Friday, July 27, 2012

အားအင်မဲ့ ဆုတောင်း။

သခင်ဘုရား
သခင်ရွေးချယ် ၁၂ပါး တပည့်တော်မှာ အချိုဆုံးနုတ်ခမ်း အနမ်းနဲ့ သခင်နောက်ကျောကို ဓါးနဲ့ ထိုးသူ
ယုဒရှကာရှတ် ကို အပြစ်မယူ ခွင့်လွတ်နိုင်ခဲ့တယ် ဆိုရင်ဖြစ်....။

အကျွန်ပ် ရွေးချယ်ခဲ့သော တဦးတယောက် သည် အချိုဆုံးနုတ်ခမ်းနဲ့ အကျွန်ုပ် နောက်ကျောကို
ဓါးနဲ့ ထိုးမဲ့သူ အတွက် ခွင့်လွတ်သည်းခံ နိုင်ခြင်းတရား ပေးတော်မူပါ။

နွမ်းလျညှိုးငယ်လို့ လျောက်လှမ်းဖို့ အားအင်တောင် မရှိတဲ့ အခါ သခင်ဘုရား စွန့်ပစ်သွားပြီးလားဆိုတဲ့
သံသယစိတ်ကို ပယ်ရှားလျက် အကျွန်ုပ် အား ထမ်းပိုးထားသော သခင်အားတွေ့မြင်ခွင့်ပေးတော်မူပါ။

အို ဘုရားသခင် အကျွန်ုပ် ညဏ်မမှီ နိုင်သော သခင်ဘုရားဧ။် အကျွန်ုပ်အတွက် စီစဉ်မှု များကို
သံယနှင့် စိုးရိမ်စိတ်များကို ဖယ်ရှားတော်မူပါ။

သခင် လူတွေသတ်မှတ်ထားတဲ့ ပညတ်ချက်တွေကြားမှာ အကျွန်ုပ် တို့သည် ကွဲပြားနေကြပါသည်။
ထိုကွဲပြား ခြားနားမှုတွေကြားမှာ ချစ်ခြင်းမေတ္တာ တခုတည်းနှင့် သခင်ဘုရားဉ် ပေါင်းစည်းနိုင်ခြင်းကို
သခင်ဘုရားလမ်းပြတော်မူပါ။

သခင်ဘုရား ထိုလမ်းသည် အကျွန်ုပ်အတွက် ခက်ခဲကြမ်းတမ်းသော လမ်းဖြစ်ပါက သခင်ဘုရားဧ။်
ရွေလက်တော်ကို ဆုပ်ကိုင် ခံစားနိုင်ခွင့်ကို ပေးသနားတော်မှုပါ။

စိတ်ပျက် အားငယ် လွယ်သော အကျွန်ုပ်အား သခင်ဘုရားဉ် ခိုင်မြဲနိုင်ခွင့်ကို ပေးပါ။
သခင်ဘုရားနှင့်လွဲနိုင်သော မနက်ဖြန်ကို စောင့်မျော်ခွင့်ကို အကျွန်ုပ်အား မပေးပါနှင့်။
သေမင်းရဲ့ ခံတွင်းသို့ ၀င်ရန် အကျွန်ုပ်အား အဆင်သင့်ဖြစ်စေမူပါ။
ထိုသေခြင်းဉ် အဆုံးသတ်ပြီးနောက် အကျွန်ုပ် အား အသက်ပေးချစ်တော်မူသော သခင်ဘုရားဉ် ဘုန်းတော် ၀င်စားနိုင်သော အခွင့်ကို ပေးသနားတော်မူပါ။

