Thursday, April 22, 2010

”ယု”

အနီး၊အဝေးဟာ တို့နှစ်ဦးတွက်
အကွာအဝေး မဟုတ်ဘူး။

အချစ်၊အမုန်းဟာ တို့နှစ်ဦးတွက်
ခံစားချက် မဟုတ်ဘူး။

တမ်းတ၊မျှော်လင့်ခြင်းဟာ တို့နှစ်ဦးတွက်
စောင့်စားစရာမဟုတ်ဘူး။

ရယူ၊ပေးဆပ်ခြင်းဟာ တို့နှစ်ဦးတွက်
တစိမ်းလို မဟုတ်ဘူး။

တိုင်ပင်၊ငြင်းခုန်ခြင်းဟာ တို့နှစ်ဦးတွက်
မီးပွားမဟုတ်ဘူး။

ရင်ထဲ
နှင်း ပွင့်လို အေးမြ၊ဖြူစင်ခြင်းတွေရှိတယ်။

မျက်ဝန်းထဲ
ယု ယခြင်းတွေ ရှိခဲ့တယ်။

စိတ်ထဲ
ယု ယခြင်းတွေ မှတ်ထားတယ်။

ဘ၀ထဲ
မွန် မြတ်တဲ့ သံယောဇဉ် ချည်နှောင်ထားတယ်။

”တကယ်ဘဲ
တို့တတွေ မဆုံနိုင်ခဲ့ကြပြီမို့
အဝေးဆုံးမှာ အချစ်ဆုံး(သူငယ်ချင်း)ဖြစ်
ထာဝရ အမှတ်ရနေ ပါရစေ။”

ဒီးဒိုး။
၂၀၊၀၄၊၂၀၁၀
ကျွန်ုပ်၏ အိပ်မက်ထဲ သို့ အလည်ရောက်ရှိခဲ့သော ချစ်ခင်လေးစားရပါသော သူငယ်ချင်း သို့....

2 comments:

  1. အရမ်းကောင်းတဲ့ ကဗျာတစ်ပုဒ်ပါ ဒီဒိုး ....

    ReplyDelete