယ်လောက်ရှိနေမလဲဘဲ။

ဒီလိုပါဘဲ ဒီအရည်ကြီး ဘာသာဟာ မြန်နိုင်ငံ အလယ်ပိုင်း ဗမာလူမျိုးများ အများစုနေထိုင်ရာ မှာဘဲ
ထွန်ကားခဲ့တာ မို့ အရည်ကြီး စိတ်ဓါတ်တွေ ၀င်နေတဲ့ လူတွေကိုကြည့်ရင် မြန်မာနိုင်ငံအလယ်ပိုင်း ကလူတွေသာဖြစ်နေတာပါ။
ငခုံးမ တကောင်ကြောင့် တလှေလုံး ပုပ်ခံနေရတဲ့ ဗုဒ္ဒဘာသာ စစ်စစ် ဗမာ လူမျိုးတွေအတွက် လွန်စွာခံရခက်မှာပါ။
ဗုဒ္ဒဘာသာ စစ်စစ် ဗမာလူမျိုးတွေက အလွန်သိမ့်မွေ့၊ရိုးသားကြပါတယ်။
အဲ အရည်ကြီးသွေးနှောတဲ့လူ ကြတော့ အရည်ကြီးတွေရဲ့ အမူအကျင့်တိုင်းဘဲပေါ့။
ကျွန်တော်တို့ ကိုယ်လူမျိုး၊ဘာသာ ဂုဏ်ကို ငဲ့ညာပြီး တယောက်နဲ့ တယောက် လက်ညှိုးထိုး အပြစ်တင်စရာ
မလိုတော့ပါဘူး။
ဒီတော့ ကျွန်တော်တို့ အားလုံးဟာ ကောင်းမွန် မြင့်မြတ်လှတဲ့ ကိုယ့် လူမျိုး၊ဘာသာတရားအောက်မှာ
ခိုဝင်ပြီး အရည်းကြီး သဘာဝကို ထုတ်ထုတ်ပြနေတဲ့ လူမှန်သမျှကို တိုက်ထုတ်ကြပါစို့။
တိုင်းရင်းသား ညီနောင်ဖွား ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ဗမာ၊ရခိုင်၊ရှမ်း အားလုံး ကျွန်တော်တို့ ရဲ့ ကောင်မွန်တဲ့သွေး၊မြင့်မြတ်လှတဲ့ ဘာသာတရားအောက်မှာ အရည်းကြီးတွေရဲ့ လုပ်ရပ် မှန်သမျှကို တွန်းလှန်သွားကြပါစို့။

ဒီးဒိုး။
၂၅၊၀၃။၂၀၁၂။

No comments:

Post a Comment