Friday, December 17, 2010

အို ကလဲ့စား

ဖြစ်ခဲ့တဲ့ အတိတ်၊အဟောင်းမှာ ခံခဲ့ရတယ်။မကျေနပ်ဘူး။
မနူးမနပ်လို့ ထင်ထားတဲ့ မိန်းမပျိုလေးကြောင့်ပေါ့။
ကိုယ်ကသာ မနူးမနပ်လို့ သတ်မှတ်ထားတာ သူ့ရဲ့အကြည့်တချက်မှာ ဘ၀တစ်ခုလုံး မျောပါခဲ့ရတယ်။
သူမရဲ့ ရီမောသံ သဲ့သဲ့လေးမှာ ဘ၀တစ်ခုလုံး စုံးစုံးမြုပ်ခဲ့ရတယ်။
သူမရဲ့ ခါရမ်းတဲ့ အမူအရာလေးမှာ ဘ၀တစ်ခုလုံး ယိမ်းယိုင်ခဲ့ ရတယ်။
သူမရဲ့ ခြေဖ၀ါးအောက်မှာ ချူနဲ့ ခူးပစ်မယ်ဆိုတဲ့ ယောက်ကျားမာန ပြားပြားဝပ်စင်းခဲ့ရတယ်။
သူမရဲ့ ပစ်လွတ်ချက်မြှားတွေဟာ အံသြစရာကောင်းလောက်အောင် ပစ်မှတ်ကို တည့်တည့်ထိတယ်။
အမှန်တကယ်လည်း အကြည့်လေးတချက်၊မျက်ဝန်းတစုံ၊အမူအရာလေးမှာ ရှုံးနိမ့်ခဲ့ရတာ ယောက်ကျားတယောက်ပါလား။
မရဘူး။အရူံးမပေးဘူး။အချစ်နဲ့ စစ်မှာ မတရားတာမရှိဘူး။ စိမ်းကားလွန်းတဲ့ သူမနှလုံးသားကို နောင်ကျဉ်အောင်လုပ်ပေးရမယ်။

ဒီတစ်ခါ စပြီးပြုလုပ်သူဟာ ငါဘဲလေ။ ဒီတခါရှံးရင်တော့ ငါနေစရာရှိတော့မှာမဟုတ်ဘူး။
ဒီတော့ အစစ အရာရာ ပြင်ဆင်ထားတယ်။ တစ်ကမ္ဘာလုံးနဲ့ မိတ်ဖွဲ့ထားတယ်။
ပင်လယ်ကြီး နဲ့ ကောင်းကင်ကြီး ကို စည်းရုံးထားတယ် ငါ့ကို ကူညီဖို့ပေါ့။
တောင်ကုန်းတောင်တန်းနဲ့ နှစ်ရှည်သစ်ပင်ကြီးတွေပါမကျန် ငါ့ဘက်တော်သားပေါ့။
ဒီတခါတော့ အလည့်ကျ မနွဲ့ကျစတမ်းပေါ့။
ငါ့ရဲ့ မျက်လုံးကို တကမ္ဘာလုံးက လူတွေကို ရှာကြည့်နိုင်အောင် ဖန်တီးထားလိုက်တယ်။
ဒါမှ ခြေရာလည်းဖျောက်၊ရေပါနောက်ခဲ့တဲ့ သူမ ကို ရှာတွေ့မှာပေါ့။
နောက် ငါ့နှလုံးသားကို သံမဏိထက်မာတဲ့ သတ္ထုတမျိုးနဲ့ အလုံပိတ် သော့ခတ်ထားတယ်။
ဒါမှ သူမနဲ့တွေ့တဲ့အခါ ငါ့နှလုံးသား အရည်ပျော်မကျသွားမှာပေါ့။
ဒါလောက်ဆိုစိတ်ချရပြီ..။နေအုန်း ငါ့ဦးနှောက်ကို လုံခြုံအောင်လုပ်ဦးမှ။
သူမနဲ့ ကို တွေ့ရင် ဦးနှောက်က အလုပ်မလုပ်ဘဲ သူမရဲ့ လက်ညှိုးညွန်ရာကို လိုက်လိုက်လုပ်နေလို့လေ။
ဒီတော့..ဟုတ်ပြီ ငါ့ဦးနှောက် ကို ဥပက္ခာ တရားတွေ အပြည့်ထိုးသိပ်ထားလိုက်မယ်။
သူမနဲ့တွေတဲ့အခါ သူမ စေညွန်ရာအားလုံးကို ဥပက္ခာပြု၊မျက်ကွယ်ပြုနိုင်မယ်။
ပြီးတော့ ငါ့ရဲ့လက်သဲကို အချွန်မြဆုံးဖြစ်အောင် ဖန်တီးလိုက်တယ်။ဘယ်လောက်တောင် ထက်သလဲဆို လူတယောက်ရဲ့ နှလုံးသားကို ထုတ်ယူတဲ့အခါ ထုတ်ယူခံရတဲ့
လူဟာ နာကျင်ခံစားမှုကို ခံစားရမှာ မဟုတ်ဘူး။

