ပိုင်ဆိုင်တဲ့ ကောင်းကင်ကြီးထဲ
ပဲ့ကြွေသွားတဲ့ ကြယ်လေ တစင်းပေါ့။
ငါရဲ့ မြင့်မိုရ်တောင်ကြီးက
ငြိမ်းချမ်းခြင်းတွေ
သာယာခြင်းတွေ
ကြည်နူးခြင်းတွေ
အားလုံး...အားလုံး
ငါ့အတွက် မဟုတ်တော့တဲ့ အခါ.......။
ငါဟာ ရေကူးကျွမ်းကျင်တဲ့ ဖျံတကောင်ပါ
ပိုင်ဆိုင်တဲ့ ပင်လယ်မှာ ကူးခတ်ခွင့် မရတော့တဲ့ အခါ..။
သာယာတဲ့ တေးသံနဲ့ သီဆိုနေချင်ပေမယ့်
ငါ့ဂီတာ ကြိုးပြတ်နေတဲ့အခါ။
ငါဟာ ထက်မြက်တဲ့ ဒါးလို့ ကိုယ့်ကို ကိုယ်ထင်ပေမယ့်
ပိုင်ရှင်တွက် သုံးမရတဲ့အခါ...။
အမေ..
အဝေးမှာ ရှိတဲ့သား
အနီးနားမှာ ကျွေးမွေးပြုစု
မလုပ်ကျွေးနိုင်တဲ့အခါ..။
ကြင်နာခြင်း မပြုနိုင်တဲ့အခါ..။
အမေ..
အဝေးမှာ ရှိတဲ့သား
အနီးနားမှာ ရီမောပျော်ရွင်အောင် မပြုနိုင်တဲ့အခါ။
ထွက်ကျတဲ့ချွေး မသုတ်ပေးနိုင်တဲ့အခါ။
အမေ..
အဝေးမှာရှိတဲ့သား
သန္ဓေတည်ချိန်ကစ ဒီနေ့ထိ
ကျေးဇူးမဆပ်နိုင်တဲ့အခါ။
ခွင့်လွတ်နားလည်မှုကို
နားမလည်တော့တဲ့ အခါ။
အမေ့ အသံ မကြားယောင်နိုင်တော့တဲ့ အခါ။
အမေ့ မျက်နှာ မမြင်ယောင်နိုင်တော့တဲ့ အခါ။
ခွင့်လွတ်ပါလို့ ဒီရင်ထဲ
လှိုက်ကာ..လှိုက်ကာ
အမေ...
.......အမေ။
အမေ။
ဒီးဒိုး။
၂၃၊၁၀၊၂၀၁၀။
No comments:
Post a Comment