Thursday, January 19, 2012

ဖြိုး။

ဂီတာအို ကို ကြိုးညှိ
ချစ်သီချင်းတွေ မသိဆိုနိုင်တော့
ဟိုး....ဝေးဝေးမှာ ချောင်ထိုးခဲ့တာလား......ဖြိုးရယ်။

သခင့်အကြိုက်
ချိုလွင်လွင် ချစ်သီချင်းသစ်
ရင်မှာဖြစ်ပေမယ့်
ရွေနားတော် မသွင်းနိုင်တဲ့
ငယ်ကျွန်အဖြစ်
သခင် သိမှသိပါလေစ...သိပါစ။

သခင်အလိုကျ
သခင့်အနားမှာ ခစားလို့
ရွေရင်ကို နွေးထွေးစေမယ်
ပါးပြင်ကို မအေးစေနိုင်တဲ့
ငယ်ကျွန့် အဖြစ်
ဖြိုး သိမှသိပါလေစ...သိပါစ။

အပြစ်ကင်းတဲ့ သခင့်အပြုံးထဲ
ပျော်ဝင်ချင်ပေမယ့်
ချစ်သူ ချော့တေး
မသီဆိုတတ်သူမို့
ဖြိုး...ရယ်။


ဒီးဒိုး။
၂၃၊၁၂၊၂၀၁၁

No comments:

Post a Comment