အလင်းရောင်တွေ ဆိတ်သုန်းလို့ သန်းခေါင်ထက်နက်တဲ့ည တညမှာ..။
တကမ္ဘာလုံးက လူတွေကိုမြင်နိုင်တဲ့ ငါ့မျက်စိကို ရှင်ရှင်ထားလို့ စိမ်းကား၊ခြေရာဖျောက်သွားတဲ့ သူကို ရှာကြည့်လိုက်တယ်။တွေ့ပါပြီ။
ရေခြင်္သေ့တို့ ပျော်စံရာ ကျွန်းလေးမှာ သူမ အိပ်မောကျနေလေရဲ့။
သူမ အိပ်စက်ရာ ကုတင်နားကို တိတ်တဆိတ်ချဉ်းကပ်လိုက်တယ်။
ပတ်ဝန်းကျင်တစ်ခုလုံးက ပကတိ တိတ်ဆိတ်ငြမ်သက်လျက်ပါဘဲ။
သူမရဲ့မျက်နှာကို တွေ့လိုက်ရတယ်။ကလေး ငယ်တယောက်လို အပြစ်ကင်းစွာ အိပ်နေလေရဲ့။
သူမ မျက်နှာလေးကို ကြည့်တော့ ငါ့ကို စိမ်းကားရက်စက်သူ မဟုတ်သလိုပါဘဲ။
ဒီအချိန်မှာ အသံ တစ်သံကို ကြားလိုက်တယ်။ သေချာ နားကိုစွင့်ပြီးနားထောင်လိုက်တယ်။
အလို...ငါ့ရင်ခုန်သံတွေမြန်နေပါလား။
တော်သေးတာပေါ့ ငါ့နှလုံးသားကို အမာကျောဆုံး သေတ္တာထဲ ထည့်သော့ခတ်ထားလို့။
ဦးနှောက်က လှမ်းအချက်ပေးတယ်။လုပ်စရာရှိတာ ဆက်လုပ်လေ တော်ကြာသူနိုးသွားမယ်။
သတိတချက်ဝင်လာပြီး သူမရဲ့မျက်နှာလေးကိုဘဲ ဆက်ကြည့်မိတယ်။
သူမ ရဲ့ နုတ်ခမ်းလေး က အရင်ကထက် ပိုတောက်ပနေသလိုဘဲ။
မျက်လုံးလေးကတော့ မှိတ်ရက်သား၊ သူမရဲ့ ရင်အစုံက စည်းဝါးကိုက် နိမ့်လိုက် မြင့်လိုက် နဲ့ပေါ့။

