Wednesday, January 25, 2012

ဖျက်စီးခြင်း

တို့ပြည်မှာ
အေးခဲတဲ့ တောင်တန်းကြီးရှိတယ်။
လှပတဲ့ မြူခိုးတွေ ပျော်စံရာ
မေခနဲ့ မလိခ ပေါင်းဆုံလို့
ဧရာဝတီမြစ်ကြီး မွေးဖွားရာ ဖြစ်တယ်။

တို့ပြည်မှာ
ကမ္ဘာကျော်တဲ့ ကျောက်စိမ်း
သည်းခြေခိုက် ကြိုက်တဲ့ ရွှေ
ရှာပါးတဲ့ သစ်ခွနဲ့ ဆေးမြစ်
ဆန်စပါးများ လွန်ပေါများလို့
မြန်ပြည်ရဲ့  ဂုဏ်ရောင်တက်စေတဲ့ ပြည်ဖြစ်တယ်။

အေးချမ်းစွာနေလိုတဲ့ စရိုက်
ရိုးသားတဲ့ အကျင့်နဲ့
ဗမာတွေအခေါ်(ကချင်)တွေ နေတယ်။

အဲဒီ ပြည်ဟာ
တို့ ရဲ့  ဇာတိချက်ကြွေ
တို့ရဲ့ စုရပ်
တို့ရဲ့  နောက်ဆုံး ခံတပ်။

.
.
.
.
.
အလိုလေး
တို့ရဲ့  စုရပ်
နောက်ဆုံး ခံတပ် ကို ဘီလူးတွေ ၀င်စီးနေပါပေါ့လား။


ီဒီးဒိုး။
၂၆၊၀၁၊၂၀၁၂။

No comments:

Post a Comment