Monday, February 6, 2012

ခံစားမိသမျှ။

ကြားကြားရ သတင်းတွေက စိတ်မကောင်းစရာတွေပါလားဗျာ။

မန္တလေး ဘူတာနား တောင်းရမ်းစားသောက်တဲ့ ကလေးသူငယ်တွေကို ဥပဒေထုတ်ပြန် ဖမ်းဆီးမယ်တဲ့။

ထောင်က ထွက်လာတဲ့ ဘုန်းတော်ကြီးများ ပြန်လည် သီတင်းသုံး နေထိုင်မယ့် ကျောင်းကို ချိတ်ပြန်ပိတ်မလို့တဲ့။
http://www.thithtoolwin.com/2012/02/blog-post_1766.html

ခရစ်ယာန် ဘုရားကျောင်းကို ၀တ်ပြုနေချိန်မှာ ၀င်ပြီး ပိတ်ခိုင်းအုန်းမတဲ့။

ဥပဒေတွေက လည်း ဟိုအရင်ကတည်းက ရှိခဲ့တာလားမသိပါဘူး။
ခု ငါ့စိတ်နဲ့မတွေ့ လို့ ဥပဒေထုတ် အားလုံးကို လိုက်နာစေမယ် ဆိုတဲ့ ခေတ်တော့ မရှိကောင်းတော့ပါဘူးလေ။

မြန်မာပြည်တွင်းမှာနေထိုင်သူ ရဟန်း၊ရှင်လူ၊ပြည်သူ အားလုံးဟာ မြန်မာ အစိုးရရဲ့  လက်အောက်မှာဘဲနေထိုင်ကြတာပါ။ ဒါပေမယ့် ဒီအစိုးရ လက်အောက်မှာဘဲ နေ တရားသည်ဖြစ်စေ၊မတရား သည်ဖြစ်စေ ခေါင်းငုံ့ခံနေမယ် အထဲမှာတော့ မြန်ပြည်က ရဟန်း၊ရှင်လူ ပြည်သူအများ မပါတာကိုတော့ သမိုင်းကြောင်း ကို ပြန်ကြည့်မယ်ဆို သိကောင်းပါရဲ့ ။

တကယ်တော့ ဘူတာရုံနား တောင်းရမ်းနေတဲ့ ကလေး သူငယ်တွေကို ဥပဒေထုတ် ဖမ်းဆီးလိုက်တော့ အဲဒီနားမှာ တောင်းရမ်းစားသောက်တဲ့ ကလေးငယ်တွေ မရှိလောက်တော့ဘူးလို့ ကျွန်တော်မယုံကြည်ပါဘူး။
အမှန်တကယ်ဘဲ တောင်းရမ်း စားသောက်တဲ့ လူငယ်လေးတွေမရှိ စေချင်ဘူးဆိုရင်တော့ ဥပဒေလည်း ထုတ်ပေါ့။ သူတို့လေးတွေရဲ့ လိုအင်ဟာ ဘာလဲဆိုတာ လည်း ဖော်ထုတ်သင့်ပါတယ်။
"ဘာကြောင့်တောင်းရမ်းရပါသလဲ"ဆိုတဲ့ အဓိက အကြောင်းအရင်းကို ရှာဖွေလေ့လာပြီး သူတို့လေးတွေရဲ့ အနာဂတ်ကို ရေရှည်ကူညီ ပေးနိုင်ရင်ပိုကောင်းမယ် မဟုတ်ပါဘူးလား။

နောက် သူတို့လေးတွေ ပေါ်ကို ဘယ်လိုရင်နှီးမြှုပ်နှံမလဲ။
သူတို့လေးတွေရဲ့ ခြေထောက်ပေါ် သူတို့လေးတွေ ဘယ်လိုကူညီ နိုင်မလဲဆိုတာ တကယ်တတ်သိနားလည် တဲ့ သူတွေ စဉ်းစားပေးစေချင်ပါတယ်။

