Sunday, March 6, 2011

၂၀၁၁ ရဲ့ အစ

ငါ ဘယ်သူဆိုတာ
ငါကိုယ်ငါ အသိဆုံးပါ။

ဒီခရီး တယောက်တည်းတွက်ဆို
ဒီလောက်မြန်မြန်ကြီး မလျောက်ပါဘူး။

ရှေ့တလှမ်းတိုးဖို့
နောက်က ခြေကို မြန်မြန်ကြွမှ
ရှေ့ကခြေထောက် ငုတ်ဆူးပြန်တယ်။

အကြိမ်ကြိမ် မှားယွင်းခဲ့လို့်
အမှားတွေက အမှန်ဟန်ဆောင်ထားတယ်။

ရင်ထဲမှာ နာတယ်။
ခံပြင်းတယ်။
ရည်ရွယ်ချက် မမှန်လို့ ပန်းတိုင် မရောက်တာနေမှာပေါ့။

ပွင့်လျက်နဲ့ ကန်းနေတဲ့မျက်စိ။
စဉ်းစားလျက် သုံးမရတဲ့ ဦးနှောက်
ခံစားချက် ဦးစားပေးတဲ့ နှလုံးသား
အားလုံးကို တောက်တောက်စဉ်း...။
မြေမြှူပ်လိုက်ချင်တယ်။



ဒီးဒိုး။
၀၆၊၀၃၊၂၀၁၁

No comments:

Post a Comment