Friday, December 3, 2010

ပန်းတပွင့်မှပေးသော သင်ခန်းစာ။


ပန်းတပွင့်ရဲ့ သင်ခန်းစာ။

ငါထင်တယ်...ငါထင်တယ်...။ ဒီလိုဖြစ်လာမယ်ဆိုတာ ကို ငါထင်တယ်။
များသောအားဖြစ် ဒီလိုစကားတွေ ဟာ ကိုမဖြစ်ချင်တာ ဖြစ်လာတဲ့ အခါ သုံးလေ့သုံးထရှိတာပါဘဲ။
ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာရင်တော့ ငါ့အိမ်မက်တွေ ဖြစ်လာပြီ။
ကြိုးစားသမျှတွေ အရာထင်လာပြီလို့ ပြောကြပြန်ရော။
အမှန်တော့ အထင်ဆိုတာ အမှန်တကယ် မဟုတ်သေးတာ၊မဟုတ်တာပါဘဲ။
လက်တွေ့ဘ၀ မှာလည်း အထင်နဲ့ လုံးဝ ကွဲပြားနေတာတွေ ရှိတယ်။
အထင်ဆိုတာ သံသယနဲ့ ဆက်စပ်နေမယ်လို့ ထင်ပါတယ်။

ကျွန်တော်ရဲ့ ဟိုသွားဒီသွားတတ်တဲ့ အကျင့်ကြောင့် ဒီအပင်လေးနဲ့ ပတ်သက်ခဲ့ရတယ်။
ဘယ်လိုခေါ်လည်းတော့ နာမည်မသိပါဘူး။
ကန္ကာရဲ့ နေရာတစ်ခုမှာ ပင်စည် သေးသေးမှာ အရွက်လေး တရွက်နှစ်ရွက် ရှိနေတော့ အံ့သြတာပေါ့။
လူတွေ တောင် အသက်ရှင်ဖို့ ခက်တဲ့နေရာမှာ အဲဒီအပင်လေးကို တွေ့တော့ အပင်လေးရဲ့ အသက်ရှင်သန်မှုကို အထင်ကြီးနေမိတယ်။
အပင်လေးရှိတဲ့နေရာမှာလည်း တခြားဘာ အပင်မှ မရှိဘူးလေ။
ဒါနဲ့ဘဲ အပင်လေးကို တူးပြီး ကျွန်တော် အခန်းထဲကို ယူလာပြီး အိုးလေးနဲ့ စိုက်ထားလိုက်တယ်။
ရသမျှ မြေကြီးနဲ့ သဲကို ရောပြီးအိုးလေးထဲထည့်ပြီးစိုက်ထားတာလေ။
မြေကြီးဆိုလို့ ဒီကန္ကာရမှာက မြန်မာနိုင်ငံမှာလို မြေကြီးမရှိဘူး။
ထုံးကျောက်မုန့်လိုလို ဟာတွေကို သဲနဲ့ရောလိုက်တာပေါ့။

