Thursday, July 29, 2010

"မ”

မ...
မရင်းနှီးလွန်းပေမယ့် အတွေးထဲနီးလွန်းတယ်။
မခင်လွန်းပေမယ့် သူငယ်ချင်းတွေထက်ပိုတယ်။
မဆိုင်ပေမယ့် သွေးရင်းထက် စေတနာပိုတယ်။
မတွေးပေမယ့် အတွေးထဲရှိနေတတ်တယ်။
မပိုင်ဆိုင်ပေမယ့် သံယောဇဉ်ရှိတယ်။
မနီးပေမယ့် အကြင်နာပိုတယ်။
မ.....
ပြောင်းလဲတတ်တဲ့
လောကအကြောင်း မသိဘူး။
ပြောင်းလဲတတ်တဲ့
မိန်းမတွေအကြောင်း မသိဘူး။
ပြောင်းလဲတတ်တဲ့
မျက်ဝန်းတွေအကြောင်း မသိဘူး။
ပြောင်းလဲတတ်တဲ့
နုတ်ခမ်းလေးတွေ အကြောင်း မသိဘူး။
ပြောင်းလဲတတ်တဲ့
စကားလုံးတွေ အကြောင်း မသိဘူး။
ပြောင်းလဲတတ်တဲ့
”မ” ရဲ့ အကြောင်းလဲ မသိဘူး။

မ...
ယုတ္တိ မရှိဘူးထင်ရင် သွားလိုက်ပါ
ထားသွာစလိုက်ပါ။
ပျော်နေတယ်လို့ ထင်ရင် သွားလိုက်ပါ
ထားသွားလိုက်တော့။
အကြင်နာတွေ ပိုနေမယ် ထင်ရင် ထားသွားလိုက်ပါ။
သွားလိုက်ပါ။


ဒီးဒိုး။
၂၄၊၀၅၊၂၀၁၀။

No comments:

Post a Comment