အချွန်ထက်ဆုံး ငါ့ရဲ့လက်သည်းကို ထုတ်လိုက်တော့ မီးရောင်ထဲမျာ လက်ကနဲဘဲ။
သူမရဲ့ နှလုံးသားကို ထုတ်ယူဖို့ လုပ်လိုက်ချိန်မှာဘဲ သူမ နာကျင်သွားမလားလို့ သံသယ၀င်လာမိတယ်။
ဦးနှောက်အချက်ပေးတယ် လုပ်စရာရှိတာဆက်လုပ် ဘာမှ သံသယမဖြစ်နဲ့။
မှန်တယ် သူမရဲ့ စိမ်းကားတဲ့ နှလုံးသားကို ဆုံးမရမယ်။
သူမရဲ့နှလုံးသားကို ထုတ်ယူလိုက်တယ်။ဘာအခက်ခဲမှမရှိဘူး။
သူမရဲ့ နှလုံးသားဟာ ငါ့လက်ထဲမှာ တထုတ်ထုတ်ခုန်လို့ပေါ့။
သူမရဲ့ နှလုံသား နေရာမှာ ငါ့နှလုံးသားကို အစားထည့်ပေးခဲ့မယ်။
ဟာမဖြစ်ပါဘူးလေ..တော်ကြာ သူမ ငါ့လိုခံစားနေရလိမ့်မယ်။
ဟုတ်ပြီ တတိယနှလုံးသားကို ဖန်ဆင်းပြီး သူမကိုအသက်ရှင်ထားစေခဲ့မယ်။
သူမရဲ့ နှလုံးသားမှာ ငါ့ကို စိမ်းကားတဲ့ အရာတွေကို ဖယ်ရှားပြီးမှ ပြန်လာထည့်ပေးမယ်။

သူမရဲ့ နှလုံးသားကို ယူလာတယ်။
အနီးဆုံး ဖြစ်တဲ့ ဟိုအရင် သူမနဲ့ အတူ ပျော်ခဲ့ဖူးတဲ့ ကမ်းစပ်ဆီကို ပေါ့။
ပင်လယ်ကြီးနဲ့ မိတ်ဖွဲ့ထားတော့ ပင်လယ်ကြီးကိုဘဲ အကူအညီတောင်းရတာပေါ့။
ပင်လယ်ကြီးရယ် ဒီနှလုံးသား က ငါ့ကို စိမ်းကား ရက်စက်လို့ အားမရဘူး ခုဆို ခြေရာဖျောက် ရေပါနောက်ခဲ့ပြန်ပြီ။
ဒီနှလုံးသားကို အဲဒီအရာတွေကို ပျောက်ကွယ်သွားအောင်ဆေးကြောပေးပါဆိုပြီး ပင်လယ်ကြီးကို ပေးလိုက်တယ်။
သူမနှလုံးသားကို ပင်လယ်ထဲကို ရောက်သွားတယ်ဆိုရင်ဘဲ ပင်လယ်ကြီးက လှိုင်းတွေ တ၀ုန်းဝုန်းနဲ့ ရိုက်ခတ်
့ဆေးကြေားလို့ပေါ့။
သူမရဲ့ နှလုံးသားဟာလည်း လှိုင်းလုံးကြီးတွေထဲမှာ မျောပါနေလေရဲ့။
ဒီလိုနဲ့ ပင်လယ်ကြီးက စိတ်တိုင်းကျ ဆေးကြောပြီးတော့ နှလုံးသားကို ပြန်ပေးတယ်။
သူမ နှလုံးသားက တော့ အရင်တိုင်း တထုတ်ထုတ်နဲ့ ခုန်နေဆဲဘဲလေ။
အရာအားလုံးကို သိမြင်နိုင်တဲ့ ငါ့ရဲ့ မျက်စိနဲ့ သူမ နှလုံးသားကို စီစစ်ကြည့်လိုက်တော့..
ငါ့ကို စိမ်းကားနေဆဲ ဘဲလေ။
ဘယ်လိုဘဲ ဖြစ်ဖြစ် ကူညီခဲ့တဲ့ ပင်လယ်ကြီးကို ကျေးဇူးတင်ကြောင်းပြောလိုက်တော့မှ သတိထားမိတာ ကတော့။
ပင်လယ်ကြီးက အရောင်တွေ ပြောင်းနေတယ်။ ရေတိမ်တဲ့နေရာမှာ စိမ်းနုရောင် ဖြစ်နေပြီးတော့ ရေနက်တဲ့ နေရာမှာတော့ စိမ်းပြာရောင် ဖြစ်နေတယ်။
ပင်လယ်ကြီးကတော့ ငါ့ကို ကူညီရတဲ့အတွက် ၀မ်းသာကြောင်းဘဲ တဖွဖွပြောနေတော့တယ်။
ပင်လယ်ကြီးရဲ့ နဂို ပင်ကိုရောင်ပြောင်းသွားတဲ့အတွက် ၀မ်းနည်းကြောင်းပြောပြတော့
ပင်လယ်ကြီး က သူငယ်ချင်းဆိုတာ လိုအပ်တဲ့အချိန်မှာ ကူညီဖို့ဘဲလေတဲ့။
သူအရောင်ပြောင်းသွားတဲ့ အတွက်လည်း ၀မ်းသာကြောင်းပြောတယ်။
သူငယ်ချင်းအတွက်ဘဲလေတဲ့။