မနက်တခါ ညနေပိုင်းတခါ ရေမှန်မှန်လောင်းပေးရင်းက အပင်လေးကြီးထွားလာတယ်။
အခက်အလက်လေးတွေ ထွက်လာပြီး အရွက်လေးတွေလည်း အများကြီးထွက်လာတယ်။
ဒီနှစ်က ဒီနိုင်ငံမှာ နှစ်လေးဆယ်အတွင်း အပူဆုံးလို့ သက်ဆိုင်ရာကနေ ကြေငြာတယ်။
တော်တော်လေးကို ပူပါတယ်။ အပြင်ထွက်ရင်ဖြစ် တကိုယ်လုံးကို ဖုံးကာထားရတယ်။
ဟိုအရင်တုန်းက ဒီန္ကာရက လူတွေ ၀တ်ရုံကြီးတွေနဲ့ ဆိုတော့ ပိုပူမှာဘဲလို့ ထင်ခဲ့မိတယ်။
ခုတော့ ကိုယ်တိုင်ရောက်လာမှဘဲ အပူ၏ဒဏ်ခံနိုင်အောင် ၀တ်ရုံကြီးတွေဝတ်ပြီး အပူဒဏ်ကို ကာကွယ်မှန်း သိတော့တယ်။
အထင်နဲ့ တကယ်လက်တွေ့ ရဲ့ ကွဲလွဲချက်လေးပေါ့။
အပြင်မှာ မီးနဲ့ ဟတ်သလိုပူလောင်တော့ ကျွန်တော် အပင်လေးအတွက် စိုးရိမ်ပြီး အလုပ်သွားတိုင်း အပင်လေးကို အခန်းထဲထည့်ထားခဲ့တယ်။
အချိန်ကြာလာတာနဲ့ အမျှ အပင်လေးက တော်တော်လေးထွားလာတွေ့ရတယ်။
ပြီးတော့ ဒီအပင်လေး က ပန်းပွင့်လိမ့်မယ်လို့ ဘယ်တော့ခါမှ မထင်ခဲ့ဘူး။
ဒီတော့ အပင်လေးကြီးလာတယ်၊အရွက်လေးတွေ ဝေလာတာကို ကြည့်ပြီး ကြည်နူးနေခဲ့ရတာပေါ့။
ဒီလိုကြည်နူးမှုမျိုးက အပင်စိုက်ဖူးသူတိုင်သိလိမ့်မယ်။
မထိရက်၊မကိုင်ရက်နဲ့ တစိမ့်စိမ့်ကြည့်လိုက်နဲ့ပေါ့။
အပင်လေးကို ရေလောင်းလိုက်၊မြေဆွပေးလိုက်နဲ့ နေလာလိုက်တာ ဆောင်းတွင်ရောက်ခဲ့ပြီလေ။

အေးတဲ့ရာသီရောက်လို့ တနေ့တော့ အပင်လေးကို အခန်းထဲမထည့်ဘဲ အပြင်မှာဘဲ ထားလိုက်တယ်။
နေ့လည် ထမင်းစားပြန်လာတော့ အပင်လေးက အနီရောင်ပန်းပွင့်လေး ပွင့်နေတာတွေ့ရတယ်လေ။
ဘယ်အချိန်ကတည်း ကပွင့်ခြင်နေမှန်း မသိပါဘူး။ ပွင့်တာကလည်း တပွင့်တည်းရယ်။
ရင်ထဲမှာကြည်နူးခြင်းတွေနဲ့ အပင်လေးနဲ့ ပန်းလေးကို အချိန်တော်တော် ကြာတဲ့ထိ ကြည့်နေမိတယ်။
ပြီးတော့ ကိုယ်လိုမှ မထင်ထားတဲ့ ပန်းလေးကို ပွင့်ပေးခဲ့ပြီ။
ကျွန်တော် ထင်ခဲ့တဲ့ အထင်ဟာလည်း မှားခဲ့ပြီ။
ဒါနဲ့ ဘဲ ပန်းအိုးလေးရော ပန်းပွင့်လေးကိုပါ အပြင်မှာဘဲ ထားလိုက်တယ်။
ပြီတော့ ကျွန်တော် အလုပ်ပြန်သွားတာပေါ့။

အဲဒီနေ့ က အလုပ်မပြီးခင်ကတည်းက အခန်းကိုပြန်ချင်မိတယ်။
ပန်းပွင့်လေးကို ကြည့်ချင်တဲ့ဆန္ဒကဘယ်လိုမှ ထိန်းမရ ဖြစ်နေလို့ပေါ့။
ဒီလိုနဲ့ အခန်းကို ပြန်ရောက်တော့ နေကွယ်ချိန်ဖြစ်နေပြီ။
အခန်းရှေ့ရောက်တယ်ဆိုရင်ဘဲ ပန်းအိုးထဲမှာ ပန်းပွင့်လေးကို မတွေ့ရတော့ဘူး။
စိတ်ထဲမှာ ထောင်းကနဲဖြစ်သွားပြီးဒေါသက အရင် ကျွန်တော်ကို တိုက်ခိုက်တယ်။
ပန်းပင်လေးကို သေချာချာ ကြည့်တယ်။
ပန်းပွင့်လေးကို ခူးထားတဲ့ အရာလည်း မတွေ့ရပါဘူး။
ဒါနဲ့ဘဲ အနီးနားမှာရှိတဲ့ လူတွေကို လိုက်မေးတယ်။ဘယ်သူ ခူးသွားတာလဲပေါ့။
ဒေါသထွက်တာလည်း အသားတွေတောင်တုန်လာတယ်။တရားခံက ရှာမရဘူး။
ဘယ်လိုဘဲ ဖြစ်ဖြစ် တယောက်ယောက်က ခူးသွားလို့ ပန်းလေးကမရှိတော့တာပေါ့။
ကျွန်တော်စိတ်ထဲမှာလည်း အဲလိုဘဲ ထင်မှတ်နေတယ်။
ဘယ်သူကတော့ ခူးသွားတာဖြစ်နိုင်တယ် ဆိုပြီး သံသယတွေ ၀င်လာတယ်။

