Thursday, April 22, 2010

၁၃၊၀၄၊၂၀၁၀ (သို့) ည

အဲဒီည
လ မသာပေမယ့် ကြယ်လေးတွေရှိတယ်။
လေနီ မကြမ်းပေမယ့် လေညှင်းလေးတွေ တိုက်တယ်။

အဲဒီည
အဝေးကြီးကို လှမ်းကြည့်ပေမယ့် အနီးဆုံးလူကိုမမြင်ခဲ့ဘူး။
အစစ်အမှန်ကို တမ်းတပေမယ့် မာယာနဲ့ ကျေနပ်တယ်။

အဲဒီည
မအိပ်စက်ပေမယ့် အိပ်မက် မက်ခဲ့တယ်။
မျက်ရည်နဲ့ အထီးကျန်မှုကို နှစ်သိမ့်ခဲ့တယ်။

အဲဒီည
တိမ်တိုက်ရဲ့ နောက်ကွယ်က လမင်းကိုမျှော်ကြည့်တယ်။
ခါးသီးမှုတွေစားသုံးရင်း ချိုမြိန်ခြင်းတွေ ရှာဖွေတယ်။

အဲဒီည
လွဲမှားခြင်းရဲ့  နောက်ဖက် တိုက်ဆိုင်မှုကို စောင့်စားတယ်။
နောင်တတွေ တသက်လုံးတွက် ရင်ထဲမှာ သိမ်းဆည်းထားခဲ့တယ်။

အဲဒီည
မျဉ်းပြိုင်နှစ်ကြောင်းရဲ့  ဆုံမှတ်ကို စဉ်းစားတယ်။
မပိုင်ဆိုင်နိုင်တော့ တဲ့ မနက်ဖြန်ကို ဆုပ်ကိုင်ဖို့ ကြိုးစားတယ်။


ဖြစ်ချင်ရာတွေ ဖြစ်နေတဲ့ ထဲ
တည်မြဲမှုကို ရှာဖွေရင်း
အဲဒီည ကို ဖြတ်သန်းဖို့
ရင်မှာ...အနှစ်မဲ့ မေတ္တာတွေဘဲ အားကိးုရှိတယ်။

အဲဒီည...
..............အဲဒီည....
......................၁၃၊၀၄၊၂၀၁၀ ညပေါ့။


ဒီးဒိုး...
၁၃၊၀၄၊၂၀၁၀

No comments:

Post a Comment