Tuesday, April 24, 2012

ဆုတောင်း။


စားမယ့်ထမင်း မှာ
သားငါးမပါဘူး။
ဟင်းရွက်စိမ်းနဲ့
လွန်နှစ်သက်တဲ့ ပဲပုပ်
ဝေးကွာနေခဲ့ပေါ့။

ဦးခေါင်းကိုငုံ့
မျက်လုံးမှိတ်လို့
လက်အုပ်ချီကာ
ဘုရားရှင်ထံ
သူဆုတောင်းသည်
မနက်ဖြန် စားမယ့်
ထမင်းတလုပ်တွက် မဟုတ်ဘူး။
ဒီနေ့၊ယခု
စားရတဲ့ အစာအတွက်
ကျေးဇူးတော် ချီးမွမ်း
ဆုတောင်းခြင်းသာ ဖြစ်တယ်။

ဒီနေ့ အသက်တာထိ
အသက်ရှင်နေခွင့်အတွက် 
ကျေးဇူးတော်ချီမွမ်း
ဟာလေလုယာ သီချင်းဆိုမယ်။

ဟိုမှာ နတ်ဆိုး စာတန်
နောက်ယှက်ခြင်းကို
တွန်းလှန်လို့ အသက်ရှင်ကျန်နေသေးတဲ့
ဘိုး၊ဘွား ညီနောင်များတွက်
ကျေးဇူးတော်ချီမွမ်း
ဆုတောင်းမယ်။

သေမင်းတမန်တွေကြား
ပန်းမွေ့ရာလား
ကူးလူးအိပ်စက်
တို့လူမျိုးတွေကို ကာကွယ်နေတဲ့
ဂျိမ်းဖေါ ၀န်ပေါင်
သူရဲကောင်းတွေတွက်
ကျေးဇူးတော် ချီးမွမ်း
ဆုတောင်းမယ်။

ဧရာဝတီ မြစ်ကြီး
တားဆီမဲ့စွာ စီးဆင်းပါစေ။

ငြိမ်ချမ်းတဲ့ တောင်ပေါ်မြေ
ယမ်းငွေ့ပျယ် လို့
မြူခိုးတွေ ကြွယ်ပါစေ။

မဆိုင်သူကို နှိပ်စက်
ရက်စက်ကြမ်းတမ်း သူများ
ကိုယ်ချင်းစာ တရားရပါစေ။

နောက်ဆုံး အဖြစ်သနှစ်နဲ့
အပျက်ပျက် နှာခေါင်းသွေးထွက်
ဘယ်သူအပြစ် မဆိုပါဘူး
ဘုရားသခင်
အလိုတော်ရှိလျင်
ချစ်သော ဂျိမ်းဖေါတို့မြေ ငြိမ်းချမ်းပါစေ။

သို့သာ်
အကျွန်ပ် ဆုတောင်းအားလုံးသည်
အကျွန်ပ် လိုအင်မဖြစ်ပါစေနှင့်
ဘုရားရှင်
အလိုတိုင်းသာ ဖြစ်ပါစေသောဝ်။

အာမင်။



ဒီးဒိုး
၂၄၊၀၄၊၂၀၁၂။


No comments:

Post a Comment