Tuesday, February 16, 2010

အကျင့်..............

ည..မပြောင်းလဲ တဲ့ဒီည
မနေ့ က ည
ဒီနေ့ ည လဲ မပြောင်းလဲ ဘူး
ကြယ် ကြွေတော့မှ
ပြောင်းလဲ သွားမှန်း သိပေမယ့်
ဒီည ကို အရင်တိုင်း မှတ်နေသေးတယ်....

သူ..မပြောင်းလဲ ဘဲ ချစ်မယ့်သူ
မနေ.က သူ
ဒီနေ့ က သူလဲ မပြောင်းလဲဘူး
မင်း နုတ်ခမ်း လှုပ်ခတ်သွားမှ
ပြောင်းလဲ သွားမှန်း သိပေမယ့်
သူ့ ကို အရင်တိုင်း မှတ်နေသေးတယ်......

ပြောင်းလဲ ခြင်းတွေ နဲ့ 
ပြောင်းလဲ သွားခဲ့ ကြပေမယ့်
ခြေသံတွေ ကြားတိုင်း
ရင်မှာ တွယ်တာ ရှင်မလေး လား
အခါခါ မော့ ကြည့်ခဲ့ တဲ့.......
ငါ့ရဲ. အကျင့်တစ်ခုတော့
မပြောင်းမလဲ ရှိနေဆဲ ပါ..........


၁၄.၀၁.၁၀
ဒီးဒိုး..

No comments:

Post a Comment