Wednesday, June 23, 2010

လမင်းငယ် (သို့) ကာမာဒီးရား

အို ”လမင်းငယ်”
ဟိုထက် ကောင်းကင် သာနေလိုက်တာများ
ကိုယ်ပိုင် အလင်းရောင်နဲ့ မဟုတ်ဘူး။

အို ”လမင်းငယ်”
ကြွေကျသွားတဲ့ ကြယ်လေးတွက် ၀မ်းနည်းနေတာများ
ကမ္ဘာမြေ မှောင်လုပေါ့။

အို ”လမင်းငယ်”
ကြယ်ပေါင်းစုံလင်နဲ့ ပျော်နေလိုက်များ
မြင်သူတိုင်း ”တ” ရတဲ့အထိပေါ့။

အို ”ကာမာဒီးရား”
ပြန်မရောက်မယ့် သူတယောက်တွက်
တော်သင့်သူ ရှာပေးပါလား။

အို ”ကာမာဒီးရား”
မတည်ခဲ့တဲ့ဂတိ နဲ့ တပြည်သားမို့
ခွင့်လွတ်ပါလို့ မပြောချင်ဘူး။

အို ”ကာမာဒီးရား”
မှားခဲ့ အပြစ် ရှိခဲ့ရင်ဖြစ်
သူကိုယ်စား
ငါ့ကို သာ
အပြစ်ပေးပါတော့လား။
အို ကာမားဒီးရား။....


”ကာမားဒီးရား” ဆိုသည်မှာ လမင်းကို စောင့်ရှောက်သော နတ်သမီး ကို ခေါ်ဆိုပါသည်။

ဒီးဒိုး။
၂၄၊၀၊၂၀၁၀။

No comments:

Post a Comment