ကျွန်တော်စိတ်ထဲမှာလည်း တေးမှတ်ထားတယ် နောက်တခါပွင့်ရင်တော့ အခန်းထဲထည့်ခဲ့မယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်။
ပန်းအိုးကိုတော့ အပြင်မှာဘဲထားတယ်။
နောက်နေ့ မနက် အလုပ်သွားခါနီးကျတော့ ပန်းအိုးကို ကြည့်မိတယ်။
ပန်းအဖူးလေးတစ်ခုကို တွေ့ရပြန်ရော။ပန်းဖူးလေးကို တွေ့တော့ မနေ့ က ဒေါသတွေ ဘယ်ရောက်သွားမှန်းမသိပါဘူး။
ဒီတခါတော့ ဘယ်သူခူးလဲဆိုတာ သေချာသိအောင်လုပ်မယ်ဆိုပြီး ပန်းအိုးလေးကို အပြင်မှာဘဲထားခဲ့တယ်။
နေ့လည် ထမင်းစားပြီးပြန်လာတော့ ပန်းပွင့်လေး က အစွမ်းကုန်ပွင့်ပြီ လှနေလိုက်တာ။
ပန်းပွင့်လေးကို မြင်တယ်ဆိုရင်ဘဲ လက်နဲ့ တောင်သေချာ ကိုင်ကြည့်နေမိတာ။
ပြီးတော့ ပန်းပွင့် လေးကို ဘယ်သူခူးတာလဲသိချင်လို့ အပြင်မှာဘဲ ထားခဲ့ဖို့ ဆုံးဖြတ်လိုက်တယ်။
ပန်းပွင့်လေးကို သေချာကိုင်ကြည့်ပြီးတော့ အလုပ်ကို သွားခဲ့တယ်။

အဲဒီနေ့လည်က အလုပ်ကို ဖြောင့်အောင်မလုပ်နိုင်ပါဘူး။
စိတ်က ပန်းပွင့်လေးဆီမှာဘဲ ရောက်နေတာ။
ညနေအလုပ်ဆင်းချိန်ရောက်လာတော့ အခန်းကို မြန်ဆုံးပြန်လာခဲ့တယ်။
အခန်းရောက်ခါနီး အဝေးကနေဘဲ ပန်းအိုးလေးဆီ လှမ်းကြည့်လိုက်တယ်။
ပန်းပွင့်လေးကို မတွေ့ရပါဘူး။စိတ်ထဲမှာတော့ ဝေးနေလို့ မတွေ့ရတာဘဲ ထင်နေတာလေ။
တစစနဲ့ နီးလာတော့ အမှန်တကယ်ပါဘဲ ပန်းပွင့်လေးက ပန်းအိုးထဲမှာမရှိတော့ဘူး။
စိတ်က အလိုလို နေရင်းတိုလာတယ်။ပန်းပင်ကိုလည်းသေချာပြန်ကြည့်ကြည့်နေမိတယ်။
အမှန်တကယ်ဘဲ ပန်းပွင့်လေးမရှိတော့ပါဘူး။
စိတ်ထဲမှာလည်း တောင်ထင်မြောက်ထင် ထင်နေမိတယ်။