ပင်လယ်ကြီးက ဆေးရောလို့မရတော့ မိုးကောင်း ကင်ကြီးကို အကူအညီထပ်တောင်းတယ်။
သူမရဲ့ စိမ်းကားတဲ့ နှလုံးသားကို နှောင်ကျဉ်အောင်လုပ်ပေးဖို့ပေါ့။
ပိုပြီတိကျစွာပြောရရင်တော့ ကျွန်တော့်ကို မစိမ်းကားအောင် လုပ်ယုံလေးပါဘဲ။
ကောင်းကင်ကြီးက ငါ့ဆီကို ပစ်လိုက် နေမင်းရဲ့ အပူရှိန်နဲ့ စိမ်းကားခြင်းတွေကွပျောက်သွားအောင် လုပ်ပေးမယ်လို့ ဂတိပေးတယ်။
ကောင်းကင်းကြီးက အဲလိုပြောတော့ သူမနှလုံးသားလေး နေရဲ့ အပူရှိန်အောက် လောင်ကျွမ်းသွားမှာ စိုးမိသေးတယ်။
ဥပက္ခာတွေကို သာ ထိုးသိပ်ထားတဲ့ ငါ့ဦးနှောက်က မပူဖို့ ပြောတယ်။
ကောင်းကင်ပေါ် ကို သူမနှလုံးသားကို ပစ်တင်လိုက်တယ်။
နေမင်းရဲ့ အလင်းရောင်က နှလုံးသားကို ဖြတ်သန်းသွားတဲ့အခါ ကောင်းကင်တစ်ခု လုံး စိမ်းပြာရောင်သန်းသွားတယ်။
ချက်ခြင်းဆိုသလိုဘဲ မိုးတွေ ထစ်ချုန်း၊လျပ်စီးတွေ လျပ်လို့ မိုးတွေ ရွာသွန်းလိုက်တယ်။
အံသြစွာကြည့်နေတုန်းမှာဘဲ ဟိုအဝေးက တောတောင် သစ်ပင်ကြီတွေအားလုံးဟာ အစိမ်းရောင်သန်းသွားတယ်။
ကျွန်တော်ကို ကူညီကြတဲ့အတွက် အားလုံး ပြောင်းလဲ ကုန်ရပြီလို့ ၀မ်းနည်းစွာ ခေါင်းငုံ့ထားတယ်။

