Saturday, August 16, 2014

ဆန့်ကျင်ဖက် ဆီ


တကယ်တော့
မျက်နှာချင်းကပ်
ရင်ခြင်းအပ် လို့
မခွဲခွါ တသက်လုံး ပေါင်းဆည်းဖို့
တို့နှစ်ယောက် ရပ်ခဲ့ကြတာပါဘဲလေ။

ဘယ်သူ တွေးမိမှာလဲ
တို့တွေရဲ့ ခြေထောက်တွေ့
ဝေးကွာဖို့ ဆန့်ကျင့်ဖက် ကို ဦးတည်နေတယ် ဆိုတာကိုလေ...
ခုတော့လဲ
နင်က ရှေ့
ငါက နောက်
တလွဲစီ လျောက်ကြရင်း
ဘ၀ သစ်မှာ ပျော်ဖို့ ကြိုးစားနေကြဆဲပေါ့။

ဒီးဒိုး။၀၀၂၈၁၂၀၈၂၀၁၄။

No comments:

Post a Comment