Friday, October 15, 2010

မှန်တဲ့ည

၁။
သောက်လိုက်တာ အေးမြတဲ့ ဘီယာ (ခေါ်) ယမကာ တစ်မျိုးပေါ့။

အေးသွားတယ်လို့ ခံစားရပေမယ့် ရင်တခုလုံး ကို ပူဆင်းသွားတာများ သူမဟုတ်တဲ့ အတိုင်း။

ပင်ကိုက ပူလောင်နေမှတော့ ရင်တစ်ခုလုံး မီးတောက်မတတ်ပါဘဲ။

ခွက်ခြင်းထိခိုက် သံတွေရဲ့ အလယ်မှာ

ပင်ကိုယ်ရောင် မွဲစုတ်စုတ်နဲ့ ချုံပေါ်က သတ္တ၀ါအကြောင်း ပြောနေကြလေရဲ့။

မုတိတာ ဆင်းရဲတာမဟုတ်ဘူး တဲ့...။

သင်ခဲ့ရတဲ့ ပညာနဲ့ ရင်းနှီးခဲ့ရတဲ့ ဘ၀အတွေ့အကြုံ ကို နှမြှောတယ်တဲ့လေ။

မကော်တင်တဲ့ စိုင်ကို အပြစ်မပြောလိုဘူးတဲ့။

ကံကြမ္မာကို မပြောင်းလဲ နိုင်တဲ့ ကိုယ်ကို မကျေနပ်တာ ဆိုဘဲ။

ကျေးဇူးတရား အကြောင်းပြောကြကျေးဆို သူများနှာခေါင်း နဲ့ အသက်ရူတဲ့သူတွေ သိတတ်ဖို့ကောင်းတယ်တဲ့။

အငှားနှာခေါင်းတပ်ပြီး ခပ်မွဲမွဲအရောင်နဲ့ အကောင်က ချုံပေါ်ကနေ မိန့်မိန့်ကြီးထိုင်လို့ အသက်ရူပုံ

ရူနည်းအကြောင်း ပြောကြားနေလေရဲ့။

အသက်ရှင် နေထိုင်ကြတဲ့အခါ ပညာနဲ့ အတွေ့အကြုံထက် ဟိုကပ် ဒီကပ် ဆိတ်“ ”လုပ်တတ်ဖို့

အရေးကြီးဆိုဘဲ။

အဲလိုမှန်းသိရင် နှစ်နှဆယ်လောက် ပညာကို မသင်ခဲ့ပါဘူးတဲ့။

ပြောင်းပြန်ခေတ်မှာ အတည့်တိုင်းသွားလို့ ခရီးမရောက်နိုင်ဘူးတဲ့လေ။

ကွေ့ကောက်တဲ့ မျဉ်းကြောင်း ကို မျဉ်းဖြောင့်အများကြီးဆက်ထားတာ တဲ့။

ဖြောင့်မှန်တယ်လို့ မပြောနဲ့ ကွေ့ကောက်တဲ့ မျဉ်းကြောင်း မရှိဘဲ ဖြစ်တော့မယ်။

အများကို အလင်းပေးတဲ့ နေမင်းကြီးတောင် မျက်စိကန်းနေမှတော့ ပမွားလေးက စောဒကတက်ဖို့ မလိုဘူးတဲ့။

မြေနိမ့်ရာ လှံစိုက်တဲ့..တကယ်ရှိလို့ စကားရှိတာ။ဒီစကား ၂၁ရာစုမှ ပျောက်လို့ ဘယ်ဖြစ်မလဲ။

မျက်နှာကြီးတော့ ဟင်းများများစားရတာပေါ့။


၂။
လေတိုက်စားထားတဲ့ ကျောက်ဆောင်ကို မေးကြည့်တော့ သဲပွင့်လေးတွေရဲ့ ရိုက်ချက်အနာဆုံးဘဲတဲ့။

သူခန္ဒာကိုယ်မှာ ရှိတဲ့ အနာတရတွေဟာ သက်သေဘဲတဲ့လေ။

သစ်ပင်ကြီးက ပြောတယ် သူလို အပွေးအခေါက်ထူအောင်ကြိုးစားတဲ့။

အပွေးအခေါက်ထူအောင် က ကိုယ်လုပ်လိုမရဘူး တတိယ လူတွေလုပ်ပေးလိမ့်မယ်တဲ့။

ဒါပေမယ့် သူကို အသုံးပြုမယ့်သူတွေ က တတိယလူတွေ မဟုတ်ပြန်ဘူးတဲ့။

တတိယလူတွေက သစ်ပင်က ထွက်မယ့် အောက်စီဂျင်ကို ဘဲ ရူရိုက်ရုံ သက်သက်ဘဲတဲ့။

၃။
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး ကလည်း နောက်ဆုံးကြွေလွင့်သွားတာ လေပြေညှင်းလေကြောင့် မဟုတ်ဘဲ

