Saturday, August 16, 2014

အမေ (သို့) တုနှိုင်းမဲ့ မေတ္တာ



လောက၀န် ထမ်းကာပိုးလို့
နွဲ့လျတဲ့ခါး ရှေ့သို့ကိုင်းခိုက်...။

ရင်ဝယ်ဖြစ်သား
တွဲခို ရင်ဝယ်
ကျိုးလုလု အမေ့ခါး
တိုးရ်ျ ချိုးသလို..။

ချိုးပါစေ
ကျိုးပါလေ
အမေ့သား ရင်ဝယ်ခိုခိုက်
နာကျင်မှုဒဏ်
ဘယ်မမြင်သာဘူး
ရွင်ပြုံး မျက်နှာ
ချိုသကာ လောင်းလို့
လ၀န်းကြီး ပမာ
ထိန်ထိန်သာ သလို
အမေ အားလုံး
ကျန်းမာ ချမ်းသာ ကြပါစေ...။

No comments:

Post a Comment