ကြွေလေတဲ့ပန်း
ထိုပန်းခရေ
မြေ၀ယ်ဆင်းသက်
သင်းပျံထုံသော်
လိုချင်သူပေါများ
ယုယမြတ်နိုး
ကောက်ယူ သိမ်းဆည်း ကြပြန်တယ်။
အများထဲ က
အကျွန် ကျွန်ုပ်
လိုချင်သော်ငြား
အေးစက် လက်အစုံ
ဟင်းလင်း ဘ၀ထဲ
ပန်းခရေ လေး
ရနံ့ ပျက်ပျယ်
စိုးရိမ် ကြောင့်ကျ
နွမ်းလျှစိတ်နဲ့
ကောက်ယူခွင့်တောင် ရုပ်သိမ်းခဲ့ပါသည်။
ဒီးဒိုး၊ ၂၇၊၀၃၊၂၀၁၁။
No comments:
Post a Comment