ဇယားကြောင့်တဲ့။

ရှင်းလင်းနေရမယ့် ဇယားတွေလည်း မိုက်ခရိုဆော့ အိတ်ဇယ်(miscrosoft excel)နဲ့ တွေ့မှ

ပိုတောင်နားလည်ရခက်ရောတဲ့။

သူက တခါမှ မသုံးဖူးလို့ ဆိုပြီး ဖြေရှာပါတယ်။

ခြသေ့င်္ကြီး မြက်စားတာ ဟိးုကြာလှပေါ့တဲ့။

မျောက်တွေက လည်းဇတ်တူသားစားတယ် ပြောတော့ အံ့သြတာပေါ့။

၎။
ညီမျှခြင်းဆိုတာ ၁+၁=၂ ကိုပြောတာတဲ့။
ဲ့
၁ က တယောက် နောက် ၁ က လည်း နောက်တယောက်ဘဲ ရတဲ့ အဖြေ၂ က ငါ့လူအတွက်တဲ့။

၂ကတော့ မြက်စားတဲ့ ခြင်္သေကြောင့် ရတာလို့ပြောတာဘဲ။

အမှန်တော့ အဲဒါခြင်္သေ့မဟုတ်ပါဘူးကွာ။

လည်ဂုတ်မှာ အမွေးတစ်မွေးနှစ်မွေး ပေါက်နေတာပါတဲ့။

မျက်မှန် ပါဝါတိုးလိုက်အုန်း။

မျက်လုံးပြူးပြူး သွားကျဲကျဲ နဲ့ကွ။ တခါတလေ ခြင်္သေ့နားမှာ တွေ့ရတတ်ပါတယ်။

ဟာ...မင်းက ဘယ်လိုကြည့်တာလဲကွ...။ဟေ့ကောင် ဒီလိုကြည့် ဒီလိုကြည့်...။

မျက်စိမှိတ်ပြီး ကြည့် တွေ့တယ်မဟုတ်လား ခြသေ့င်္ကြီးပါကွ။

မင်းဟာ စာအုပ်သရဲပြောပြီး ဒေကာနယ်ဂျီ စာအုပ်မဖတ်ဘူးနဲ့တူတယ်။

၅။
ထူးဆန်းတဲ့ ပုံပြင် ခြင်္သေ့ နားမှာ ခစားတဲ့ ယုန်လေးဆီက ခြင်္သေ့ကြီး က ကိုက်ဖို့ အရိုးပြန်တောင်းတယ်တဲ့။

ငါ့အရိုးလေးတော့ ပြန်ပေးပါကွာ လို့ မျက်နှာငယ်လေးနဲ့တဲ့။

မယုံဘူးလို့ ပြောတော့ တကယ်ကြုံခဲ့တာပါကွာ ဆိုပြီးမျက်နှာငယ်လေးနဲ့ဖြေရှာတယ်တဲ့။

အမှန်တော့ ယုန်က အသားစားသတ္တ၀ါမဟုတ် အားလုံးသိ။

၆။
အပြစ်ရှိတဲ့ သူတွေက လိုက်တဲ့သူမရှိ ဘဲပြေးတယ်တဲ့။

ဒါဆို နေ နဲ့ လ လဲ အပြစ်ရှိလို့ဖြစ်မယ်။

တခါတလေ မဟုတ်ဘူး အမြဲမှတ်ထားရမယ့် အကြောင်း က ကိုယ်အပြစ်ရှိရင် သူများကို အပြစ်များများပြောတဲ့။

လူတွေက အပြစ်တင်ခံရမှာ ကြောက်လို့တဲ့။

မကြောက်ဘူးကွ။

မကြောက်ရင်ချမလားတဲ့။

ချမယ်ကွ ဒီမှာတော့ မချဘူး လူများတယ် ဘောလုံးကွင်းမှာ သွားချမယ် တဲ့။

ဟုတ်ပြီ ငါ ဘောလုံးသွားယူလိုက်မယ်တဲ့။

၇။
လူကြမ်းကြီးတွေ မျက်ရည်ကျတာ မတွေ့ဖူးပါဘူး။

လမင်းကြီးကို လွမ်းလို့ပါကွာတဲ့။

မိန်းမတွေ မျက်ရည်ကျတာ ၀မ်းနည်းလို့မဟုတ်ဘူးတဲ့။

မိန်းမတွေ မျက်ရည်ကျတာ နောက်တယောက်ကို ဆွဲဆောင်ဖို့ သူမျက်လုံးတွေကို ဆေးကြောလိုက်တာတဲ့။

