Saturday, March 2, 2013

ကျွန်တော့်အတွက် တော့ အချစ်ဆိုသည်မှာ...။


ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ မိမိစိတ်ထဲ က သူ ကိုယ့်ကို ချစ်နေပါလား ဆိုတဲ့ အသိလေးတစ်ခုပေါ့။

အဲလိုပါဘဲ ရင်ထဲမှာ သူမနဲ့ ပတ်သက်လို့ တမျိုးတမည် ခံစားပြီး ကိုယ်ကို ကိုယ် ယုံကြည်ခြင်းတွေ ပိုလာတယ်..အရာရာကို ရင်ဆိုင်ဖို့ ခွန်အားတွေ တိုးလာတယ်။
ဒါဟာလည်း အချစ်ပေါ့။

အချစ်ဆိုတာ ခံစားလို့ ရတယ်။

သူ ကိုယ့်ကို ချစ်နေလား မချစ်ဘူးလားဆိုတာ ခံစားလို့ရတယ်။

အဲဒီ ခံစားမှုကို စကားလုံးတွေနဲ့ ဖော်ပြလို့မရဘူး။

ဒါပေမယ့် တကယ်ချစ်လား မချစ်ဘူးလားဆိုတာ ကိုတော့ တကယ်ချစ်ခဲ့ဖူးသူတိုင်း ခံစားလို့ရတယ်။

သူကိုယ့်ကို တကယ် ချစ်လားမချစ်ဘူးလား ဆိုတာကို မိမိ ကိုယ်တိုင် ခံစား သိရှိနိုင်သလို...............မိမိကိုယ်တိုင် သူ့ ကို တကယ်ချစ်လား မချစ်ဘူးလား ဆိုတာကို ခံစားသိရှိနိုင်ပါတယ်။


တခါတလေမှာ ကို ယ်သူ့ကို အချိန်တိုင်း သတိရနေလို့ message ဖြစ်ဖြစ်၊ ဖုန်းဖြစ်ဖြစ်ခေါ်နေတတ်တယ်။

အဲဒီအချိန်မှာ ဟိုဘက် က စာမပြန်တာဘဲ ဖြစ်ဖြစ်၊ ဖုန်းမကိုင်တာဘဲ ဖြစ်ဖြစ် ရှိခဲ့လို့ ကိုယ်စိတ်ထဲမှာ သူက ငါချစ်သလောက်မချစ်ပါဘူးဆိုတဲ့ အတွေးမျိုးဝင်လာခဲ့ ရင် ဒါ အချစ် မဟုတ်တော့ဘူးလို့ ယူဆ တယ်။

အဲဒါက အတ္တနဲ့ တဏာ ဆန်သွားပြီး။

ကိုယ်ပေးဆပ်လိုက်တဲ့ အရာအတွက် တခုခု ကို ပြန်လိုချင်နေလို့ 'ငါချစ်သလို မချစ်ပါဘူး'၊"ငါပြုမူ သလို ဘာမှ တုန့်ပြန်မလားဘူး" ဆိုတဲ့ စိတ်ခံစားမှုမျိုး ခံစားရတာပေါ့။

အချစ်မှာ အဲလိုမျိုး တုန့်ပြန်မှု၊လိုလားမှုတွေ မရှိဘူး။

သူ့ကို ချစ်တယ် ဆိုတာ သူ့ကိုဘဲ ချစ်နေတာကို ဆိုတာပေါ့။

စိတ်ထဲမှာ ပညာ တွေကွာဟနေလို့၊ ဂုဏ်ရှိန်တွေ၊ဘာသာတွေ ခြားနေလို့ ဆိုတဲ့ အတွေးမျိုး။

နောက် သံသယ တခုခု...

သူကို ချစ်မိရင် ငါ့ကို ထားသွားမှာလား။

သူငါ့အပေါ် သစ္စာရှိပါ့မလား။

သူငါ့ အပေါ် အလိုလိုက် အကြိုက်ဆောင်ပေးပါ့မလား။ စတဲ့ အတွေးတွေရှိနေခဲ့ ရင် ဒါ ဟာ ချစ်တာမဟုတ်တော့ဘူး။

အချစ်မှာ အပေးမရှိ သလို၊ ရယူတယ် ဆိုတာလဲ မရှိပါဘူး။

အချစ်ဆိုတာ အပေး၊အယူ ကင်းပြီး ဖြူစင် သန့်ရှင်းလွန်းတယ်။

တကယ်လို့ အဲလိုတခြားခံစားမှုတွေ ပါလာရင် အချစ်မဟုတ်တော့ဘူး။

ပေးဆပ်ခြင်းတွေ၊ရယူ ပိုင်ဆိုင်ခြင်းတွေပါလာရင်၊ဒါတွေက သူ့အတွက် အနစ်နာခံမှု၊မိမိအတွက် လိုချင်တပ်မက် မှု တခုဘဲ ဖြစ်တယ်။ အချစ်မဟုတ်ဘူး.။

