Monday, February 22, 2010

သူမ ကို ချစ်ပါ သည်။

ကျွန်တော် ဟာ အရမ်းလှတဲ့ မိန်းကလေး၊ခေတ်ဆန်သော မိန်းကလေး တွေကို နှစ်သက်တယ် ကြိုက်တယ်။ ဒါပေမယ့် သူမ ဟာ မလှပါ၊ခေတ်လဲ မဆန်ပါသော်လဲ သူမအား လက်ထပ်ရန် ဘ၀တစ်ခု အတွက် လက်တွဲလျှောက်ရန် ရွေးချယ်ပါသည်။ ကျွန်တော် တွင် သာမန် မိန်းကလေး တစ်ယောက် အနေဖြင့် လက်ထပ်ရန် မဖြစ်နိုင်သော အားနည်းချက် ရှိသော်လည်း သူမသည် ကျွန်တော်အား လက်ထပ်ပါမည် ဟု ဂတိပေးပါသည်။ ကျွန်တော် အား လက်ထပ်ခွင့် ပေးသော သူမအား ကျွန်တော် လွန်စွာ လေးစား ချစ်ခင် မြတ်နိုး ရပါသည်။
သူမ ကို လက်ထပ်ရန်သာ ရည်ရွယ်သဖြင့် သူမ၏ အထိ၊အတွေ့  ကို အတတ်နိုင် ဆုံး ရှောင်ပါသည်။ ထိုသို့ ရှောင်ကြဉ် ရခြင်းမှာလည်း သူမကို မချစ်၍ မဟုတ်ရပါဘဲ မိမိ ကိုယ်ကို မိမိ ယုံကြည်မှု မရှိ၍ ခြင်း၊အထိအတွေ.ကို မရှောင်နိုင်ခြင်း နှင့် ၄င်းတို့ ၏ အကျိုးဆက်ကို သိနေ၍ လဲ ဖြစ်ပါသည်။ ထို့ ထက်ပို၍ သူမကို ကျွန်တော်၏ မျိုးဆက်ကို ပြန့််ပွား ပေးမည့်သူ၊ကျွန်တော် အပေါ် နားလည်မှု အရှိဆုံး သူအဖြစ်လည်းကောင်း၊ကျွန်တော်၏ မိတ်ဆွေ အဖြစ် လက်မထပ်ခင် ချိန်ထိ ဖြူစင်စွာ လေးစား မြတ်နိုးချင်၍ သာဖြစ်ပါသည်။ ဤသည်မှာ ကျွန်တော်၏ မှန်ကန် လိုက်နာခဲ့သော ကျွန်တော်၏ စည်းသာ ဖြစ်ပါသည်။
ကျွန်တော် သည်လဲ ယောက်ကျား ထဲမှ ယောက်ကျားတစ်ယောက် ဖြစ်သည် သာမက အတွေ့ ကို မလွန်ဆန် နိုင်သော သူတယောက်သာ ဖြစ်ပါသည်။ ချစ်သူတို့ သဘာဝ ကြင်နာ ယုယ ခြင်းများ မပေးနိုင်ခြင်းမှာ ကျွန်တော်၏ အားနည်းချက် သာဖြစ်၍ သူမ ကို မချစ်၍ မဟုတ်ရ ပါ။
ချစ်သူတို့ ရှိတတ်သော နေရာများတွင် ကျွန်တော်တို့ ရှိခဲ့ဘူးပါသည်။ကျွန်တော် သည် လူမြင်ကွင်းကို သာရွေးချယ် ခဲ့ပါသည်။ ကျွန်တော် သူမိကို မချစ်၍ ကြင်နာ ခြင်းများ မပေ ချင်၍ မဟုတ်ရပါ ဘဲ မိမိ ကိုယ် မိမိ ယုံကြည်မှု မရှိ၍ သာ ဖြစ်ပါသည်။ ထိုအချိန် ခါ မျိုးတွင် ယောက်ကျားတစ်ယောက်၏ ခံစားချက်၊ သူမအပေါ် တန်ဖိုးထားခြင်းများသည် အမှန်တကယ် လက်ထပ်ရန် ရည်ရွယ်၍ ချစ်ကြသော ယောက်ကျားသားတိုင်း နားလည်နိုင်မည် ဟုမျှော်လင့်ပါ သည်။
မှတ်မိပါသေးသည် ကန်ဘောင်တွင် ထိုင်ရန် သူမ ပြောသော အခါ ချစ်သူတို့ ထိုင်ကြသော ထိုင်ခုံထက် အကြော်ဆိုင် ကို ရွေးချယ်ပါသည်။သူမ သည် သူမကို မချစ်၍ ဟု စောဒက တက်ပါသည်။ အမှန် မှာ ကျွန်တော်သည် မဆုံးနိုင်သော ပူပန် မှု တို့ မလောင်ကျွမ်းချင်သော ကြောင့် သာဖြစ်ပါသည်။ထို့ထက် ပို၍ လက်မထပ်ဖြစ်ခဲ့သော် သူမအား ထိုပူလောင်မှု ထဲတွင် မခံစားစေချင်သော ဆန္ဒ သာဖြစ်ပါသည်။