ဒီလိုနဲ့ လကုန်ရက် အလုပ်နားတဲ့ သောကြာနေ့မှာတော့ မနက်ထထ ခြင်း ပန်းအိုးလေးကို အပြင်ထုတ်ထားလိုက်တယ်။
အပြင်ထုတ်ချိန်တုန်းက ပန်းအိုးလေးမှာ ပန်းပွင့်မရှိဘူး။ သိပ်ကို သေချာတယ်မရှိဘူးဆိုတာ။
အမှုမဲ့ အမှတ်မဲ့လေးဘဲ ပန်းအိုးကို အပြင်မှာထားပြီး မနက်စာ သွားစားတယ်။
မနက်စာ စားပြီးတော့လည်း သူငယ်ချင်းတွေနဲ့ စကားကောင်းနေတာနဲ့ အခန်းကို ချက်ခြင်း မပြန်ဖြစ်ခဲ့ဘူး။
အခန်းကို ပြန်ရောက်တော့ နံနက် ၈နာရီ ကျော်ကျော်လေးပေါ့။
ပန်းအိုးမှာလည်း ပန်းလေးတပွင့် ပွင့်ဖို့ အားယူနေတယ်။အာရုံလေး အာနေတာ။
အရမ်းကို အံ့သြသွားတယ်။ မနက်က အခန်းပြင်ကို ပန်းအိုးထုတ်တုန်းက ပန်းပွင့်လေးမရှိဘူးလေ။
ဒါနဲ့ဘဲ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီးအရိပ်တနေရာကနေ စောင့်ကြည်နေမိတယ်။
နေမြင့်လာတာနဲ့အမျှ ပန်းလေးပွင့်လာလိုက် အစွမ်းကုန်ပါဘဲ။
ကျွန်တော်လည်း တချိန်လုံး စောင့်ကြည့်နေလိုက်တာ နေလည်စာ စားပြီးတော့လည်း ပန်းပွင့်လေးက အလှဆုံးပွင့်နေလိုက်တာလေ။
နေလည်နေ့ခင်း တရေးတမောလောက် မှေးလိုက်တာ ညနေပိုင်း ၄နာရီလောက်မှ နိုးတော့တယ်။
နိုးနိုးခြင်း ပန်းပွင့်လေးဆီကို အပြေးလေးသွားကြည့်မိတယ်။
နေ့လည် က အစွမ်းကုန်လှနေတဲ့ ပန်းပွင့်လေးက ခုတော့ ပြန်ငုံသွားတာတွေ့ရတယ်။
အဲဒီအခါမှ သဘောပေါက်မိတော့တယ်။
ဒီပန်းလေးက ကန္ကာရမှာ အသက်ရှင်တဲ့ ပန်းလေ။
နေရောင်ခြည် ပြင်းပြင်းပူချိန်မှ အစွမ်းကုန် ပွင့်မှာ။
နေရောင်ခြည် ငြိုးသွားရင် ပန်းပွင့်လေးလည်း အလိုလို ငြိုးသွားတာ သဘာဝလေ။
ကျွန်တော်မှာတော့ နားမလည်မှုတွေနဲ့ နေပူမှာစိုးလို့ အခန်းထဲ ထည့်ထည့်သိမ်းထားမိတဲ့ အဖြစ်ကို ပြန်တွေးမိတိုင်း ၀မ်းနည်းနေမိတယ်။
ကိုယ်ကတော့ ပူဒဏ်ခံရမှာ စိုးလို့ ဆိုပြီး အခန်းထဲ ထည့်သွားပေမယ့် ပန်းပွင့်လေး တကယ်လိုအပ်တာက အဒီအပူတွေဘဲလေ။
နေရောင်ကွယ်ချိန်မှာ ပန်းပွင့်လေး ပြန်ငုံသွားတာကို ဘယ်သူများခူးလည်းဆိုပြီး ဒေါသထွက်မိတဲ့ အဖြစ်ကို တွေးမိတော့ ရှက်မိပါတယ်။
အမှန်တကယ်တော့ ကျွန်တော်သည် သာ ပန်းပွင့်လေးတွေအကြောင်း ဘာမျှမသိသေးသူသာဖြစ်တယ်။

