Sunday, April 24, 2011

ရှေ့ဆက်ခွင့်။

ကြင်သူရေ...

ပျော်မယ်ဆို

ယုံကြည်စွာသာလှမ်းခဲ့

နွေကန္ကာ ခရီးကြမ်းမှာ

နှလုံးသားကို ထီးလုပ်မိုးလို့

မင်းတကိုယ်စာ အေးချမ်းရပါစေမယ်.................။


ကြင်သူရေ....

ပျော်တယ်ဆို

သံသယတစ်ခုလောက် ပစ်သွင်း

အပြစ်တွေအမျိုးမျိုးပြလို့

ရိုင်းဆိုင်းစွာ မောင်းထုတ်ဖို့မလို

လက်ပြနုတ်ဆက်တာနဲ့

တို့ တယောက်တည်း သွားမှာပါကွယ်...။


ကြင်သူရေ.............

ပျော်မယ် ဆို လာခဲ့တော့။

ပျော်တယ်ဆို နေခဲ့တော့။

ဆုံးဖြတ်ပိုင်ခွင့်က မင်းဆီမှာသာ

တို့တွက်တော့ မျှော်လင့်ရင်း

အိမ်မက်လေးကို ဆက်မက်ခွင့်ပေးပါ။


ဒီးဒိုး။

............................

No comments:

Post a Comment