မယုံနိုင်စရာမြင်ကွင်းပါဘဲ...။
ကျွန်တော်ရင်တစ်ခုလုံးဝုန်းဒိုင်းကြဲပြီ တုန်ဟီးနေတယ်။
လုံခြုံစွာ သော့ခတ်ထားတဲ့ သေတ္တာကြီးဟာလဲ တုန်ခါနေတယ်။
ကျွန်တော် က တုန်လှုပ်ပြီး သော့ကိုဖွင့်ပြီးတော့ ကျွန်တော့် နှလုံးသားကို ကြည့်လိုက်တော့
တဆတ်ဆတ်တုန်နေတဲ့ ကျွန်တော်နှလုံးသား ဆတ်ဆတ်ခါနေတာကိုတွေ့ရတယ်။
ပြီးတော့ေ၏ဒါသ တကြီးကျွန်တော်ကို ပြောတယ်။

“မင်းရူးနေလား....။”
“သူများ နှလုံးသားကို ပြောင်းလဲ ပစ်လိုက်ရအောင် ရူးနေလား။”
“တကယ်ဘဲ သူမ နှလုံးသား ပြောင်းလဲ သွားပြီဆိုတော့ မင်းပျော်နေမှာလား။”
“တခြားတယောက်နဲ့ ပျော်နေတဲ့ နှလုံးသား ကို ဒီအတိုင်းထား။”
“တကယ်လို့ ပြောင်းလဲ သွားရင် ပျော်နေတဲ့ တခြားတယောက်ရဲ့နှလုံးသားကို မင်းမစာနာဘူးလား။”
“မှတ်ထား နှလုံးသားထဲက ဖြစ်ပေါ်နေတဲ့အရာတွေက ဘယ်သူ မှ ပြောင်းလဲလို့ မရဘူး။”
“ရတယ်လို့ စောဒက တက်ရင် မင်းနှလုံးသားကို အရင်ပြောင်းလဲ ကြည့်လိုက်အုန်း။”
အင်း....
သူမကို ချစ်နေတဲ့ ကျွန်တော့် နှလုံးသားကို ကျွန်တော် မပြောင်းလဲ နိုင်ဘဲနဲ့ သူများနှလုံးသားကို ကိုယ့်ကို ပြန်ချစ်လာအောင် လို့လုပ်ရတဲ့ထိအောင် ကျွန်တော်ဟာ မိုက်မဲနေမိပါလား။
ပြီးတော့ ကျွန်တော် နှလုံးသားက သူမရဲ့ နှလုံးသားကို ပြန်သွားထားဖို့ ပြောလေတော့
ကျွန်တော့်မှာ ငြင်းနိုင်စွမ်း မရှိတော့ဘူး။
နောက်ဆုံး အနေနဲ့ သူမရဲ့ နှလုံးသားကို ကြည့်လိုက်တယ်။
ကျွန်တော်ရဲ့ လက်ထဲမှာ သူမ ရဲ့ နှလုံးသား ဟာ စည်းချက်မှန်မှန်လေး ခုန်လို့ ပေါ့။
ဒီလိုနဲ့ ကျွန်တော်ဟာ တစုံတယောက်ရဲ့ စေခိုင်းမှုကို မဖြစ်မနေလုပ်ရမယ် ပုံစံ မျိုးနဲ့ပေါ့။
သူမရဲ့ ဘေးကို ချက်ခြင်းဘဲ ရောက်ပြီးရပ်လိုပ်လိုက်တယ်။
သူမကတော့ အိပ်မောကျလို့ပေါ့။ ကလေးလေး တယောက်လို အပြစ်ကင်းတဲ့အိပ်စက်ခြင်းမျိုးပေါ့။
သူမ ဆီမှာ ထည့်ထားခဲ့တဲ့ တတိယ နှလုံးသားကို ထုတ်ယူလိုက်ပြီး သူမ ရဲ့ နှလုံးသားကို ပြန်ထည့်ထားပေးလိုက်တယ်။
သူမ တချက် လူးလွန့်လာ တယ်။ကျွန်တော် စိုးရိမ်သွားတယ်။ကျွန်တော် လုပ်တာတွေ သူမ သိသွားပြီလားလို့ပေါ့။
သူမ လူးလွန်ရင်းကဘဲ နုတ်ကလည်း တစုံတယောက် နာမည်ကို ရွတ်နေတယ်။
ကျွန်တော် နားနဲ့ ဆတ်ဆတ်ကို ကြားလိုက်ပါတယ်။အဲဒီနာမည် က ကျွန်တော် နာမည် မဟုတ်ပါဘူး။
ကျွန်တော့်ခေါင်းကို ငုံ့ထားလိုက်တယ်။ ပြီးတော့ ခေါင်းကို တချက်ခါရမ်းလိုက်တယ်။
အမှန်တရားကို ပြောင်းလဲဖို့ ဆိုတာ အဖြစ်နိုင်ဘူးဆိုတာ လက်ခံ လိုက်ရပြီ။
သူမကို ချစ်မိတဲ့ ကျွန်တော့် နှလုံးသားကို မပြောင်းလဲ နိုင်မှတော့...။
သူမ နှလုံးသားကို ဘယ်လိုပြောင်းလဲ နိုင်မှာလဲ နော်။
နောက်ဆုံး အချိုမြိန်ဆုံး အနမ်းလေး ပေးလိုက်ချင်ပေမယ့်...။
ကျွန်တော် ချက်ခြင်းဘဲ လှည့်ထွက်လာလိုက်တယ်။
ပင်လယ် ကြီးက လည်း အရင်အတိုင်း မဟုတ်တော့ဘူး။
ကောင်းကင်ကြီ နဲ့ တောတောင် သစ်ပင်တွေလည်း အစိမ်းရောင်ပေါ့ မပြောင်းလဲဘူး။
ကျွန်တော် နှလုံးသားမှာလည်း ကျွန်တော် ချစ်တဲ့ ကောင်မလေး ဟာ အရင်တိုင်းရှိဆဲ ။

