Thursday, May 13, 2010

ငါး(သို့) ၅ (သို့) ပြန်လမ်းမဲ့

လေး...ပြီးတော့...ငါး
ငါးရဲ့  ဂုဏ်သတ္တိ ထူးခြားမသိ
ဆယ်ဂဏန်းရဲ့  တ၀က်တိတိ။

ငါး....
ပေါင်းလွယ်၊မြှောက်လွယ်လို့
ငါ့ ပါးစပ်၊ မှတ်ညဏ်ထက်
လွယ်ကူစီးမြောခဲ့တဲ့.....ငါး....

ငါး....
ကန်ထဲက ငါး
မမြင်ရတဲ့ ငါး ကိုစိန်ခေါ်လို့
ငါ့ရဲ့  ချိတ်က ငါး ကိုစောင့်တယ်။

ငါး....
ကုန်းပေါ်က ငါး
ချိုမြိန်စကားမှာ သကာနှောလို့
ငါးတို့ရဲ့  ည သန်းခေါင်ထက်နက်တယ်။

ငါး....
သောက်မလား သုံးမလား
ပျော်ရာ ဘုံနန်းဆီ ခေါ်ဆောင်သွားလို့
ေ၀၀ါးစေမယ် အရှိုက်ခက်ချိန်
မင်းရဲ့ ဘ၀ ငါး ခေါ်ဆောင်ရာနောက်
ကောက်ကောက်ပါမယ် ပြန်လမ်းတော့ မဲ့။

ဒီးဒိုး...
၀၆၊၀၅၊၂၀၁၀

No comments:

Post a Comment