နောက် အချစ်မှာ သံသယတွေ မပါဘူး။ ယုံကြည်နေမှု သက်သက်ဘဲ ဖြစ်တယ်။

တခါတလေ ကိုယ်ချစ်တဲ့ သူက တခြားတယောက်နဲ့ သာမာန် တွဲသွား တွဲလာ လုပ်နေတာ ကိုမြင်ခဲ့ရင် ဒါဟာ အမြင် မလွဲဘဲ သူငါ့အပေါ် ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတဲ့ အသိလေးက အချစ်ဘဲပေါ့။

နောက် အချစ်မှာ ဖြူစင်လွန်းတဲ့ စာရွက်လေး တရွက်ပါဘဲ။

ဒါပေမယ့် လူဆိုတာ အတ္တလေးတွေနဲ့ ရှိနေတော့ လိုချင်မှုလေးတွေရှိတတ်တယ်။
ကိုယ်ပိုင်တဲ့ စာရွက်ဖြူဖြူလေးပေါ်မှာ တစုံတယောက်က တခုခု လာပြီးရေးခြစ်ချင်တယ်။
အဲလို လာပြီးရေးခြစ်မှ သူငါ့ကို ဂရုစိုက်ပါလား။ သူငါ့ကို အနစ်နာခံပါလား ဆိုတဲ့ ခံစားမှု ကို အချစ်လို့ ထင်နေတယ်။
အမှန်တော့ အဟုတ်ပါဘူး။
အချစ်က သူဖက်က ဘယ်လိုဘဲ တုန့်ပြန်သည်ဖြစ်စေ၊ မတုန့်ပြန်သည် ဖြစ်စေ သူအတွက် ဆိုတဲ့ အသိလေးဘဲရှိတယ်။
အချစ်ဆို အားလုံးထက် လွတ်လပ်တဲ့ နေရာလေးတခုတခုမှာ တည်ရှိနေတယ်။
အဲဒီနေရာလေးမှာ အမြဲတည်ရှိနေတယ်။
အဲ အချစ် မစစ်တော့ရင်တော့
အတွေးလေးတွေ ၀င်လာတတ်ပြီ။
ငါသူကို အခွင့်အရေး ပေးတာတောင် မယူတတ်ဘူး။
ဒါမှမဟုတ် ငါဒီလောက်သူ့အတွက် လုပ်ပေးနေတာတောင် သူငါ့ကို တုန့်ပြန်မှု မပေးဘူး။ စသည့် အတွေးတွေ ၀င်လာပြီ။
အမှန်တော့ အဲဒါက တစ်ခုကို လိုချင်လို့ တခုပေးတာပါ။ တကယ် အချစ်မဟုတ်ဘူး။
ဒါကို အချစ်လို့ ထင်ယောင်ထင်မှား ဖြစ်နေတတ်ကြတယ်။

ကျွန်တော့်အတွက် ကတော့ သူနဲ့ ကျွန်တော်ရဲ့ ရှေ့ရေးကိုတွေးမယ်။အဲလို တွေးနေရရုံလေးနဲ့ တင် ရင်ထဲမှာ နွေးနွေးလေးခံစားမယ်။ အဲလို နွေးနွေးလေး ခံစားနေရတာကိုက အချစ်ပေါ့။
ကျွန်တော်တွေးနေတဲ့ အချိန်မှာ သူမ ကျွန်တော် အကြောင်း တွေးနေလိမ့်မယ်လို့ လဲ မယုံကြည့်ပါဘူး။
ကျွန်တော့်အကြောင်းမတွေးနေလည်း သူမကို အပြစ်မတင်ပါဘူး။
ကျွန်တော်တို့ တတွေဟာ ဘ၀ တခု တည်ဆောက်ဖို့ တယောက်ကို တယောက် သတိရနေခြင်းတွေကို စွန့်လွတ်ပစ် နေတာဟာ
တယောက်အပေါ် တယောက် ဖောက်လွဲ ဖောက်ပြန်တာထက်တော့ ကြည်နူးစရာကောင်းပါတယ်။