ဒါတွေကို ဆက်စပ်ပြီးတွေးမိတဲ့ အတွေးတစ်ခုကတော့။
ကျွန်တော်တို့တွေဟာ ကိုယ်အတွေး၊ကိုယ်ခံစားဖူး တာလေးနဲ့ သူတပါးကို အထင်တမျိုးရောက်နေကြတယ် ဆိုတာကိုပါ။
အမှန်တော့ ကျွန်တော်တို့ တွေးတာတွေဟာ အမှန်တကယ်မဟုတ်ဘူးဆိုတာကို လက်ခံရတော့မယ်။
တကယ်လိုများ ကျွန်တော်တို့ အတွေးအထင်ဟာ လွဲချော်နေခဲ့မယ်။
အဲဒီအတွေးအထင် အတွက် တစ်ခုခု လုပ်ခဲ့မယ်ဆိုရင် မတွေးရဲစရာပါဘဲလေ။
သူငယ်ချင်းတယောက်ရဲ့ လုပ်ရပ်ကိုကြည့်ပြီး ကိုယ်အထင် အတိုင်း သူငယ်ချင်းကို ဆက်ဆံမယ်ဆိုရင် တွေးထင်သူက ဘာမှမဖြစ်ပေမယ့်ခံရသူကတော့ နှစ်နာနိုင်စရာ အကြောင်းရှိတာပေါ့။
ဘယ်လိုဘဲဖြစ်ဖြစ် စိတ်ကြိုက်တွေးထင်နိုင်ပါတယ်။ ဒါပေမယ့် သူတပါးနှစ်နာ ထိခိုက်လောက်အောင် တော့ဗျာ။
ကိုယ်တွေးထင်သလိုမဟုတ် လို့ ဒီသူငယ်ချင်းမပေါင်းတော့ဘူး လို့ ဆုံးဖြတ်ခဲ့ရင် ကျွန်တော်မှာ သူငယ်ချင်းပေါင်းများစွာ ဆုံးရူံးရတော့မှာ။
ကိုယ့်အထင်ကို မှန်နေတယ်လို့ ယူဆပြီး ဒီချစ်သူကို စွန့်ပစ်ခဲ့ရင် ကျွန်တော်တို့ ရဲ့ အကောင်းဆုံးဘ၀ အဖော်တွေ ဆုံးရူံးသွားရတော့မယ်။
ကျွန်တော်ကတော့ အထင်တစ်ခုတည်းနဲ့တော့ မဆုံးဖြတ်တော့ဘူး မခံစားတော့ဘူး။

ကမ္ကာကျော်လူသားတွေရဲ့ အထင်တောင်မှားတာဆိုတော့ သာမန်လူသားတွေရဲ့ အထင်ကတော့ ပြောစရာမလိုတော့ဘူးပေါ့။
ရိုက်ညီနောင် ကို သိကြပါလိမ့်မယ်။
၁၉၀၂ ခုနှစ်မှာ ၀ီလ်ဘာရိုက် က “ကျွန်တော့် အစ်ကိုဖြစ်သူကို နောင်နှစ်ငါးဆယ်ထိ လူတွေ လေမှာပျံဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောခဲ့တယ်”။
ဒါပေမယ့် သူတို့ထင်တာ မှားနေကြောင်း နောက်သူတို့ ကိုယ်တိုင် သိလာရတာပေါ့။

၁၉၁၁လောက်မှာ ပထမကမ္ဘာစစ်အတွင်း မဟာစစ်သေနာမတိ ဖြစ်လာမယ့်သူ ပြင်သစ်ဗိုလ်ချုပ်ကြီး ဖာဒီနန်ဖော့ခ်ျ ဆိုသူ ကတော့
“လေယာဉ်ပျံတွေဟာ စိတ်ဝင်စားစရာကောင်း တော့ကောင်းပါရဲ့။ကစားစရာ အရုပ်တွေလိုပေါ့။စစ်တိုက်ဖို့ရာကျတော့ အသုံးမ၀င်ပါဘူး”
သူ့အတွေး၊သူအထင် ကို ထုတ်ဖော်ပြောဖူးတယ်။ ဒီအတွေး၊အထင် လည်းမှားတာပါဘဲလေ။
ဒီနေ့ခေတ်မှာ လေယာဉ်ပျံဟာ စစ်တိုက်ရာမှာ အသုံးအ၀င်ဆုံးပေါ့။

