Friday, July 23, 2010

အထူထူဘဲ..

တနေ့သော ကွတ်ခိုင်မြို့ရဲ့ ဈေးနေ့။
ဆိုင်လေးကို ခင်းပြီး ၀ယ်သူကို မျှော်ရတာပေါ့။
ဒါနဲ့ ဆိုင်ရှေ့ ကို ကချင် ကောင်လေး သုံးယောက် ရောက်လာတယ်။
သုံးယောက်လုံးက ဗမာစကားကို တော်တော်လေးပြောတတ်ကြတယ်။
သူတို့က ပစ္စည်းဈေး ဟိုမေး၊ဒီမေး ပေါ့။
ကျွန်တော် လည်း အားစိုက်နားထောင်းရင်း ပြန်ဖြေရတာပေါ့။ရောင်းချင်တယ်လေ.။
သူတို့ ထဲ က တယောက်က ဟိုဟာပြပါ၊ဒီဟာပြပါ လို့ ကချင်သံ ၀ဲဝဲ လေးနဲ့ ကျွန်တော်ကို မေးတယ်။
မေးနေတုန်း တနောက်တယောက်က ဈေးမေးနေတဲ့ ကောင်းလေးကို လှမ်းပြောတယ်။
”ဟေ့ရောင် မင်းဗမာ စကားပြောတာ ဖီလဲမဖီဘူး” လို့ ဗမာလို လှမ်းပြောတယ်။
ဒါနဲ့ ကျန်တဲ့တယောက် ကလည်း
”မင်း သူများကို အပြစ်မတင်နဲ့”
”မင်းတို့ နှစ်ယောက်လုံး အထူထူ ဘဲ” တဲ့ ဗျာ...။
ကဲ ဗျာ ဘယ်သူက အပီသဆုံးလဲ ဆိုတာတော့ စာဖတ်သူများဘဲ သိပါလိမ့်မယ်။
ကွတ်ခိုင်မြို့ ရဲ့ တစ်ခုသော ဈေးနေ့ ကပေါ့ ဗျာ...။

No comments:

Post a Comment