Thursday, January 6, 2011

မျှော်လင့်ချက်

ချစ်သူ....
မဆုပ်ကိုင်ဝံ့ဘဲနဲ့များ
ငါ့လက်ကို တွဲခဲ့ရက်တယ်။

ညတရေးနိုး အိပ်မက်ဆိုး
နှိပ်စက်တဲ့ ညတွေမှာ
တွဲခဲ့တဲ့ မညီညာ လက်လေးကို တမ်းတမိတယ်။

တခဏကို တဘ၀တွက်လို့
ထင်မှတ်မှားခဲ့တာ
မာယာရှင် ကဝေလက်က စွမ်းလို့လား
ငမိုက်သား ငါကဘဲ ကန်းလို့လား။

ရှိခြင်းနဲ့ မရှိခြင်းမှာ
ဆုပ်ကိုင်မယ့် လက်အစုံမရှိပေမယ့်
တွဲခဲ့တဲ့ လက်တစုံတွက်
ထာဝရပေါ့ ချစ်သူ
တမ်းတနေပါရစေ။



ဒီးဒိုး။
၂၉၊၁၂၊၂၀၁၀။

1 comment:

  1. လက်တက်လာတယ် ညီလေး...ဘ၀အမောတွေကနေ ခဏပြေးထွက်ရအောင် ကဗျာတွေရေးတာ အကောင်းဆုံးပဲ ညီလေးရေ...ဘာပဲဖြစ်ဖြစ် လက်တွေ့ဘ၀ထဲက ခဏဖြစ်ဖြစ် ပြေးထွက်ခွင့်ရတာ အနုပညာပဲ ရှိတာမို့လား...အဆင်ပြေပါစေကွာ...

    ReplyDelete