ဒါပေမယ့်...။
ခုတော့ သူမ ဘယ်မှာ ဆိုတာ မသိတော့ပါဘူး။
နာကျင်စေလို စိတ်လဲမရှိဘူး။ အချစ်လည်း မဟုတ် သလို မုန်းလည်း မမုန်းဘူး။
တိုက်ဆိုင်မှုလေး တွေရှိတိုင်းလည်း သတိရနေဆဲပါဘဲ။
သတိရနေပေမယ့် အရင်လို လွမ်းဆွတ်တမ်းတ မှုမျိုးတော့ မဟုတ်ဘူး။
ခြေရာဖျောက်၊ ရေနောက်ခဲ့တဲ့ သူမ ကို အပြစ်လည်း မဆိုပါဘူး။
ပြုံးပျော်နေတဲ့ သူမ ရဲ့ ပုံရိပ်ကို တွေ့ နေရပေမယ့် ကျွန်တော့် ရင်ထဲ ပျော်နေတာတော့ မဟုတ်ဘူး။
မတွေ့ရတော့လို့ ၀မ်းနည်းနေတာလဲ မဟုတ်ပြန်ဘူး။
ကျွန်တော်နှလုံးသားကို ပြောင်းလဲ နိုင်အောင် ကြိုးစားနေမိတော့တယ်။
အမှတ်တမဲ့လေးဘဲ ဖြစ်ဖြစ် သူမ နဲ့ အပြင်မှာတွေ့တဲ့ အခါ
ကျွန်တော့် နှလုံးသား၊ဦးနှောက် တွေဟာ ဒီအတိုင်းလေးဘဲ ရှိနေပါစေတော့ လို့ သာ.......။



ဒီးဒိုး။
၁၃၊၁၂၊၂၀၁၀။

1 comment:

  1. ရင်တွင်းခံစားချက်လေးကို အားပေးသွားလျှက်
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete