Tuesday, May 4, 2010

” ဖြူ ”

” ဖြူ ”
တို့နှစ်ယောက်လျောက်ခဲ့ ဒီလမ်းထက်
ခြေရာတစ်စုံတည်း ကျန်(ရစ်)ခဲ့တယ်...။

” ဖြူ ”
သွေးကြောထဲမှာ လှည့်ပတ်စီးဆင်း
အကောင်းဆုံးတွေ ၀ါး(မြို)ခဲ့တယ်..။

” ဖြူ ”
စိတ်ဓါတ်ခန္ဒာ ဖြေး(ဖြေး) ခြုံး (ခြုံး)ကျ
အသက်ငွေ့မှာ စိုးမိုးခဲ့တယ်..။

” ဖြူ ”
စိတ်မျက်လုံးမှိတ် မှတ်ညဏ်ပိတ်
ခေါ်ရာဘုံနန်း(သို့) ရောက်ခဲ့တယ်..။

” ဖြူ ”
တပ်မက်တောင်းတ ရင်နှင့်(အ)မျှ
ဘ၀တစ်ခုလုံး မင်းပိုင်တယ်..။

” ဖြူ ”
မင်းထားခဲ့ဘ၀ ဒီလိုည
ငါ့အိပ်မက်တို့ ရိုင်းခဲ့တယ်..။

” ဖြူ ”..........
.......” ဖြူ ”....


ဒီးဒိုး
၂၅၊၀၄၊၂၀၁၀

1 comment:

  1. ခံစားချက်တွေကြောင့် ကဗျာက အရောင်တွေတောက်ပနေသလိုပါပဲ . . .

    ReplyDelete