Friday, December 17, 2010

မျှော်လင့်ချက်

ဘယ်ကို သွားရမှာလဲ လို့ မေးတော့မှ
ဘယ်က ခရီးဆက်လာတာပါ လိမ့်လို့ ဆန်းစစ်မိတယ်။
လုံးပန်းနေရတာ ၀မ်းစာတွက်
ဘယ်ကို သွားနေမှန်းမသိတော့ဘူး။

ရှိခြင်း နဲ့ မရှိခြင်း အလွာပါးပါးလေးကို
ဖောက်ထွက်လို့ မရတော့
စိတ်ဓါတ်တွေ ဟာ ကမ္ဘာမြေအောက်ဆီမှာလေ။

သံယောဇဉ်...လား
မမြင်ရလိုသာ တော်တော့တယ်
ချည်နှောင်ထား လိုက်တာများ
နှလုံးသား တစ်ခုလုံး ပေါက်ထွက်မတတ်။

ဘာမှ မသိတဲ့ စိတ်တခုနဲ့
ဘ၀ တစ်ခုကိုရှာကြည့်တော့

ဝမ်းစာ ကိုရှာစရာ မလိုတဲ့အရပ်
ဝမ်းနည်းစရာ မရှိတဲ့ အရပ်
ဝမ်းသာစရာ လဲ မလိုတဲ့ အရပ်
မနာလို၊၀န်တို မှုတွေကင်းတဲ့ အရပ်
မုတိတာလဲ ပွားစရာ မလိုတဲ့ အရပ်
ခိုက်ရန် ဖြစ်ပွားမှု မရှိတဲ့ အရပ်
ချစ်ခြင်းမေတ္တာ လဲ ကင်းတဲ့ အရပ်
လွမ်းဆွေးခြင်း မဲ့တဲ့ အရပ်
နာကျင်ခြင်း ကင်းတဲ့ အရပ်
လိမ်ညာခြင်း တွေကင်းတဲ့ အရပ်
ဘာမှ မရှိတဲ့ အရပ်.............မဟုတ်ဘူး
မရှိတာတောင် မရှိတဲ့ အရပ် မှာ ငါ....။
ငါ လဲ မရှိတဲ့ အရပ်မှာပေါ့။
ဘ၀ ရှိနေချင်တယ်။

ယုံပါ....။
ငါလေ....။
အတ္တမာနတွေ ခွာချ
အဓိပ္ပါယ်ရှိတဲ့ အပြုံးနဲ့
လူတိုင်းကို ပြုံးပြချင်တယ်။

ဒီးဒိုး။
၁၆၊၁၂၊၂၀၁၀။

No comments:

Post a Comment