Tuesday, May 4, 2010

နင်....

နင်...ကဝေ ရဲ့  ကိုယ်ပွားလား
လူ့ဘ၀ စိတ်ဓါတ်ခန္ဒာ
ခြောက်ခြားသွားအောင် ပြုစားခဲ့တယ်။

နင်...စုန်းမ ရဲ့  ၀ိညာဉ်လား
လူ့ဘ၀ သိစိတ်မှတ်ညဏ်
ထုံထိုင်းသွားအောင် ခိုင်းစေခဲ့တယ်။

နင်...အမှန်း ရဲ့  စေတမန်လား
လူ့ဘ၀ သွေးသားတခုလုံး
ပြောင်းပြန်လည်အောင် လုပ်ခဲ့ပြန်တယ်။

နင်...မာရ်နတ် ရဲ့  သမီးလား
လူ့ဘ၀ အသက်တချောင်း
ပျောက်ကွယ်သွားအောင် စွမ်းဆောင်ခဲ့တယ်။


ဒီးဒိုး
၀၄၊၀၅၊၂၀၁၀

No comments:

Post a Comment