ငါ့မျက်ရည်တွေ သာ ပုလဲဖြစ်ရင်တော့ ငါ သန်းကြွယ်သဌေး ဖြစ်ပြီးတဲ့။

လွမ်းလို့ပါကွ တဲ့။

မိန်းမတွေက ချစ်ဖို့ကောင်းပါတယ် တဲ့။

ဒါပေမယ့် ငါတို့ကတော့ မြန်မာမိန်းကလေး ဆိုပြီး အခွင့်အရေးတစ်မျိုး၊နောက် ငါတို့ကတော့ ၂၁ရာစု က

ခေတ်မှီတဲ့ မိန်းကလေး ဆိုပြီး အခွင့်အရေးတစ်မျိုး အခွင့်အရေးနှစ်မျိုး လိုချင်တဲ့ မိန်းမကိုတော့ မုန်းတယ်ကွ တဲ့။

၈။

မိန်းမတွေက ယောက်ကျားတွေကို ချစ်တယ်တဲ့။

ဟုတ်တယ် လက်ဆောင် ပဏပေးနိုင်တဲ့ ယောက်ကျားကို ပိုချစ်တာတဲ့။

မက်ဒေါနား ပြောတာတော့ စိန်လက်စွပ် ပေးနိုင်သူကို ရင်အခုန်ဆုံး အချစ်ဆုံးတဲ့။

မဟုတ်ဘူးကွ မိန်းမတွေ က သူတို့နဲ့ အနီးဆုံးသူကို အချစ်ဆုံးတဲ့။

မှန်တယ်ကွ..တဲ့။

၉။
ငါဆိုတဲ့တောင်ကြီးကို ကျော်လို့မရဘူးတဲ့။

လမ်းသွားတဲ့လမ်းမှာ တောင်ခံလို့ လမ်းမဆုံးဘူးတဲ့။

လမ်းသွားတဲ့လမ်းမှာ တောင်ကမဖယ်ရင် လမ်းက တောင်ကိုပတ်သွားမှာတဲ့

ဒါမှမဟုတ် တောင်ကိုဖောက်သွားမှာတဲ့။

ဒါများကွာ လူကြမ်းကြီး က သွားမယ့်လမ်းက တောင် ဖယ်သွားအောင် ရတြာ ချေမလို့တဲ့။

စကားအကောင်းပြောကွာတဲ့။

ဒီကောင် စကားအကောင်းပြောတာမဟုတ်ဘူး အပြောကောင်းတာတဲ့။

၁၀။
မနက်စောစောထတဲ့ ငှက် ပိုးကောင် များများစားရတယ်တဲ့။

စောစောထတဲ့ ပိုးကောင် ကတော့ ငှက်ရဲ့ အစာ ဖြစ်တယ်တဲ့။

ဒီတော့ မင်းငှက်ဖြစ်တဲ့ခါ စောစောထ၊ ပိုးကောင်ဖြစ်တဲ့ခါ နောက်ကျမှထ တဲ့။

ခုမင်းက ငှက်လား ပိုးကောင်လား တဲ့။

ဂဏန်းတစ်ကောင် က လူတယောက်ကို မင်းလမ်းလျောက်ရင် ငါ့လိုတည့်တည့် လျောက်ပါကွ လို့ ပြောတယ်တဲ့။

ပင်လယ်ကြီးက ကျယ်လိုက်တာ ဆိုတဲ့ အသံကြားလို့ လှည့်ကြည့်တော့ ဖားလေးက သူနေတဲ့

နွားခြေရာခွက်ထဲက ပြောနေတာတဲ့။

မျက်နှာချင်း ဆိုင်လှေလှော်ရင် ခရီးမရောက်ဘူးကွတဲ့။

ဒါဆိုကျောခိုင်းပြီး လှော်ကွာ တဲ့.။

ကဲကဲ အပြောလေးတွေလျော့ လက်ကျန်လေးတွေရှင်းလို့ ပြန်ဖို့ တရက်နီးတဲ့နေ့ဆီကို အိပ်စက်ရင်း ချီတက်စို့ တဲ့။


ချစ်ခြင်းများစွာဖြင့်
ဒီးဒိုး။
၁၀၊၁၀၊၁၀။

No comments:

Post a Comment