ထိုအရပ် ဉ် ကျွန်ုပ် ချစ်ခင်သော သူတို့သည် အကျွန်ုပ်ကို စွန့်ခွာ သွားကြလေပြီ။
ထိုအရပ် ဉ် ကျွန်ုပ် မြတ်နိုးသော သူတို့သည် အကျွန်ုပ်ကို ဆဲဆိုကြလေပြီ။
ထိုအရပ် ဉ် ကျွန်ုပ် လေးစားသော သူတို့သည် အကျွန်ုပ်ကို မထီမဲ့မြင် ပြုကြလေပြီ။
ထိုအရပ် သည် အကျွန်ုပ်အတွက် နေချင်စရာ မဟုတ်တော့ပြီ။
ထိုအရပ် ကို မုန်းတီးရ်ျ သခင်ဘုရားဉ် ချစ်ခင် ကြင်နာခြင်းကို ရရှိပါစေ။

သခင်ဘုရား သခင်ပေးသနားတော်မူသော လောကလူ့ဘောင်ဉ် အထီးကျန်ခြင်း ဝေဒနာ သည် ချိုမြိန်လှပါသည်။ သခင်ဘုရား နှင့် ပိုမိုနီးကပ်လာစေခြင်းအလို့ငှါ ထို ဝေဒနာကို သက်ဆုံးတိုင် ခံစားလိုပါဧ။်

သခင်ဘုရား အကျွန်ုပ် မြတ်နိုးသော သူတို့ဧ။် အကျွန်ုပ်အား ဆဲဆိုရ်ျ ခံပြင်းခြင်း ဝေးနာတို့သည်
သာယာလှပါသည်။ထိုခံပြင်းခြင်းများနှင့်အတူ သခင်ဘုရားဉ် အကျွန်ုပ် ငိုကြွေးခွင့် အသနားခံခြင်းကို
သခင် အလိုရှိတော်မူမည် ဟု ယုံကြည်ပါသည်။

တပါးသူတို့ဧ။် မထီမဲ့မြင်ပြု မှုကို လှစ်လျူ မရူ့ပါဘဲ သခင်ဘုရားဉ် ကျွန်ုပ်သည် ခွင့်လွတ်နိုင်ခြင်းသည် သခင်ဘုရား အလိုတော်ရှိတော်မူ လိမ့်မည် ဟုမျော်လင့်ပါသည်။

အို အကျွန်ုပ်ကို လမ်းပြတော်မူသော အရှင် ထိုသူတို့ ဧ။် သာယာ နာပျော်ဘွယ် စကားလုံးများအောက်
အကျွန်ုပ် လဲကျ မသွားနိုင်အောင် ခွန်အားပေးပါ။

သခင် ကျွန်ုပ် နားမလည်နိုင်သော ထိုသူတို့၏ မာယာများဉ် အကျွန်ုပ်၏ စောင့်မျှော်နေခွင့်ကို ရုတ်သိမ်းတော်မူပါ။
ထိုသူတို့ သည် အကျွန်ုပ်ကို လှည့်စားရ်ျ အကျွန်ုပ်အဖြစ် ရူးသွပ်ခြင်းအဖြစ်ကို လှောင်ရယ်တော်မူလေပြီ။
သခင် ထိုရူးသွပ်ခြင်းကို အကျွန်ုပ်သည် ချိုမြန်စွာ လက်ခံရ်ျ သခင်ဘုရားဉ် သာ ရူးသွပ်ခွင့်ကိုပေးတော်မူပါ။

ထိုအရာအားလုံးတို့သည် အကျွန်ုပ်၏ လိုအင်ဆန္ဒသာဖြစ် ရ်ျ အကျွန်ုပ်ဉ် ဖြစ်စေသော သခင်၏အကြံအစည်တော်ကို လက်ခံနိုင်အောင်ခွန်အားပေးတော်မူပါ။
ငြိမ်သက်ခြင်းကို ပေးသနားပါ။
ယုံကြည် ခြင်း ကို လမ်းပြတော်မူပါ။
သခင်ဘုရားဉ်သာ မျော်လင့်ခြင်းအခွင့် ပေးတော်မူပါ။
သခင်ဘုရား၏ နာမတော်မြတ်ကို အမှီပြုရ်ျ ဆုတောင်းပါသည်။

အာမင်။

ဒီးဒိုး။
၂၇၊၀၇၊၂၀၁၂။




































1 comment:

  1. This comment has been removed by the author.

    ReplyDelete