ရုပ်ရှင်တူကြည့်ခဲ့စဉ်ခါ သူမ ၏ အထိအတွေ့ မခံစား ရ အောင် စောင့်ထိန်းခဲ့ပါသည်။အများ အတွဲ တွေလို ကျွန်တော် လည်း ကြင်နာ ယုယချင်ပါသည်။ သို့သော် ကျွန်တော် သူမအပေါ် စောင့်ထိန်းခဲ့ရ သော ထိုနှစ်နာ ရီသော အချိန်သည် ကျွန်တော် အတွက် နှစ် နှစ်ရာ မျှကြာသည် ဟုထင်ပါသည်။ ကျွန်တော် သည်လည်း အခွင့်အရေး လေးလိုချင်ပါသည် သို့သော် ထိုအခွင့်အရေး ထက် သူမ ကို လေးစားမြတ်နိုးသော စိတ်က ပိုပါသည်။ သူမနှင့်နားလည် မှုလွဲကာ လက်ထပ်မည့် အရေး ပျက်ပြား မည်ကို လွန်စွာ စိုးရိမ် မိသောကြောင့်သာ ဖြစ်ပါသည်။
နောက်ပိုင်းတွင် သူမသည် သူမ၏ ချစ်သူဟောင်း နှင့် ဆက်ဆံ မှုရှိလာပါသည်။ ကျွန်တော် မေးသောအခါတွင် သူငယ်ချင်း အခြင်းခြင်း ကူညီခြင်း ဖြစ်ကြောင်း ဖြေပါသည်။ သူမ၏` ချစ်သူဟောင်းကို သူမ၏ အိမ်တွင် ခဏခဏ တွေ့လာရပါသည်။ ကျွန်တော်၏ ခံစားချက်ကို ဖွင့်မပြောခဲ့ပါ။ ကျွန်တော် လက်ထပ်ရန် ရည်ရွယ်သော သူမ၏ သဘောထား သေးသိမ် ရန်ကောဆိုသော အနေအထားကို မလိုချင်၍ ဖြစ်ပါသည်။ကျွန်တော်၏ ရင်၌ ဖြစ်သော မီးတောက်များ ကို မျိုချကာသာ ထားခဲ့ပါသည်။ တနေ့ သူမနှင့် သူမ၏ သူငယ်ချင်း ဆိုသော သူ(သူမ၏ ချစ်သူဟောင်း) အား ပန်းခြံ တစ်ခု၏ ရှေ့ တွင် တွေ့ခဲ့ရပါသည်။ မိုးပြိုသကဲ့သို့ ခံစားရပါသည်။ ပေါက်ကွဲလွယ်သော၊ ခက်ထန်ကြမ်းတမ်းသော၊ အတ္တကြီးသော၊ တယူသန်ဆန်သော၊ မာနကြီးသော ကျွန်တော် သည် ထိုမြင်ကွင်းအတွက် ပေါက်ကွဲ မထွက်ပါ၊ ခက်ထန် ကြမ်းတမ်းသော အမှုအရာ မပြခဲ့ဘဲ အသက်ရူမှုတို့ ရပ်ဆိုင်းကာ ကြောင်ကြည့်နေခဲ့ပါသည်။ ထင်ပါသည် သူမ အား သာမန် အချစ်ထက် ပို၍သာ ဤ အခြေအနေ ၌ ထိန်းသိမ်းနိုင်ခဲ့ ခြင်းဖြစ်ပါသည်။ နောက် ပိုင်းတွင် သူမနှင့် အခါ အားလျှော်စွာ တွေ့သော်လည်း ကျွန်တော် မူလ ရည်ရွယ် ချက်ဖြစ်သော လက်မထပ်ခင် မကျူလွန်ရေး ကိုသာ ကျွန်တော် ဂရုပြု စောင့်ထိန်းခဲ့ပါသည်။
ကျွန်တော်၏ ပထမဆုံး မှန်ခဲ့သော ခဲ(ဂဲ)မှာ သူငယ်ချင်း သူငယ်ချင်း ဆိုသော သူငယ်ချင်းခဲလုံး ဖြစ်သော ကြောင့် သူမ ဘယ်မျှပင် သူငယ်ချင်းဆိုသော်လဲ ကျွန်တော် မှာ ယုံကြည်နေ နိုင်ခဲ့ ခြင်းမရှိပါ။ ထို့ထက်ပို ၍ သူမ၏ သူငယ် ချင်းဆို သူသည် သူမ၏ ချစ်သူဟောင်း ဖြစ်ခဲ့ဖူးသူ ဖြစ်သောကြောင့် ကျွန်တော် မခံစားနိုင်ခြင်း ဖြစ်ပါသည်။
အချစ်ပေါ်တွင် တစ်ခုတည်းသော အနိုင်ယူခြင်းသည် အချစ်နှင့် ဝေးရာ သို့ ထွက်သွားခြင်း ဖြစ်သည်ဟု ကြားဖူးပါသည်။ ကျွန်တော် ရေခြား မြေခြား ထွက်လာခဲ့ပါသည်။အချစ်ကြောင့် ဘ၀တစ်ခုကို ပြုပြင် ရန် ဆယ်စုနှစ်တစ်ခု ဟူသော အချိန် မရှိတော့သောကြောင့်သာလျှင် ဖြစ်ပါသည်။ သူမ ကို ကျွန်တော် ချစ်ပါသည်။
ကျွန်တော် သည် အတ္တကြီးသော၊ ကိုယ်ချင်းမစာတတ်သော၊ တယူသန်ဆန်သော၊ ထုံထိုင်းသော၊ မာနကြီးသော၊ ခက်ထန်ကြမ်းသော၊ "အ"သော၊ လူမှုရေး နားမလည်သော၊ ခက်ထန်ကြမ်းတမ်းသော သူ ဖြစ်ကြောင်းဝန်ခံ ပါ သည်။ တဆက်တည်းတွင် ကျွန်တော် သည် သူမ ကို လက်ထပ် ရန်သာ ရည်ရွယ် ၍ အခြား မည်သည့် အခွင့်အရေး နှင့် လိုလား တောင့်တ ချက်မရှိကြောင်း ကို လဲ ၀န်ခံ ပါသည်။ ကျွန်တော် သူမ ကို ချစ်ပါ သည်။



ဒီးဒိုး

No comments:

Post a Comment