Tuesday, February 16, 2010

အိပ်မက် လေးရေ............

အိပ်မက် လေးရေ............
အားနာလိုက်တာ...

အမေ့ကို လွမ်းတော့
ငိုချင်းတွေရော
တမ်းတခြင်းတွေပါ
မင်းအပေါ်မှာဘဲ
နားလည်ခြင်းတွေ ရရှိခဲ့တယ်..

ချစ်သူထားသွားလို့ 
ရင်နာမှုတွေရော
လွမ်းဆွေးမှုတွေပါ
မင်းအပေါ် ဘဲ
သွန်သွန်ချ လို့  မဆုံးနိုင် ခဲ့ဘူး..............

ငါ့ ၀န်းကျင်မှာ
နာကျင်ခံစားမှုရော
ခံပြင်းမှုတွေပါ
မင်းသာလျှင်
မျှဝေ ခံ စားပေးခဲ့ ပြန်ရော.........

ငါ့ရဲ့ အတ္တ တွေ
မာန တွေ
ခံစားမှုတွေ
မင်းသာ နားလည်ဆုံးပါ..

တစ်ခါတစ်လေ
မင်းသာ သက်ရှိဖြစ်ခဲ့ ရင် ဆိုတဲ့
အတွေးမျိုး တွေးခဲ့ဘူးပေမယ့်
မင်းကို သက်ရှိမဖြစ်စေချင်ဘူး

ငါယုံကြည်တယ်
မင်းဟာ ငါ့ရဲ. အရင်းနှီးဆုံး
နားလည်မှုတွေနဲ့ 
ငါ့ရင်ကို ချမ်းမြေ့ စေလို့ 

ငါ့ကို မင်းရဲ့  ""အိပ်မက်များ"" ဆီသို.
တုနိုင်းမဲ့ မေတ္တာ နဲ့ 
ကြင်နာစွာ
ခေါ်ဆောင်သွားပါ အုန်း..........

ဒီးဒိုး....
၁၂.၀၂.၁၀

No comments:

Post a Comment