Tuesday, May 4, 2010

လိုအပ်ချက် (သို့)အမှန်တကယ်

ချစ်သူအတွက် အသက်ပေးလိုက်တာလား......
အမှန်တော့ ချစ်သူ က
မင်းအသက်ရှင်လျက် ဘ၀ရှင်သန်နေတာကို မြင်ချင်တာပါ....။

နိုင်ငံအတွက် အသက်ပေးလိုက်တာလား....
အမှန်တော့ နိုင်ငံ က
မင်းအသက်ရှင်လျက် အလုပ်အကျွေးပြုတာကို ရချင်တာပါ....။

မိဘအတွက် အသက်ပေးလိုက်တာလား....
အမှန်တော့ မိဘ က
မင်းအသက်ရှင်လျက် ကျွေးမွေးပြုစုတာကို လိုချင်တာပါ....။

အပေါင်းအသင်းတွက် အသက်ပေးလိုက်တာလား....
အမှန်တော့ ငါတို့အားလုံး
မင်းအသက်ရှင်လျက် ရီမောဟားတိုက်နေတာကို တွေ့ချင်တာပါ....။

အမှန်တကယ် ဘဲ သူငယ်ချင်း
နှစ်ပေါင်းတထောင် အသက်ရှင်မယ့်
သစ်ပင်ကြီးတပင်ဖြစ်စေချင်တယ်..

ဒါမှလဲ
မင်းရဲ့ 
......ချစ်သူ
......နိုင်ငံ
......မိဘ
......အပေါင်းအသင်း..
အားလုံးအတွက်
အသက်ပေးလောက်တဲ့ထိ
ပေးဆပ်စရာလိုဘူး ဆိုတာ....မင်းသိလိမ့်မယ်။


ဒီးဒိုး..
၃၀၊၀၄၊၂၀၁၀

No comments:

Post a Comment