ကျွန်တော်တို့ နို်င်ငံအတွက် တခြားရင်းနှီးမြှုပ်နှံမှုတွေ လည်း လိုအပ်သလို လမ်းဘေးရောက်နေတဲ့ ကလေးငယ်တွေ အတွက် ရင်းနှီးမြှုပ်နှံမှု လည်း အမှန်တကယ် လိုအပ်ပါတယ်။
တခြားရင်းနှီးမြှုပ်နှံမှုတွေက နောက်၁၀နှစ် ဆိုတဲ့ကာလမှာ ခေတ်မှီတော့ မှာ မဟုတ်ပါဘူး။
ဒါပေမယ့် ကလေးသူငယ်တွေ အပေါ် ရင်းနှီးမြှုပ် နှံမှုကတော့ နောင်၁၀ နှစ်မှာ ခေတ်အမှီ ဆုံး ဖြစ်နေလိမ့်မယ်။
နိုင်ငံတော် အဆင့်အနေနဲ့ ကလေးသူငယ်လေးတွေရဲ့ ပြုပြင်ရေး ကျောင်းတွေ ဘာတွေ လုပ်ပြီး သူတို့ ရဲ့ ဘ၀ တောင်းရမ်းနေတဲ့ ဘ၀ က လွတ်မြောက်စေချင်တော့တာပါဘဲ....။

အမှန်တော့ဘယ် သူမှ တောင်းရမ်း စာသောက်ချင်မှာတော့ မဟုတ်ပါဘူး။ ဖြေရှင်းဖို့ နည်းလမ်း ကို နောက်ဆုံး ရှာမတွေ့တော့တဲ့ အချိန် မှာ သူတို့ ရဲ့ ဦးနှောက်လေးနဲ့ ကာယ တတ်နိင်သမျှ ဖြေရှင်းတာဘဲ ဖြစ်နေမှာပါ။

နောက်.. မဂ္ဂင်ကျောင်းမှ သံဃာတော်များ ကျောင်းက ထွက်ခွာလာရတာကို မြင်ပြီး ရင်ထဲ မချိလွန်းလို့ ပါဗျာ။
သက်တော်တွေ လည်း ကြီးလှပါပြီ။လမ်းတောင်မှ တွဲပြီးလျောက်နေရတယ်။ထောင်က ထွက်လာလာ ခြင်းတော့ ဘုန်းတော်ကြီး မပြောပါနဲ့ သာမန်လူတောင် နေစရာ ခက်ခဲ ရှိနိုင်ပါတယ်။ ဒီတော့ အဲလို ထောင်က ထွက်လာတဲ့ လူတွေ၊ဘုန်းတော်ကြီးတွေကို ဘယ်လိုလုပ်ဆောင်ပေးမလဲ ဆိုတဲ့ အစီစဉ်လေးရှိရင် သိပ်ကောင်းမှာဘဲ။

တဆက်တည်း အတွေးတွေက မဂ္ဂင်ကျောင်းမှ သံဃာတော်များ ဘယ်မှာများ သွားသီတင်းသုံးမလဲ။
မဂ္ဂင်ကျောင်း ကို ချိတ်ပိတ်လိုက်တော့ နိုင်ငံတော်က မဂ္ဂင်ကျောင်းမှာ သီတင်းသုံးတဲ့ ဘုန်းတော်ကြီးတွေ အတွက်ကျောင်းတကျောင်း စီစဉ်ပေးတယ်လည်း မကြားမိပါဘူး။ စီစဉ်ပေး ခဲ့ ရင်တော့ အရမ်းကောင်းမှာဘဲလို့
ထင်နေမိတယ်။ ဘုန်းတော်ကြီး တွေရဲ့ ဆွမ်း၊ကွမ်း အစပေါ့။


နိုင်ငံတော်လူကြီးတွေ တခြားနိုင်ငံတွေ သွားပြီး စီးပွားရေး အကူအညီတောင်း၊နည်းပညာ အကူအညီတောင်းလိုက်ကြနဲ့ပါ။

ဒီလိုပါဘဲ ကျွန်တော်တို့ နိုင်ငံမှာရှိနေတဲ့ လူငယ်တွေနဲ့ ထောင်ထွက်တွေကို ဘယ်လိုကူညီ လုပ်ဆောင်ပေးရမယ် ဆိုတဲ့ လူသား အရင်းအမြစ် ဖွံ့ဖြိုးရေး လေးလည်း အကူအညီတောင်းစေချင်ပါတယ်။

ဒါမှမဟုတ်ရင်တော့ ဥပဒေထုတ်ပြန်တုန်း ခဏပျောက် ပြီးတော့ ငါ့ဝမ်းပူစာ မနေသာတော့ ပြန်တောင်းရမ်း စားသောက်လိုက်နဲ့ ဂျာအေး သူအမေရိုက် နေအုန်းတော့မှာပါဘဲ။

ဒီးဒိုး။

No comments:

Post a Comment