၁၉၃၃ မှာ ဟစ်တလာ အာဏာရလာတော့ ဟစ်တလာဟာ စစ်တိုက်မယ့် လူစားမဟုတ်ပါဘူးတဲ့။ကျုပ်သိပါတယ်တဲ့။ကျုပ်ပြောရင် မမှားပါဘူးတဲ့။
ဗြိတိသျှ ၀န်ကြီးချုပ်တက်လုပ်နေသူ ရဲ့ ခန့်မှန်းချက်ပေါ့။သာမန် မန်နေဂျာ အဆင့်လောက်လူက ခန့်မှန်းတွေးထင်တာ မဟုတ်ဘူးနော်။
နောက် ၁၉၃၄ ခုနှစ်လောက်တုန်းက ဗြိတိသျှ ၀န်ကြီးချုပ် လွိုက်ဂျော့ ဆိုသူ က အသူ့အတွေး နဲ့ အထင်ကို ထုတ်ဖော်ပြောတာက
“ကျုပ်ပြောတာ ယုံကြစမ်းပါ။ဂျာမနီက ဘယ်တော့မှ စစ်ကြေငြာမှာ မဟုတ်ပါဘူး။”
လုံးဝမှား သွားတဲ့ ခန့်မှန်းထင်မြင်ချက်ပါ။
ကမ္ဘာမှာ ဟစ်တလာ ဘယ်လို စစ်တိုက်ခဲ့တယ် ဆိုတာ သိကြမယ်ထင်ပါတယ်။

ဂျပန်ရေတပ်က ပစိဖိတ် သမုဒ္ဒရာမှာရှိတဲ့ အမေရိကန်ရေတပ်ကို အလစ်ဝင်တိုက်နိုင်မှာ မဟုတ်ဘူးလို့ ခန့်မှန်းတာ ရေတပ်ဝန်ကြီးပေါ့။
အကြောင်းပြချက်ကလည်း သူတို့ ပိုင်ဆိုင်တဲ့ ရေဒီယိုနဲ့ ကြိုတင်အသိပေး စနစ်ကြောင့်လို့ လုံးဝကို ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့လေ။
ဂျပန်တွေလာရင် သူတို့ရဲ့ စနစ်ကြောင့် သူတို့ ကြိုသိနိုင်မယ်လို့ ထင်ခဲ့တာလေ။
၁၉၂၂ မှာ တွက်ခဲ့ ထင်ခဲ့တာ ပေါ့။
ဒါပေမယ့် ၁၉၄၂ ပုလဲဆိပ်ကမ်းကို ဂျပန်တို့ အလစ်ဝင်တိုက်လို့ စိစိညက်ညက်ကြေခဲ့ဖူးတယ်။

၂၀ရာစုမှာရော ၊၁၁ ကို မှတ်မိကြအုန်းမယ်။လုံခြုံရေး စနစ်ကောင်းမွန်တဲ့ အမေရိကန် က ဝေါထရိတ်စင်တာ ပြိုကျသွားလိမ့်မယ် လို့ ဘယ်သူထင်မှာလဲ။
ဒါပေမယ့် ဝေါထရိတ်စင်တာ ခုမရှိတော့ဘူး။ ၂၀ရာစုမှာရော အထင်၊ခန့်မှန်းချက် တွေဟာ မှားယွင်းနိုင်ပါသေးတယ်။

စစ်ရေးခန့်မှန်း တာတွေဘဲ လွဲသလား ဆိုတော့ မဟုတ်ပါဘူး။

ကျွန်တော်ဂီတာတီး သီချင်းဆိုတိုင်း မတီးမဆို မရမနေနိုင်အောင် ဖြစ်ရတဲ့အဆိုတော် က စိုင်းထီးဆိုင်ပေါ့။
စိုင်းထီးဆိုင် ရဲ့ သီးချင်းတွေဟာ အားလုံးခပ်ဆင်ဆင်ဘဲ၊ဂီတာကွက် လေးငါးကွက်ပိုင်ရင် တီးလို့ရပြီ။ကြာရင်ငြီးငွေ့သွားမှာလို့ ထင်ခဲ့တဲ့ ထဲမှာတေးထုတ်လုပ်ရေး ဆရာကြီးတွေတောင် ပါတယ်တဲ့။ ဒါပေမယ့် လူငယ်တွေရဲ့ကြား ဒီနေ့ထိ ကြားနေရတာ စိုင်းထီးဆိုင်ရဲ့ သီးချင်းတွေပါဘဲ။

