Tuesday, March 8, 2011

ရင်မှာပွင့်တဲ့ ဆောင်းရာသီ

သူငယ်ချင်းရေ ...
တွေးထင်မိတာလေးတွေကို
ကဗျာဖွဲ့လို့ပြောချင်တယ် ။

ချစ်တဲ့သူချင်း ထိုထိုများမှာ ...
သီတာရေလို ချမ်းမြကြည်တဲ့
ချစ်ခြင်းညီမျှ မိသားစုနဲ့ မောင်နှမတို့
စပယ်ဖြူဖွေး မွှေးမွှေးကြူတဲ့
ဖြူစင်လှသော သူငယ်ချင်းချစ်။

ဆုံးစမရှိ သမုဒ္ဒရာသို့
ပင်လယ်ပြင်လို နက်ရှိုင်းလှစွာ
ချစ်ခင်ကြတဲ့ ချစ်သူချစ်။

ချစ်ခင်မှုကြား ရှုပ်ထွေးလှစွာ
ဖြစ်စေတတ်တော အလွမ်းဖွဲ့များ
ခံစားလာရ မွန်းကြပ်မှုနဲ့
ခါးသီးလှသော နာကျင်မှုသာ
လက်ခံရရှိအပ်သော ထိုအရာ ...။

မြူအမှုန်ရဲ့ တစ်စက်လောက်သာ
ရရှိခဲ့သော ပျော်ရွှင်မှုထက်
ထောင်သောင်းမက ပူလောင်မှုသာ
ရင်ဝယ်ပိုက်မိ ချစ်တဲ့သူတွေကြောင့်ပဲပေါ့။

ချစ်တယ်ဆိုတာ ...
ဖြစ်တည်ကိုယ့်စိတ်
မုန်းစိတ်ဆိုလည်း
ကိုယ်ကိုယ်တိုင်သာ ။

မမြဲသောတရား သင်္ခါရကို
ခံစားလာမိ သည်ခါတွင်မှ
ချစ်ခြင်းတွေကို ဥပက္ခာပြု
တွယ်တာမှုတို့ ခ၀ါချလိုက်ချင်ပါပြီ။

အရောဝင်ကောင်းသော အရာမဟုတ်တဲ့
သံယောဇဉ်ကို ဖြေချင်လို့လည်း
ငြိမ်းချမ်းခြင်းကို ရယူချင်လို့
တို့တတွေမှာ ရှေ့ခရီးဆက်ရင်း
အမုန်းတွေ မပွားရအောင်
ဝေးဝေးကပဲ ချစ်နေတော့မယ်
သူငယ်ချင်းရယ် ...။ ။

အေး။
http://www.ainmat.com/index.php?/archives/3894-unknown.html#extended

ကြိုက်လို့ ဖော်ပြပါ link မှကူးယူ ခြင်းဖြစ်ပါသည်။

No comments:

Post a Comment