လူတယောက်ဟာ အလုပ်နှစ်ခုကို ဘယ်လိုမှ တချိန်တည်း မလုပ်နိုင်ဘူး။
လုပ်ခဲ့ပြီး ဆိုရင်လည်း လွဲချော်မှုလေးတွေ ရှိလာတော့မယ်။
ဘ၀ တခု တည်ဆောက်ဖို့ အလုပ်တွေကို ကြိုးစား လုပ်ကြတဲ့ အခါမှာ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ ကြုံနိုင်တယ်။
ဒီလိုအချိန်မျိုးမှာ တယောက်နဲ့ တယောက် အချိန်မပေးနိုင်တဲ့ အဖြစ်တွေ ရှိနေနိုင်မှာဘဲ။
ဒါကို ဟိုအရင်လို မဟုတ်တော့ဘူး ဆိုပြီး ပေါက်ကွဲ နေခဲ့မယ် ဆိုရင် ပေါက်ကွဲသူက သာ ရှုံးမှာပါ။
တကယ်တော့ ဘယ်သူမဆို ဟိုအရင်အချိန်လို ဘယ်သူက ဘယ်သူကို ဂရုတစိုက်ရှိနိုင်မှာလဲ။
တပါးသူကို မပြောပါနဲ့ မိမိ ကိုယ် မိမိတောင် မနေ့ က ပျော်အောင် နေခဲ့ သလို ဒီနေ့ ပျော်နေနိုင်ရဲ့လား လို့ ပြန်ဆန်းစစ်ကြည့် သင့်ပါတယ်။
တကယ်ဘဲ သူအချိန်မပေး နိုင်ခဲ့ရင် သူတခုခု အတွက် အချိန်ယူနေရလို့ မတွေ့နိုင်တာ ဆိုတဲ့ အတွေးမျိုး ကလည်း သိပ်ကိုလှပ တဲ့ အချစ်ဘဲပေါ့။

အချစ်ဆိုတာ သူအတွက်လို့ မရည်စူးပေမယ့် သူ့အတွက် ဘဲ အရာရာကို လုပ်ဆောင်ပေးနေမိတယ်။
အဲလို လုပ်ဆောင်ပေးနေရလို့လည်း ပင်ပန်းနွမ်းနယ်ခြင်း မရှိဘူး။
နောက် ကိုယ်လုပ်ဆောင်ပေးခဲ့ ရတဲ့ အတွက်လည်း ဘာတုန့်ပြန်မှုကို မှလိုချင်ခံစားနေမှာ မဟုတ်ဘူး။
နောက်ဆုံး ကုန်ကုန် သူက သတိမထား မိခဲ့ရင်တောင် သူ့အပေါ် နားလည်ပေး နိုင်တာ အချစ်ပေါ့။

အဲလိုပါဘဲ အချစ်ဆိုတာ သူဆီက လုပ်ဆောင်မှုတိုင်း အတွက် အသိအမှတ်ပြုနေမှာပါ။
အဲဒီလို ကိုယ်အတွက် လုပ်ဆောင်မှုလေး တွေ ဆိတ်သုန်းခဲ့ရင်လည်း နားလည်းမှုလေးနဲ့ ကျေနပ်နေမှာပါ။အဲဒါ အချစ်ပါ။

ငါကတော့ သူအတွက် လုပ်ပေးလိုက်ရတာ သူက ငါ့ကို ဘာမှ မတုန့်ပြန်ဘူး ဆိုတဲ့ အတွေးမျိုး..။
သူအရင်လို မဟုတ်တော့ဘူး ဆိုပြီး အပြစ်တွေ ဖို့နေတာက အချစ်မဟုတ်ဘူး။
နောက်ဆုံး အချိန်မှာ ကိုယ့်ကို လက်တွဲဖြုတ်ခဲ့ ရင်တောင် သူရွေးခဲ့တဲ့ သူလမ်းအတွက် ကျေနပ်ပျော်ရွင်နေပြီဆိုရင် ဒါဟာ တကယ် အချစ်စစ်ပါ့။

တကယ်တော့ အချစ်ဆိုတာ အပေး မဟုတ်သလို ရယူခြင်းလည်း မဟုတ်ဘူး။
အချစ်ဆိုတာ သူ့အကြောင်းလေးတွေ ပတ်သက် သမျှ တွေးနေယုံလေးနဲ့တင် စိတ်ကျေနပ် ပျော်၇ွင်နေတာကို အချစ်လို့ တင်စားချင်ပါတယ်။
သူ့ကို ရှေ့မှာထား သူ့ရဲ့ လိုအင်တွေ ဖြည့်ပေးနေရရင်တော့ အတိုင်းထက် အလွန်ပေါ့လေ...။

ဒီးဒိုး။
၁၁၊၁၂၊၁၂။ည၁၀:၂၀။



No comments:

Post a Comment