Tuesday, March 8, 2011

တော်ဝင်တံခါးကို ခေါက်မိခြင်း။

သခင်ရေ....
ဝိုင်တစ်ခွက်နဲ့ မျက်ရည်
ပြိုင်ဘက်ကင်းပါစေနော်...
ချိုမြိန်တဲ့ ဝိုင်တစ်ခွက်ရဲ့ အရသာ
မင်း ခံစားကြည့်ဖူးမှာပါ။

ခါးသက်တဲ့ မျက်ရည်စက်
ဘယ်အရာနဲ့မှ မတူနိုင်တာ
မင်း နားလည်မှာပါ။

တစ်ခါတစ်ခါ
အသည်းကို အမြည်းလုပ်
နှလုံးသားကို တစ်စစီထုတ်ပြီး
ချိုမြိန်တဲ့ ဝိုင်ခွက်ထဲမှာ
ငါ...ငါလေ
ပျော်ဝင်ပေးခဲ့ရပြီလား။

သခင်ရေ....
ှရှင်သန်နေရတဲ့ ငါ့ခန္ဓာမှာ
နှလုံးသားဆိုတာလည်းရှိတယ်။

အသွေးတွေနဲ့ တည်ဆောက်ထားတဲ့
အသည်းမှာလည်း
ဒါဏ်ရာမဲ့နေဆဲပါလေ။

ဒီတော့ .....
မျက်ရည်စက်တွေနဲ့
ဝိုင်ခွက်ကို ကိုင်မြှောက်ရင်း
သီချင်းကလေး တစ်ကြော်ကြော်နဲ့
ငါ့နှလုံးသားကိုတော့
ဝါးမြို မသွားပါနဲ့ကွယ်။

ငါ့ ရင်မှာ တစ်စက်တစ်စက်နဲ့ 
လည်ပတ်ရှင်သန်နေရတဲ့ အသည်း
မင်း အခါခါခွဲပြီး
ရယ်မောဟားတိုက်မပစ်ခဲ့နဲ့ကွယ်။

သခင်ရယ်..
ထာဝရရှင်သန်ခြင်းနဲ့
အနားမှာ နေခွင့်ရလျှင်ဖြင့်
ငါ့နှလုံးသားကို
ကစားလိုက ကစား
စားလိုက စားပါလေ။

မာယာအပြုံးတွေ
ဖုံးကွယ်ထားလျှင်လည်း
သခင့်အလိုကျ
ပြုံးပြလို့သာ နေပါ့မယ်လို့ ...။ ။

လင်း ။
http://www.ainmat.com/index.php?/archives/3916-unknown.html#extended

ကြိုက်ရ်ျ ဖော်ပြပါ link မှ ကူးယူးဖော်ပြပါသည်။

2 comments:

  1. ကျေးဇူးပဲ ညီလေးရေ အိပ်မက်ကို သိပ်မရောက်ဖြစ်တော့ ကိုလင်းရဲ့ကဗျာတွေရော ညီလေးရဲ့ကဗျာတွေကိုရော မဖတ်ဖြစ်တာကြာနေပြီ စကားမစပ် အိမ်ပြန်မယ်ဆို အခုပြန်ရောက်နေပြီလား အဆင်ပြေရဲ့လား ငါ့ညီ

    ReplyDelete
  2. မာယာအပြုံးတွေ
    ဖုံးကွယ်ထားလျှင်လည်း
    သခင့်အလိုကျ
    ပြုံးပြလို့သာ နေပါ့မယ်လို့ ...။ ။
    ခံစားချက်တွေ မို့ထင်ပါရဲ့။
    ခံစားအားပေးလျှက်။
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete