Monday, January 23, 2012

မျက်နှာဖုံး

ငါ့ မျက်နှာ က
ဆူသိုးသိုး
မှုန်တုံတုံ
ခပ် ထုံထုံ။

ငါ ပြောတဲ့ စကား
ခပ်ထန်ထန်
ဘုကျကျ
ရှတတ။

နူးနူး ညံ့ညံ့
သိမ်သိမ် မွေ့မွေ့
ကြင်နာတတ်တဲ့ နှလုံးသား
ရင်ထဲမှာ သိမ်းထားတယ်။
မင်းမြင်နိုင်ပါစေ လေ...။

ဒီးဒိုး။
၀၁၊၀၁၊၂၀၁၂။

No comments:

Post a Comment