Wednesday, March 17, 2010

ဇယား..

မင်းဆွဲတဲ့ ဇယားထဲ
ငါဟာ သုည ဆိုတဲ့ နံပါတ်လေးတစ်ခုပေါ့
တန်ဖိုးမရှိ ဘူးဆိုပေမယ့်
မင်းရဲ့ တန်ဖိုးရှိ နံပါတ်တွေ နောက်မှာ
ထည့်ထည့်သုံးရင်း မင်းရဲ့ ဇယား
တန်ဖိုး တက်ခဲ့ပေါ့၊

မင်းရဲ့  အစ်ကို ဇယား မှာ
ငါဟာ ပင့်သက်ရိုက်သံကို
အတင်းမျိုချလို့ အိမ်ပြန်ချိန်တောင် မရှိခဲ့ဘူး။

မင်း ရေးတဲ့ ဇယား မောင်လေးတဲ့လား
မင်းတို့ရောက်ခဲ့ နေရာတစ်ခု
မာကြူရီ မီးတောင် မလင်းနိုင်လို့
မှိတ်တုပ် မီးရောင်အောက်
လှုပ်ခါသွားတဲ့ ခြေလေးချောင်း
ငါ့အတွက်တော့ မထင်နိုင်စရာပါဘဲလေ။

၁၉ရာစုမှာ ဖွားတဲ့ ငါ
၂၀ ရာစုမှာ ကျန်ခဲ့ပြီ
ပေါင်း၊နုတ်၊မြှောက်၊စား
ကျမ်းမကျေ သလို ၂၁ရာစုရဲ့ 
မင်းတို့ရဲ့  ဇယား မပိုင်ခဲ့ဘူး

ပိုင်ဆိုင်တဲ့ ဦးနှောက် ခြောက်ခမ်းမတတ်
စဉ်းစားဘယ်လို ရှိခဲ့ပေမယ့်
မောင်နှမ ဇယားကို အဖြေရှာမထွက်ခဲ့။

၂၁ရာစုရဲ့ ချစ်ဇယား ဟာ
မောင်နှမ ဆိုရင်း အတည်တကျ ဖြစ်ဖို့
ကင်းကင်းကွာကွာ နေလို့ မဖြစ်နိုင်ဘူးလား။

လာပြန်ပြီ အလျော် အစား တဲ့လား...
ဘယ်သူကို လျော် လို့
ဘယ်သူ ဆီက စားမယ်
တွက်ချက်ပေါင်း စုံညီတယ်
အနှစ်ရှိ အချစ်တွေ မလိုဘူး
ဦးသူ စားလို့ အ သူကိုလျှော်မယ်
အကြင်နာတွေမလိုဘူး
ဟိုအဝေးက နုတ်ခမ်းတစုံ
ကြင်နာသူ ကိုမျှော်ရင်း
ဇယားထဲ ကလွင့်ထွက်ချိန်
ဘယ်တော့လဲ
မေး ငေါ့ကာနေ လေရဲ့ ။

သုည ကိုတော့ အလျော်မရှိသလို
အစားလဲမရှိခဲ့ဘူး ဆိုပေမယ့်
နံပါတ်တွေရဲ့  နောက်
ခဏခဏ ကပ်ကပ် သုံးနေလို့
မော ဟိုက်ကာ နေလေရဲ့ ။

လူတိုင်းနဲ့ ရင်ခုန်လို့
ခင်းတဲ့ဇယားထဲ
အချစ် ဟာ အနုတ်ကိုပြနေလို့
နွမ်းလျလှ အမော တွေနဲ့
အိမ်ပြန်ချိန်ကို စောင့်နေလေရဲ့။




ဒီးဒိုး
၁၇၊၀၃၊၂၀၁၀











No comments:

Post a Comment