ဘီလ်တယ် ဆိုတဲ့ ဂီတ၀ိုင်းကို ဒ္ဒကာ ဆိုတဲ့ တေးထုတ်လုပ်ရေးက ဘယ်လိုထင်ပြီး တေးထုတ်လုပ်ဖို့ ငြင်းပယ်ခဲ့ဆိုရင်
“သူတို့သီချင်းတွေက ဆူညံတယ်။မကြိုက်ဘူး။ဂစ်တာ တဂွမ်ဂွမ်ခေတ်က ကုန်ပြီဗျ” ဆိုပြီး ဘီလ်တယ် ၀ိုင်းကို တေးထုတ်လုပ်ဖို့ ငြင်းခဲ့တာလေ။”
ဒါပေမယ့် ဒီနေ့ထိ ခေတ်မကုန်သေးတာ ဘီလ်တယ် သီချင်းပေါ့။

ဒီလိုပါဘဲ
စကော့လူမျိုး သချာင်္ပညာရှင်၊ရူပဗေ၏ဒ ပညာရှင် “လော့၏ဒ်ကလ်ဗင်” ဆိုသူ ခန့်မှန်းတာကတော့ “နောင်အနာဂါတ် ကာလမှာ ရေဒီယိုအတွက် နေရာမရှိဘူးတဲ့”
၁၈၉၇ လောက် က သူ့အထင်ပေါ့။ရေဒီယို ဘယ်လောက်အရေးပါလဲဆိုတာ ဒီနေ့လူတိုင်း သိပါတယ်။
ထို့အတူ ဘဏ်လုပ်ငန်းရှင်ကြီးတွေ ရဲ့ အထင်၊ခန့်မှန်း ချက် မှားယွင်းမှုတွေ၊
တော်လှ ပါတယ်ဆိုတဲ့ ဆရာဝန်ကြီးတွေရဲ့ ခန့်မှန်းချက်၊အထင်မှားယွင်းမှုတွေ မရေမတွက်နိုင်အောင်ပါဘဲ။

ကျွန်တော်တို့ အားလုံးဟာ သာမန်လူသားတွေပါဘဲလေ။
ကျွန်တော်တို့ အထင်၊ခန့်မှန်းချက်တွေနဲ့ သံသယတွေကို ပြန်လည်လို့ စဉ်းစား ကြရအောင်လား။

ကိုယ်အထင်နဲ့ ကိုယ်ဟာကို ဆုံးဖြတ်ပြီး စွန့်လွတ်ခဲ့တဲ့၊ဆုံးရှံးသွားတဲ့ သူငယ်ချင်း ဘယ်နှယောက်ရှိပြီလဲ။
ကိုယ်အထင် မှန်တယ်လို့ ယူဆပြီး ကိုယ့်လမ်းကို လျှောက်ခဲ့ကြလို့ ချစ်သူတွေ ဘယ်နှတွဲ ကွဲခဲ့ကြပြီလဲ။
အထင်၊ခန့်မှန်းချက်၊သံသယ တွေဟာ အမှန်တကယ်ဖြစ်နိုင်တာနဲ့ (သို့)အမှန်တကယ်ဖြစ်လာနိုင်တာနဲ့ လုံးလုံးကြီး ဆန့်ကျင် (သို့) အနည်းငယ် လွဲနေပါလိမ့်မယ်။
အထင်၊ခန့်မှန်းချက်၊သံသယ တွေဟာ အမှန်တကယ်မဟုတ်ဘူး ဆိုတာ သိဖို့လိုပါတယ်။
အထင်၊ခန့်မှန်းချက်၊သံသယ တွေကြောင့် သူငယ်ချင်းကောင်းတယောက်(သို့) ဘ၀လက်တွဲဖော် မဆုံးရှံးပါစေနဲ့လို့သာ။


ချစ်ခြင်းများစွာဖြစ်
ဒီးဒိုး။
၁၁၊၁၁၊၂၀၁၀။




ကိုယ်ထင်သလိုဖြစ်လာတာတွေလည်း ရှိမှာပါဘဲ။
ကျွန်တော့ သိထားသလောက်ဝေငှခြင်းနဲ့
အထင်၊ခန့်မှန်း လိုက်လို့ မှားသွားတဲ့အခါ ဆုံးရှံးမှုတွေ မခံစားစေချင်သော ဆန္ဒတစ်ခုတည်းသာ ရှိပါကြောင်း။

No comments:

Post a Comment